Posted on : ဒီဇင်ဘာ 17, ကြာသပတေး, 2020

မြန်မာ့ခရီးသွားဘဏ် MTB Bank ဥက္ကဌကြီး ဦးရန်ဝင်းအား အမှူးထား၍ (၂၀၂၀) ခုနှစ်၊ ဇူလိုင်လ၊ (၆)ရက်နေ့တွင် မြန်မာ့ခရီးသွားဘဏ် MTB Bank မှ ဝန်ထမ်းများ နှင့် MIEG Co.,LTD မှ ဝန်ထမ်းများစုပေါင်းကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဦးနှောက်နှင့်အာရုံကြောဌာန၊ သွေးဌာန၊ ကုတင်ငါးရာ နှင့် ရန်ကုန်အမျိုးသမီးဆေးရုံတို့ရှိ လူနာ (၅၅၀)စာအတွက် နေ့လည်စာအလှူအဖြစ် ကြက်သားဟင်း၊ ငါးကြော်၊ပဲဟင်းနှင့်ထမင်းဗူးများကို သွားရောက်ပြီး အလှူဒါနပြုခဲ့ပါသည်။
ယခုလို လူမှုအကျိုးပြုလုပ်ငန်းစဉ်များဖြစ်သော CSR Activity များကို မြန်မာ့ခရီးသွားဘဏ် MTB Bank မှပါဝင်ကူညီခွင့်ရရှိခြင်းအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပြီး ဤကောင်းမှုအတွက် မိဘပြည်သူများလည်း ထပ်တူ ကုသိုလ်ရကြပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့
#MyanmaTourismBank
#MTB_Bank
#MTB_CSR