BAMAR – THAI Trade Fair 2023
ထိုင်း – မြန်မာ နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး အရှိန်အဟုန် ပိုမိုမြင့်မားစေရန်
ရည်ရွယ်ချက်ဖြင့် UMBEEA မှ ကြီးမှုးကျင်းပသော BAMAR – THAI Trade Fair 2023 ကို ၀၃၊ ဂျူလိုင်လ၊၂၀၂၃(တနင်္လာနေ့) တွင် Junction City Promotion Area မှာပြုလုပ် ကျင်းပခဲ့ပါသည်။
ထိုင်းနိုင်ငံဖက်မှ ကုမ္ပဏီတိုက်ရိုက် လာရောက် မိတ်ဆက်/ပြသ/ရောင်းချသော ထုတ်ကုန်များမှာ Cosmetic အမျိုးမျိုး, Goat Milk Products များ, Birds Nest, Honey, Noodles, Perfume, Automotive disc brake, Supplements, Herbal, Sweet Tamarind, Eye Lab Progressive Experts(မျက်ကပ်မှန်အမျိုးမျိုး), စားသောက်ကုန်အမျိုးမျိုး ဖြစ်ပြီး
မြန်မာနိုင်ငံဖက်မှ လာဘ်တံခွန် စိန်ရွှေကျောက်မျက်ရတနာဆိုင်၊ လက်ခတ်သံမြန်မာ့လုံချည်အမျိုးမျိုး၊ Apex မြန်မာ့တွင်းထွက်များ၊ ရှု့ရှု့ယဉ်ပုံတော်ဖိနပ်များ၊ လွှမ်းမိုးသူမှ အိတ်အမျိုးမျိုး၊ ရွှေ ပေါ်မြတင်ဆန်/ဆီ၊ Aung Wood မြန်မာ့လက်မှု့၊ ဇီဝမင်းတိုင်းရင်ဆေးအမျိုးမျိုး၊ လာဘ်ပိုးအိမ်သဘာဝထုတ်ကုန်၊ ရွှေပဲဆီသန့်၊ မျိုးမြန်မာမင်း Tour, A1 groups of Companies, Wyne International Company, အရမ်းကြိုက် စားသောက်ကုန်ဖြန်ချီရေး စသည်တို့မှ နိုင်ငံတွင်း ထွက်ကုန်များကို တိုက်ရိုက် လာရောက် ပြသပေးခြင်းဖြစ်ပါသည်။
BAMAR – THAI Trade Fair 2023 (UMBEEA) ပွဲ Financial Partner Bank အဖြစ် Myanma Tourism Bank မှလည်း ပါဝင် ဆင် နွှဲ ခဲ့ပြီး MTB Bank ၏ International Foreign Banking, International Trade Financial service များ.၊ AUTO LOAN , Mobile Banking, MPU Debit ကဒ်၊ ချေးငွေ ဝန်ဆောင်မှု အသစ်များကို ပွဲအတွင်း တက်ရောက်သူများကို မိတ်ဆက်ပြသပေးခဲ့ပါသည် ။
#Bamar_Thai_TradeFair2023 #Myanmatourismbank #MTBBank