Main Office & new branches Grand Opening
Press Release
မြန်မာ့ခရီးသွားဘဏ်လီမိတက်(ရုံးချုပ်) နှင့် (ရုံးချုပ်) ဘဏ်ခွဲ (တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ရွှေတောင်တန်း၊ ယုဇနပလာဇာ၊ ပြည်လမ်းဘဏ်ခွဲ) ဖွင့်ပွဲ အခမ်းအနား ကို ရန်ကုန်တိုင်းဒေသကြီး ၊
၂ဝ၂၃ခုနှစ်၊ မေလ၊ ၁၁ရက်၊ တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ စီးပွားရေးကဏ္ဍတွင် ပြည်သူများနှင့်အတူ တစ်ဖက်တစ်လမ်းမှ ပံ့ပိုကူညီပေးလျက်ရှိသော မြန်မာ့ခရီးသွားဘဏ်သည် မြန်မာ့ခရီးသွားဘဏ်လီမိတတ် (ရုံးချုပ်)နှင့် (ရုံးချုပ်)ဘဏ်ခွဲ (တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ရွှေတောင်တန်း၊ ယုဇနပလာဇာ၊ ပြည်လမ်းဘဏ်ခွဲ)တို့ကို တပြိုက်နက်တည်းဖွင့်လှစ်ကာ ဘဏ်ဝန်ဆောင်မှု များအား စတင်ဆောင်ရွက်ပေးနေပြီဖြစ်ပါသည်။ အခမ်းအနားတွင် ကြွရောက်လာသော ဧည့်သည်တော်ကြီးများအား နဝရတ်ကိုးပါးမင်္ဂလာအကဖြင့် ကြိုဆိုနှုတ်ဆက်ကပြဖျော်ဖြေခဲ့ပြီး မင်္ဂလာအချိန် ကျရောက်သည့်အခါသမယတွင် မြန်မာ့ခရီးသွားဘဏ်လီမိတက်၏ ဥက္ကဋ္ဌကြီးဦးရန်ဝင်း နှင့်တကွ ဖိတ်ကြားထားသော လူကြီးမင်းများမှ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် ဥက္ကဋ္ဌကြီး ဦးရန်ဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဧည့်သည်တော်ကြီးများနှင့်အတူ မြန်မာ့ခရီးသွားဘဏ် လီမိတက်(ရုံးချုပ်) အဝင်တံခါးဝသို့ ရွှေရည်၊ ငွေရည်ပတ်ဖြန်းကာ ရုံးခန်းအတွင်းရှိ လုပ်ငန်းဌာနများသို့ ဝင်ရောက်လေ့လာကြည့်ရှုခဲ့ကြပါသည်။ အခမ်းအနားသို့ ကြွရောက်လာသော ဧည့်သည်တော်ကြီးများအား မြန်မာ့ခရီးသွားဘဏ်မှ နံနက်စာဖြင့်တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပြီး အမှတ်တရဓာတ်ပုံများရိုက်ကူးကာ မြန်မာ့ခရီးသွားဘဏ်လီမိတက်(ရုံးချုပ်) နှင့် (ရုံးချုပ်) ဘဏ်ခွဲ (တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ရွှေတောင်တန်း၊ ယုဇနပလာဇာ၊ ပြည်လမ်းဘဏ်ခွဲ) ဖွင့်ပွဲအခမ်းအနားအား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။ လက်ရှိတွင် မြန်မာ့ခရီးသွားဘဏ်သည် ရန်ကုန်၊မန္တလေး၊ နေပြည်တော်၊ တောင်ကြီး ၊ မုံရွာ ၊ မူဆယ် နှင့် မြဝတီမြို့များတွင် လည်း ဘဏ်ခွဲများဖွင့်လှစ်ပြီး ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ ယခုအခါ မြန်မာ့ခရီးသွားဘဏ်ရုံးချုပ်(ဆူးလေ)နှင့် အခြားဘဏ်ခွဲ များတွင်လည်း ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု များဖြစ်သော ငွေသွင်းခြင်း၊ငွေထုတ်ခြင်း၊ငွေလွှဲခြင်း၊ စာရင်းသစ် ဖွင့်လှစ်ခြင်း ၊ Mobile banking ၊ debit card နှင့် ချေးငွေဆိုင်ရာကိစ္စရပ်များ ဝန်ဆောင်မှုပေးလျက်ရှိပြီး ရွှေဂုံတိုင်မြို့နယ်ရှိ International Banking Department တွင်လည်း ဆိုင်ရာဘဏ်လုပ်ငန်း နိုင်ငံတကာနှင့်ချိတ်ဆက်ပြီး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာ့ခရီးသွားဘဏ်အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော ငွေကြေးမူဝါဒဆိုင်ရာ (Monetary Policy)များကို အောင်မြင်စေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်၍ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍအသီးသီး ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတတ်စေရန် အထူးသဖြင့် မြန်မာ့ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတတ်ပြီး တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီရန်အတွက် ချေးငွေဝန်ဆောင်မှုအသစ်များကိုဖန်တီးပြီး ငွေကြေးထောက်ပံ့မူများ ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ ခရီးသွားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတတ်စေရန်အတွက် ကူညီပံ့ပိုးဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ့ခရီးသွားဘဏ်အကြောင်း အကျဉ်းဖော်ပြချက် ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းများလုပ်ဆောင်ရန်လိုင်စင်ရရှိခဲ့သော ပုဂ္ဂလိကဘဏ်များထဲမှ တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်းများနှင့် SME များအား အထောက်အကူပြုပြီး ဆိုင်ရာအခန်းကဏ္ဍမှ ပါဝင်ကာ နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် အလေးထားသော မြန်မာ့ခရီးသွားဘဏ်သည် လက်ရှိတွင် ဘဏ်ခွဲ (၁၇)ခုဖြင့် မိဘပြည်သူများအား ဘဏ်လုပ်ငန်းဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ ထို့အပြင်ဘဏ်လုပ်ငန်းများအတွက် အဆင်ပြေလွယ်ကူစေရန် ထုတ်ကုန်အသစ်များအပါအဝင် retail နှင့် corporate banking များကိုပါ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးစားလျက်ရှိသည်။ အခြား သတင်းအချက်အလက်များ ထပ်မံသိရှိလိုပါက မြန်မာ့ခရီးသွားဘဏ်၏ viber channel အား join ထား၍သော်လည်းကောင်း ၊ https://www.facebook.com/MyanmaTourismBankတွင် လည်းကောင်း ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။