ကျွန်ုပ်တို့အကြောင်း

မြန်မာ့ခရီးသွားဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၁၈ တွင် ဘဏ်လုပ်ငန်းလိုင်စင်ကိုရရှိခဲ့ပြီး ပြည်သူများထံသို့ အကောင်းဆုံးဘဏ်လုပ်ငန်းဝန်ဆောင်မှုများပေးခဲ့ပါသည်။ ကျွန်ပ်တို့၏ ရုံးချုပ်ဘဏ်ခွဲမှာ ရန်ကုန်တိုင်း​ ကျောက်တံတားမြို့နယ်၊ ဆူးလေးဘုရား လမ်းမကြီးပေါ်တွင် တည်ရှိပါပြီး လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် မြဝတီမြို့များတွင် စုစုပေါင်းဘဏ်ခွဲ ၆ခုဖြင့် ဘဏ်လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပါသည်။ မိမိတို့သည် ခရီးသွားလုပ်ငန်းများနှင့်ဆက်စပ်နေသည့် ဘဏ်ဖြစ်သည့်အလျောက် မြန်မာနိုင်ငံ၏ခရီးသွားကဏ္ဍဏ္ဏအား အဓိကထားကာ တိုးတတ်ကောင်းမွန်စေရန်အထောက်အကူများပေးမည်ဟုရည်ရွယ်ထားပြီး အခြားသောစီးပွားရေးကဏ္ဏများကိုပါ ငွေးကြေးအရကူညီထောက်ပံ့ပေးရန် အစီအစဉ်များ ချမှတ်ထားပါသည်။

ပိုမိုကောင်းမွန်ပြီး ယုံကြည်ရသော ဝန်ဆောင်မှုများပေးနိုင်ရန် ကျွန်ုပ်တို့သည် Oracle FLEXCUBE Core Banking software အားအသုံးပြုပြီး ဒစ္ဂျီတယ်နှင့် Online ကဏ္ဍဏ္ဏများ ၊ မိုဘိုင်းနှင် အင်တာနက်ငွေပေးချေမှုကဏ္ဍဏ္ဏများကိုပါ ဝန်ဆောင်မှုပေးရန် စီစဉ်ထားပါသည်။ လက်ရှိတိုးတတ်ပြောင်းလဲနေသော ငွေကြေးဆိုင်ရာနည်းပညာရပ်များနှင့် ဒီဂျီတယ် ငွေပေးချေမှုများ၊ အခြားသော နည်းပညာများပါဝင်သော ငွေကြေးဝန်ဆောင်မှုများကိုလည်း ပြည်သူများ အသုံးပြုနိုင်မည်ဖြစ်သည်။

ကျွန်ုပ်တို့၏ လူမှုအကျိုးပြုအစီအစဉ်များသည်လည်း ခရီးသွားကဏ္ဍဏ္ဏဖွံ့ဖြိုးတိုးတတ်ရေးကို အခြေခံပြီးပြုလုပ်သွားမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ရည်မှန်းချက်

မြန်မာနိုင်ငံရှိငွေကြေးကဏ္ဍဏ္ဏတွင်အကောင်းမွန်ဆုံးအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်ရန်နှင့် အကောင်းမွန်ဆုံးသောငွေကြေးနှင့်ပတ်သက်သည့် ဝန်ဆောင်မှုများ၊ထုတ်ကုန်များဖြင့် ပြည်သူများလိုအပ်ချက်ကိုဖြည့်မှီနိုင်ရန်။

ကျွန်ုပ်တို့၏ ပန်းတိုင်

  • လွယ်ကူပြီးထိရောက်သောဘဏ်ဝန်ဆောင်မှုများကိုအဆင့်မှီနည်းပညာများဖြင့်အသုံးပြုနိုင်ရန်နှင့် ဘဏ်နှင့်သက်ဆိုင်သော နည်းပညာများ အတွက် ရင်းနှီးမြုပ်နှံမှုများပြုလုပ်ရန်
  • တိုးတတ်တည်ငြိမ်လားမှုများကိုစနစ်တကျထိန်းသိမ်းလုပ်ဆောင်ပြီးချမှတ်ထားသောစည်းမျဉ်းစည်းကမ်းများအတိုင်းလိုက်နာကာဝန်ဆောင်မှုပေးရန်
  • ကောင်းမွန်သောအကျိုးရလာဒ်များသာလူမှုပတ်ဝန်းကျင်နှင်ရှယ်ယာရှင်များအတွက်ရရှိရန်
  • အကောင်းမွန်ဆုံးသောဝန်ထမ်းများနှင့်အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရန်