
နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်မှုနှင့်အတူ စီးပွားရေးအလားအလာကောင်းများ မြှင့်တင်ကြိုးပမ်းလျက် တီထွင်ဆန်းသစ်သော ဘဏ္ဍာရေးဆိုင်ရာနည်းလမ်းများ၊ နည်းပညာအခြေပြုဝန်ဆောင်မှုများဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းကဏ္ဍများ၌ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ကြိုးပမ်းဆောင်ရွက်သည့် ထိပ်တန်းငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုဖြစ်ရန်။
ကျွန်ုပ်တို့ဘဏ်နှင့် ကပ်စတန်မာများ၊ ဝန်ထမ်းများနှင့် လုပ်ငန်းမိတ်ဖက်များအကြား ရေရှည်ဆက်ဆံရေးနှင့် ယုံကြည်မှုတည်ဆောက်ရာတွင် အပြန်အလှန်လေးစားမှုနှင့် အောင်မြင်ခြင်းအား မျှဝေခံစားမှုတို့အပေါ် အခြေခံတည်ဆောက်သွားရန် ရည်မှန်းပါသည်။ ကပ်စတန်မာများ၏ စည်းစိမ်ချမ်းသာကြွယ်ဝမှုကို ရှေးရှုသော ခရီးလမ်းတွင် ယုံကြည်အားထားရသော ငွေရေးကြေးရေးမိတ်ဖက်ပါတနာအဖြစ် ရပ်တည်သွားရန် ကတိပြုပါသည်။
ကျွန်ုပ်တို့ ဘဏ်၏ ဝန်ဆောင်မှုများနှင့် လုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်လာစေရန် နည်းလမ်းသစ်များကို စဉ်ဆက်မပြတ် စူးစမ်းရှာဖွေပြီး ဆန်းသစ်တီထွင်မှုများကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပါသည်။ စျေးကွက်အလားအလာနှင့် ကပ်စတန်မာများ၏ လိုအပ်ချက်များကို လိုက်လျောညီစွာ အဆင့်ဆင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းများဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။
ကျွန်ုပ်တို့ ဘဏ်၏ လုပ်ငန်းဆောင်ရွက်မှုတိုင်းတွင် ကပ်စတန်မာများအား ဦးစားပေးလျက် ရှေ့တန်းတင်ထားရှိပါသည်။ ယင်းတို့၏လိုအပ်ချက်များကို နားလည်အောင် ကြိုးစားပြီး မျှော်လင့်ထားသည်များထက် သာလွန်ကောင်းမွန်သော ရေရှည်တည်တံ့ခိုင်မြဲသည့် ဆက်ဆံရေးကို တည်ဆောက်ပေးသည့် ထူးကဲသာလွန်သော ဝန်ဆောင်မှုကို ပေးဆောင်ရန် ကျွန်ုပ်တို့ ကြိုးစားကြသည်။
ကျွန်ုပ်တို့ဘဏ်၏ တုန့်ပြန်ဆောင်ရွက်မှုတိုင်းတွင် အရိုးသားဆုံး အဖြောင့်မတ်ဆုံး ကျင့်ဝတ်နှင့်အညီ ပြုမူဆောင်ရွက်မှုစံနှုန်းများအား စွဲမြဲခိုင်မာစွာ ကျင့်သုံးပါသည်။ လုပ်ငန်း၏ ကဏ္ဍတိုင်းတွင် ယုံကြည်မှုနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိခြင်းဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ငန်းဆောင်ရွက်နေပါသည်။
ကျွန်ုပ်တို့ဘဏ်အနေဖြင့် လူမှုအသိုင်းအဝိုင်းနှင့် ပတ်ဝန်းကျင်အား အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုဖြစ်စေရန် စူးစိုက်လုပ်ဆောင်ပါသည်။ တာဝန်ခံမှုရှိသော ဘဏ်လုပ်ငန်းအလေ့အကျင့်များကို မြှင့်တင်ပေးခြင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းစီမံချက်များကို ပံ့ပိုးကူညီပေးခြင်း နှင့် လူမှုအကျိုးပြုတာဝန်ခံမှုဆိုင်ရာ ဆောင်ရွက်ခြင်းများကို တက်ကြွစွာ ပါဝင်ကြိုးပမ်းဆောင်ရွက်ပါသည်။
ကျွန်ုပ်တို့ဘဏ်သည် “အားလုံးဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုရရှိစေရေး” ၏ အရေးပါမှုကို အလေးအနက် ယုံကြည်သည်နှင့်အညီ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့်လူ့အဖွဲ့အစည်းနှင့် လူတစ်ဦးချင်းအပါအဝင် ဘဏ္ဍာရေးဝန်ဆောင်မှုမရရှိနိုင်သေးသော လူ့အဖွဲ့အစည်းအစိတ်အပိုင်းအားလုံးအတွက် ယင်းတို့ လက်လှမ်းမီနိုင်သော ငွေကြေးဝန်ဆောင်မှုများကို ပံ့ပိုးပေးရန် ရည်ရွယ်ပါသည်။
ကျွန်ုပ်တို့ဘဏ်သည် ဝန်ထမ်းများအား လေးစားတန်ဖိုးထားရှိပြီး ဝန်ထမ်းတိုင်းအတွက် အထောက်အပံ့ဖြစ်၍ အားလုံးပူးပေါင်းပါဝင်နိုင်သော လုပ်ငန်းခွင်ပတ်ဝန်းကျင်ဖန်တီးပေးနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းအားထုတ်လျက်ရှိပါသည်။ ဝန်ထမ်းများ လုပ်နိုင်စွမ်းရှိသလောက် တိုးတက်မှု ရရှိစေရန်၊ လေ့လာသင်ယူမှု နှင့် စွမ်းဆောင်မှုများတိုးတက်စေရန် အခွင့်အလမ်းများကို ပံ့ပိုးပေးခြင်းဖြင့် ဝန်ထမ်းများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံဆောင်ရွက်ပေးလျက်ရှိပါသည်။