MOU – MTB & MTTA
မြန်မာ့ခရီးသွားဘဏ်(Myanma Tourism Bank – MTB) နှင့် မြန်မာနိုင်ငံခရီးသွားသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း(MTTA)တို့ နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးခြင်း
ရန်ကုန်၊ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် – မြန်မာ့ခရီးသွားဘဏ်( Myanma Tourism Bank – MTB) နှင့် မြန်မာနိုင်ငံခရီးသွားသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း (MTTA)တို့သည် အနာဂတ်လုပ်ငန်းများဆိုင်ရာနာလည်မှုစာချွန်လွှာ (MOU)တွင် လက်မှတ်ရေးထိုးကြောင်းကြေငြာခဲ့ပါသည်။
မြန်မာ့ခရီးသွားဘဏ်အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသောငွေကြေးမူဝါဒဆိုင်ရာ (Monetary Policy)များကိုအောင်မြင်စေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်များနှင့်အညီအကောင်းအထည်ဖော်ဆောင်ရွက်၍ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတတ်စေရေးအားတစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီရန်အတွက် ပြည်တွင်းပြည်ပခရီးသွားသယ်ယူပို့ဆောင်ရေးကဏ္ဍပိုမိုဖွံ့ဖြိုးစေရေးအားကူညီပံ့ပိုးဆောင်ရွက်ပေးရန် ရည်ရွယ်ပါသည်။
မြန်မာနိုင်ငံခရီးသွားသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းအနေဖြင့် ယင်းတို့၏ အသင်းဝင်ကုမ္ပဏီများ၏ ကျဆင်းလျက်ရှိသောပြည်တွင်းပြည်ပခရီးသွားများသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် မြန်မာ့ခရီးသွားဘဏ်၏ ငွေကြေးအထောက်အပံ့များရရှိခြင်းဖြင့် ကုမ္ပဏီများ၏ ဆက်လက်ရပ်တည်မှုကိုပိုမိုခိုင်မာစေရန်နှင့် နိုင်ငံ၏ခရီးသွားကဏ္ဍကိုပိုမိုတိုးတတ်လာစေရန် ဖြစ်ပါသည်။
မြန်မာ့ခရီးသွားဘဏ်အကြောင်းအကျဉ်းဖော်ပြချက်
၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းများလုပ်ဆောင်ရန်လိုင်စင်ရရှိခဲ့သောပုဂ္ဂလိကဘဏ်များထဲမှ တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံရှိခရီသွားလုပ်ငန်းများနှင့် smeများအားအထောက်အကူပြုပြီးဆိုင်ရာအခန်းကဏ္ဍမှ ပါဝင်ကာနိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် အလေးထားသောမြန်မာ့ခရီးသွားဘဏ်သည် လက်ရှိတွင် ဘဏ်ခွဲ (၆)ခုဖြင့် မိဘပြည်သူများအားဘဏ်လုပ်ငန်းဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ ထို့အပြင်ဘဏ်လုပ်ငန်းများအတွက် အဆင်ပြေလွယ်ကူစေရန် ထုတ်ကုန်အသစ်များအပါအဝင် retail နှင့် corporate banking များကိုပါ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးစားလျက်ရှိသည်။ အခြားသတင်းအချက်အလက်များထပ်မံသိရှိလိုပါကhttps://www.facebook.com/MyanmaTourismBankတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
မြန်မာနိုင်ငံခရီးသွားသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းအကြောင်း အကျဉ်းဖော်ပြချက်
မြန်မာနိုင်ငံခရီးသွားသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းအား၂၀၁၁ခုနှစ်၊ ဧပြီလတွင်စတင်ဖွဲ့စီးခဲ့ပြီး၂၀၁၆ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် မြန်မာနိုင်ငံခရီးသွာသယ်ယူပို့ဆောင်ရေးကဏ္ဍအားပိုမိုတိုးတတ်ပြီးနိုင်ငံတစ်ကာအဆင့်မှီဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ အလုပ်အမှုဆောင်များပြန်လည်ရွေးချယ်ပြီးအသင်းလုပ်ငန်းများဆောင်ရွက်ကာ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ ၁၈ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့မှ ပေးအပ်သောပြည်တွင်းအသင်းအဖွဲ့ မှတ်ပုံတင်လက်မှတ်ရရှိခဲ့ပါသည်။အခြားသတင်းအချက်အလက်များထပ်မံသိရှိလိုပါကhttps://www.facebook.com/ygn.mttaတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။