မြန်မာ့ခရီးသွားဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၁၈ တွင် ဘဏ်လုပ်ငန်းလိုင်စင်ကိုရရှိခဲ့ပြီး ပြည်သူများထံသို့ အကောင်းဆုံးဘဏ်လုပ်ငန်းဝန်ဆောင်မှုများပေးခဲ့ပါသည်။ ကျွန်ပ်တို့၏ ရုံးချုပ်ဘဏ်ခွဲမှာ ရန်ကုန်တိုင်း​ ကျောက်တံတားမြို့နယ်၊ ဆူးလေးဘုရား လမ်းမကြီးပေါ်တွင် တည်ရှိပါပြီး လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် မြဝတီမြို့များတွင် စုစုပေါင်းဘဏ်ခွဲ ၆ခုဖြင့် ဘဏ်လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပါသည်။ မိမိတို့သည် ခရီးသွားလုပ်ငန်းများနှင့်ဆက်စပ်နေသည့် ဘဏ်ဖြစ်သည့်အလျောက် မြန်မာနိုင်ငံ၏ခရီးသွားကဏ္ဍဏ္ဏအား အဓိကထားကာ တိုးတတ်ကောင်းမွန်စေရန်အထောက်အကူများပေးမည်ဟုရည်ရွယ်ထားပြီး အခြားသောစီးပွားရေးကဏ္ဏများကိုပါ ငွေးကြေးအရကူညီထောက်ပံ့ပေးရန် အစီအစဉ်များ ချမှတ်ထားပါသည်။

ပိုမိုကောင်းမွန်ပြီး ယုံကြည်ရသော ဝန်ဆောင်မှုများပေးနိုင်ရန် ကျွန်ုပ်တို့သည် Oracle FLEXCUBE Core Banking software အားအသုံးပြုပြီး ဒစ္ဂျီတယ်နှင့် Online ကဏ္ဍဏ္ဏများ ၊ မိုဘိုင်းနှင် အင်တာနက်ငွေပေးချေမှုကဏ္ဍဏ္ဏများကိုပါ ဝန်ဆောင်မှုပေးရန် စီစဉ်ထားပါသည်။ လက်ရှိတိုးတတ်ပြောင်းလဲနေသော ငွေကြေးဆိုင်ရာနည်းပညာရပ်များနှင့် ဒီဂျီတယ် ငွေပေးချေမှုများ၊ အခြားသော နည်းပညာများပါဝင်သော ငွေကြေးဝန်ဆောင်မှုများကိုလည်း ပြည်သူများ အသုံးပြုနိုင်မည်ဖြစ်သည်။

ကျွန်ုပ်တို့၏ လူမှုအကျိုးပြုအစီအစဉ်များသည်လည်း ခရီးသွားကဏ္ဍဏ္ဏဖွံ့ဖြိုးတိုးတတ်ရေးကို အခြေခံပြီးပြုလုပ်သွားမည်ဖြစ်ပါသည်။