ငွေစုဘဏ်စာရင်း

  • ငွေစုဘဏ်အပ်ငွေစာရင်းသည်ငွေကြေးလုံခြုံစွာထိန်းသိမ်းထားရှိရန်၊ပုံမှန်အတိုးငွေထုတ်ယူခံစားနိုင်ရန်နှင့်နောင်ရေးအတွက်စုဆောင်းထားရှိရန်ဖွင့်လှစ်ထားရှိသောအတိုးရရှိသောအပ်ငွေအမျိုးအစားတစ်ခုဖြစ်ပါသည်။
  • ငွေစုဘဏ်စာရင်းများအတွက် Passbook ထုတ်ပေးပြီး၊သွင်းငွေထုတ်ငွေလက်ကျန်ငွေများအတွက်စာရင်းမှတ်တမ်းရေးသွင်းဖော်ပြပါသည်။
  • အပ်ငွေပမာဏကန့်သတ်ချက်မရှိပါ။

 

  • ဗဟိုဘဏ်၏အခါအားလျော်စွာထုတ်ပြန်သောအတိုးနှုန်းသတ်မှတ်ချက်အပေါ်မူတည်၍အတိုးနှုန်းသတ်မှတ်ထည့်သွင်းပေးပါသည်။
  • အတိုးငွေကိုလစဉ်လဆန်း(၅)ရက်နေ့နှင့်လကုန်ဆုံးသည့်ရက်နေ့အတွင်းရှိအနည်းဆုံးလက်ကျန်ငွေအပေါ်အတိုးတွက်ချက်၍ဘဏ္ဍာနှစ်(၃)လပတ်အလိုက်အတိုးငွေများထည့်သွင်းပေးပါသည်။

 

   Interest Rate    7.00% P.a
  • စာရင်းဖွင့်မည့်သူကိုယ်တိုင်ဘဏ်သို့လာရန်
  • မှတ်ပုံတင်မူရင်း (သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကတ် (မူရင်း)
  • (အနည်းဆုံး) ကနဦးအပ်ငွေ (၁,၀၀၀) ကျပ်
  • အပ်ငွေပမာဏကန့်သတ်ချက်မရှိပါ။
  • လူပုဂ္ဂိုလ်(တစ်ဦးချင်း/တွဲဖက်)နှင့်အဖွဲ့အစည်းများစာရင်းဖွင့်နိုင်ပါသည်။
  အနည်းဆုံးထားရှိရမည့်ငွေ   ၁,ဝဝဝ/- ကျပ်

စာရင်းရှင်စာရင်း

  • စာရင်းရှင်စာရင်းဆိုသည်မှာပုဂ္ဂိုလ်(တစ်ဦးချင်း/တွဲဖက်)နှင့်ကုမ္ပဏီအဖွဲ့အစည်းများသည်မိမိတို့ငွေ၏ကြေးများထိန်းသိမ်းရန်နှင့်ငွေထုတ်ယူမှု၊ငွေပေးချေမှုများချက်လက်မှတ်အားလွှဲပြောင်းနိုင်သောငွေပေးချေမှုအဖြစ်အသုံးပြု၍ဘဏ်ငွေကြေးကောင်တာ၌ဖြစ်စေ CBM Net မှ တဆင့်ဖြစ်စေငွေထုတ်/သွင်း/လွှဲပြောင်းမှုပြုနိုင်သောစာရင်းအမျိုးအစားဖြစ်ပါသည်။
  • တောင်းခံလျှင်ချက်ခြင်းထုတ်ပေးသော (Demand Deposit) အမျိုးအစား ဖြစ်ပါသည်။
  • အပ်ငွေပမာဏကန့်သတ်ချက်မရှိပါ။
  • Current Account အတွက် ချက်လက်မှတ်ထုတ်ပေးမည်ဖြစ်ပြီး ငွေထုတ်ယူခြင်း၊ငွေပေးချေခြင်းများကို အဆင်ပြေစွာဆောင်ရွက် နိုင်ပါသည်။
  • ပြည်ပတွင်နေထိုင်သူများ Current Account (Non-Resident)ဖွင့်လှစ်နိုင်ပါသည်။
  • သွင်းငွေထုတ်ငွေလက်ကျန်များအပေါ်ဖော်ပြသောလစဉ်ဘဏ်ရှင်းတမ်းပုံမှန်အခမဲ့ထုတ်ပေးပါသည်။
  • ချက်လက်မှတ်ကိုအသုံးပြုခြင်းဖြင့်ပုဂ္ဂိုလ်(တစ်ဦးချင်း/တွဲဖက်)နှင့်ကုမ္ပဏီအဖွဲ့အစည်းများသည်ပဋိဥာဉ်မြောက်သောဆက်ဆံရေးဖြင့်ငွေပေးချေမှုများကိုယုံကြည်စိတ်ချစွာဖြင့်ဆောင်ရွက်နိုင်ပါသည်။
  • စာရင်းဖွင့်မည့်သူကိုယ်တိုင်ပထမဆုံးအကြိမ်ဘဏ်သို့လာရန်
  • မှတ်ပုံတင်(သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကတ် (မူရင်း)
  • ကနဦးထည့်ဝင်ငွေ၁,၀၀၀/-ကျပ်
   ကနဦးငွေ    ၁,၀၀၀/-ကျပ်
  • ချက်လက်မှတ်စာအုပ်နှင့်ဘဏ်စာရင်းလက်ကျန်ထောက်ခံချက်နှင့် အခါအားလျော်စွာ ဘဏ်ရှင်းတမ်းထုတ်ယူခြင်းအတွက် သတ်မှတ်ထားသောဆောင်ရွက်ခကောက်ခံပါသည်။

စာရင်းသေအပ်ငွေ

Debit Card သည် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများအတွက်ပေးချေရန်သတ်မှတ်ထားသော Account မှ ငွေများကိုနှုတ်ယူသည့် Card ဖြစ်ပါသည်။ MTB Card ကို MPU Logo ပါရှိသော ATM/CRM/POS စက်များတွင်အသုံးပြုနိုင်ပါသည်။

 

MTB Card အား အသုံးပြုရန်အတွက် ဆောင်ရန်/ရှောင်ရန် အချက်များ

၁။ MTB Card ကို အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း တစ်ဦးတည်းအမည်ဖြင့်သာ စာရင်းဖွင့်လှစ် လျှောက်ထား ခွင့်ရှိပါသည်။ တွဲဖက်စာရင်း ဖွင့်လှစ်ခွင့်မပြုပါ။

၂။ သင်၏ ကတ်အား စတင်အသုံးပြုရန် ဘဏ်သို့ ဆက်သွယ်တောင်းဆိုမှုအရ  ဖုန်းမက်ဆေ့ချ်(သို့မဟုတ်) အီးမေးလ်မှ တဆင့် ဘဏ်မှ Card နှင့် အတူ လျှို့ဝှက်နံပါတ်(PIN) လက်ခံရရှိပြီးပါက MTB  ATM တွင် မိမိစိတ်ကြိုက် PIN (6)လုံး ပြောင်းလဲနိုင်ပါသည်။ ပြောင်းလဲပြီးသည်နှင့် မိမိငွေလက်ကျန်အား ATM/POS စက်တို့တွင် အတည်ပြု စစ်ဆေး နိုင်ပြီး Card ဖြင့်ချိတ်ဆက်အသုံးပြုသော Account သည် Mobile/Internet Banking စနစ်ဖွင့်လှစ်ထားပါက လက်ကျန်ငွေအား Mobile/Internet Banking စနစ်တို့တွင်လည်း စစ်ဆေးနိုင်ပါသည်။ ကွဲလွဲမှုတစ်စုံတစ်ရာရှိပါက Bank သို့ချက်ချင်းအကြောင်းကြားရပါမည်။

၃။ Card ဖြင့် ငွေလွှဲ၊ ငွေထုတ်၊ ငွေပေးချေမှုများ ပြုလုပ်သော ငွေပမာဏအား Card ကိုင်ဆောင်သူ၏ ဘဏ်ရှိ Card စာရင်းမှနှုတ်ယူမည်ဖြစ်ပါသည်။ Card သုံးစွဲခြင်းအတွက် ဘဏ်မှအခနှုန်းထားများ သတ်မှတ်ကောက်ခံပါက Card ကိုင်ဆောင်သူ၏ဘဏ်ရှိ Card စာရင်းမှအလိုအလျောက် နှုတ်ယူမည်ဖြစ်ပါသည်။ Card ကိုင်ဆောင်သူသည် ငွေထုတ်၊ ငွေလွှဲ၊ ငွေပေးချေခြင်းများအတွက် မိမိသုံးစွဲလိုသော ငွေပမာဏကို MTB Bank ၏ ဘဏ်ခွဲများ နှင့် CRM စက်များမှ တဆင့် ငွေဖြည့်ထားရန်လိုအပ်ပါသည်။ Card စာရင်းရှိငွေပမာဏထက်ပို၍ ထုတ်ယူ သုံးစွဲ၍ မရပါ။

၄။ Card ကိုင်ဆောင်သူသည် ဘဏ်မှပေးအပ်သော လျှို့ဝှက်နံပါတ်(PIN)နှင့် ပြောင်းလဲအသုံးပြုထားသည့် လျှို့ဝှက်နံပါတ်(PIN)အား သင်၏ကတ်လုံခြုံမှု အတွက်  
အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ အသိပေးခြင်း၊ ထုတ်ဖော်ပြောကြားခြင်း မပြုရပါ။

၅။ လျှို့ဝှက်နံပါတ်(PIN) အား (၃)ကြိမ်မှားယွင်းစွာ ရိုက်ထည့်မိပါက Card အသုံးပြုခြင်းအား ယာယီပိတ်သွားမည်ဖြစ်ပါသည်။

၆။  ATM စက်များမှ ငွေသားထုတ်ယူရာတွင် စက်မှထွက်လာသော ငွေပမာဏအား စက်ရှေ့တွင်သာ ရေတွက် စစ်ဆေးရပါမည်။ ငွေပမာဏကွဲလွဲမှုရှိပါက ဘဏ်သို့ချက်ခြင်းအကြောင်းကြားရပါမည်။

၇။ Card ကိုင်ဆောင်သူသည် မိမိပြုလုပ်ခဲ့သော ငွေလွှဲ၊ ငွေထုတ်၊ ငွေပေးချေမှုများအတွက် စာရင်းရှင်းတမ်းများကို မည်သည့် MTB ဘဏ်ခွဲတွင်မဆို လာရောက်ထုတ်ယူနိုင်ပါသည်။ MTB ATM စက်များတွင်လည်း နောက်ဆုံးအသုံးပြုခဲ့သည့် Transaction အကြောင်းရေ (၅) ကြောင်းအား Mini Statement ထုတ်ယူနိုင်ပါသည်။ Card ဖြင့်ချိတ်ဆက်အသုံးပြုသော Account သည် Mobile/Internet Banking စနစ်တို့ဖွင့်လှစ်ထားပါက ငွေလွှဲ၊ ငွေထုတ်၊ ငွေပေးချေမှုများအတွက် စာရင်းရှင်းတမ်းများကို Mobile/Internet Banking စနစ်တို့တွင်လည်း Statement ထုတ်ယူစစ်ဆေးနိုင်ပါသည်။Card ဖြင့်ချိတ်ဆက်အသုံးပြုသော Account သည် Mobile/Internet Banking စနစ်တို့ဖွင့်လှစ်ထားပါက ငွေလွှဲ၊ ငွေထုတ်၊ ငွေပေးချေမှုများအတွက် စာရင်းရှင်းတမ်းများကို Mobile/Internet Banking စနစ်တို့တွင်လည်း Statement ထုတ်ယူစစ်ဆေးနိုင်ပါသည်။ 

၈။ MTB ATM စက်များတွင်လည်း နောက်ဆုံးအသုံးပြုခဲ့သည့် Transaction အကြောင်းရေ (၅) ကြောင်းအထိ Mini Statement ထုတ်ယူနိုင်ပါသည်။ Card ဖြင့်ချိတ်ဆက်အသုံးပြုသော Account သည် Mobile/Internet Banking စနစ်တို့ဖွင့်လှစ်ထားပါက ငွေလွှဲ၊ ငွေထုတ်၊ ငွေပေးချေမှုများအတွက် စာရင်းရှင်းတမ်းများကို Mobile/Internet Banking စနစ်တို့တွင်လည်း Statement ထုတ်ယူစစ်ဆေးနိုင်ပြီး အမှားရှိသည်ဟု သံသယရှိပါက Bank သို့ ချက်ချင်း အကြောင်းကြားရပါမည်။

၉။ Card ပျောက်ဆုံးကြောင်း ဘဏ်သို့ အကြောင်းကြားပြီးနောက် Card အားပြန်လည်တွေ့ရှိပါက ထို Card အားပြန်လည်အသုံးပြု၍မရပါ။

၁၀။ ATM စက်တွင် ငွေထုတ်ခြင်းများပြုလုပ်ပြီးပါက မိမိ Card ကို စက္ကန့် (-၃၀-) ထက်ကျော်လွန်ပြီးသည်အထိ ပြန်လည်မထုတ်ယူပါက စက်မှ အလိုအလျောက်သိမ်းယူသွားမည်ဖြစ်ပါသည်။ ထိုသို့ဖြစ်ပွားပါက MTB Bank သို့အကြောင်းကြားကာ မိမိ၏ မှတ်ပုံတင်မူရင်းနှင့်တကွ လူကိုယ်တိုင်ဘဏ်သို့ လာရောက်ပြီး မိမိ၏  Card ကိုပြန်လည်ထုတ်ယူရပါမည်။

၁၁။ ကျိုးပဲ့ပျက်ဆီးနေသော Card များကို လုံးဝ မသုံးသင့်ပါ ။ နီးစပ်ရာ Myanma Tourism Bank ၏ ဘဏ်ခွဲများတွင် Card အသစ် ပြန်လည်လျှောက်ထားရပါမည်။    သက်မှတ်ထားသော ဝန်ဆောင်ခ ပေးဆောင်ရမည်ဖြစ်ပါသည်။

အမှားရှိသည်ဟု သံသယရှိပါက Bank သို့ ချက်ချင်း အကြောင်းကြားရ     ပါမည်။

၁၂။ PIN နံပါတ်မေ့လျော့သွားပါကနီးစပ်ရာ Myanma Tourism Bank ၏ ဘဏ်ခွဲများတွင် ပြန်လည်လျှောက်ထားရယူနိုင်ပါသည်။ သတ်မှတ်ထားသော ဝန်ဆောင်ခ ပေးဆောင်ရမည်ဖြစ်ပါသည်။

၁၃။ Card ကိုင်ဆောင်သူသည် မိမိဆောင်ရွက်ခဲ့သော ငွေပေးချေမှုများ၊ ငွေလွှဲ၊ ငွေထုတ်ဝန်ဆောင်မှုများတွင် အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ပြန်လည်တောင်းခံနိုင်သော ကာလ (Chargeback Period) သည် ပြည်တွင်းရှိ ATM စက်များတွင် အသုံးပြုမှုအတွက် စတင်အသုံးပြုသည့်ရက်မှ ရက်(၃၀)အတွင်း၊ POS နှင် Ecommerce တွင်အသုံးပြုသော ပေးချေမှုများအတွက် စတင်အသုံးပြုသည့်ရက်မှ ရက်(၆၀)အတွင်း သာပြန်လည် တောင်းခံနိုင်သောကြောင့် စာရင်းရှင်းတမ်းများကို Card ကိုင်ဆောင်သူမှ လစဉ်စစ်ဆေးရန်နှင့် အသုံးပြုခဲ့သော Transaction များအားလုံး၏ ပြေစာ နှင့် ဘောက်ချာများကို အထောက်အထားအဖြစ် Card ပိုင်ရှင်မှ သိမ်းဆည်းထားရပါမည်။

၁၄။ Card ပျောက်ဆုံးခြင်း၊ ခိုးယူခံရခြင်း နှင့် မိမိ၏ Card လျှို့ဝှက်နံပါတ် PIN မေ့လျော့ခြင်း (သို့) (လျှို့ဝှက်နံပါတ်) PIN ပေါက်ကြားခြင်း (သို့) Card နှင့်သက်ဆိုင်သော လျှို့ဝှက်အချက်အလက်များ ပေါက်ကြားသည်ဟု သံသယရှိခြင်း စသည်တို့ဖြစ်ပေါ်လာပါက MTB Bank ၏ ဖုန်းနံပါတ် ၀၉-၆၈၂၈၂၈၂ သို့ချက်ချင်းအကြောင်းကြားပေးရပါမည်။ သို့မှသာ လူကြီးမင်း၏ Card ကို မည်သူမျှအသုံးပြု၍ မရအောင် ယာယီပိတ်ထားပေးမည်ဖြစ်ပါသည်။ Card ကိုင်ဆောင်သူထံမှ အကြောင်းကြားမှုကို ဘဏ်မှလက်ခံရရှိချိန်မတိုင်မီ ဖြစ်ပေါ်ခဲ့သော ငွေလွှဲ၊ ငွေထုတ်၊ ငွေပေးချေမှုများ နှင့် အခြားမည်သည့်အငြင်းပွားမှုများကိုမဆို ဘဏ်မှတာဝန်ယူဆောင်ရွက်ပေးမည် မဟုတ်ပါ။

အောက်ပါ Account များသည် Card အသုံးပြုနိုင်သော Account အမျိုးအစားများဖြစ်ပါသည်။

  • စာရင်းရှင်အပ်ငွေစာရင်း (Customer)
    • (i)Individual
  • (အထူး) စာရင်းရှင်အပ်ငွေစာရင်း (Customer)
    • (i) Individual
  • စာရင်းရှင်အပ်ငွေစာရင်း (Non Resident)
    • (i) Individual
  • ငွေစုဘဏ်အပ်ငွေစာရင်း (Customer)
    • (i) Individual

(ii) Senior

  • (အထူး) ငွေစုဘဏ်အပ်ငွေစာရင်း (Customer)
    • (i) Individual
  • ခေါ်ယူအပ်ငွေစာရင်း (Customer)
    • (i) Individual
  • အထူးခေါ်ယူအပ်ငွေစာရင်း (Customer)
    • (i) Individual

မှတ်ချက် – Overdrawn ဖြစ်နေသော စာရင်းရှင်အပ်ငွေစာရင်း များကိုလည်း (OD Limit အတွင်း) အသုံးပြုနိုင်မည်ဖြစ်ပါသည်။

Excellent A/C များသည် စာရင်းပြောင်းခွင့် မရှိပါ။

MTB Card Fees and Charges are following:

 

Fees MTB
  နှစ်စဉ် ကြေး (မရှိ) waive
  ကတ်ဖိုး (First customer 3000 waive) ၃,၀၀၀ ကျပ
  ဖျက်သိမ်းကြေး FOC
  ကတ် အသစ် လျှောက်ထားခြင်း (ပျောက်/ပျက်) ၃,၀၀၀ ကျပ်
  Pin အသစ် ပြန်လည် လျှောက်ထားခြင်း ၁,၀၀၀ ကျပ်
  အ ခြားဘဏ် ATM စက်တွင် အသုံးပြုခြင်းအတွက် MPU charges 0.1% Closed
  MTB ATM စက်တွင် အသုံးပြုခြင်းအတွက် charges မရှိပါ။ FOC
  လက် ကျန် ငွေ စစ် ဆေး ခြင်း FOC
  ဘဏ် စာ ရင်း ရှင်း တမ်း ထုတ် ယူ ခြင်း ။ Depend on OTC charges
  MTB ATM CRM စက်တွင် ငွေထည့်သွင်းခြင်း အသုံးပြုခ (မရှိပါ)  FOC
  အနည်းဆုံး လက်ကျန် ငွေ ၁,၀၀၀ ကျပ
  ကတ် အကောင့် အချင်းချင်း ငွေလွှဲခ (တစ်ကြိမ်) ၁၀,၀၀၀,၀၀၀ ကျပ်
  ကတ် အကောင့် အချင်းချင်း ငွေလွှဲခ (တစ်ပတ်) ၅၀,၀၀၀,၀၀၀ ကျပ်
  အများဆုံးငွေထုတ်ယူခြင်း (တစ်ကြိမ်) CA/CS Account ၃၀၀,၀၀၀ ကျပ
  အများဆုံးငွေထုတ်ယူခြင်း (တစ်ပတ်) CA/CS Account ၅၀၀,၀၀၀ ကျပ်
  POS / Online E commence များတွင် ငွေပေးချေ  အများဆုံး သတ်မှတ်ထားသောပမာဏ ၅,၀၀၀,၀၀၀ ကျပ်
  CRM စက်တွင် ငွေထည့်သွင်းနိုင်သော ငွေအရွက်ရေ  (တစ်ရက်) အကန့်အသတ်မရှိ (တကြိမ်လျှင် အငွေအရွက်ရေ ၂၀၀)
   Mငွေ သွင်း ခြင်း All Account
  ငွေ လွှဲ ခြင်း All Account
   ငွေထုတ််ခြင်း Depend on Account Type

MTB ဘဏ်စာရင်းသေအပ်ငွေအပေါ်အတိုးနှုန်းထားများမှာအောက်ပါအတိုင်းဖြစ်ပါသည်။

   Fixed Period    Interest Rate
 စာရင်းသေအပ်ငွေ ရက်(၃၀)သက်တမ်း  ( ၇.၃၀%) p.a
 စာရင်းသေအပ်ငွေ ရက်(၉၀)သက်တမ်း  (၇.၇၅%) p.a
 စာရင်းသေအပ်ငွေ ရက်(၁၈၀)သက်တမ်း  (၈.၃၀%) p.a
 စာရင်းသေအပ်ငွေ ရက်(၂၇၀)သက်တမ်း  (၈.၃၀%) p.a
စာရင်းသေအပ်ငွေ ရက်(၁)နှစ်သက်တမ်း  (၈.၇၀%) p.a
  • စတင်အပ်နှံသည့်နေ့ရက်မှသက်တမ်းပြည့်မြောက်ပြီးသောအခါအပ်နှံငွေအရင်းနှင့်အတိုးငွေများအောက်ပါ အတိုင်းရွေးချယ်ဆောင်ရွက်နိုင်ပါသည်။
  • (၁) အရင်းအတိုး (၂)ရပ်ပေါင်းကိုထုတ်ယူရန်
  • (၂) (၂)ရပ်လုံးကိုသက်တမ်းတိုးမည်
  • (၃) အရင်းကိုသက်တမ်းတိုး၍ အတိုးကိုထုတ်ယူရန်
  • (၄) အရင်းကိုသက်တမ်းတိုး၍ အတိုးကိုစာရင်းပြောင်းထည့်သွင်းရန်
  • သက်တမ်းစေ့ရောက်ပြီးနောက်သက်တမ်းဆက် (Rollover) ထားရှိနိုင်ပါသည်
  • သက်တမ်းမစေ့မီငွေထုတ်ယူလိုပါကယင်းစာရင်းသေအပ်ငွေကိုအပေါင်အာမခံတင်ပြီး MTB ဘဏ်မှငွေချေးယူနိုင်ပါသည်။ (စာရင်းသေအပ်ငွေသက်တမ်းပြည့်ထားရှိပြီးအတိုးငွေပြည့်ဝစွာခံစားနိုင်ရန်ဖြစ်ပါသည်။)
  • စာရင်းဖွင့်မည့်သူကိုယ်တိုင်ဘဏ်သို့လာရန်
  • မှတ်ပုံတင်မူရင်း (သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကတ် (မူရင်း)
  • အနည်းဆုံးအပ်နှံရန်ငွေမှာကျပ်၁၀,ဝ၀ဝ/- ဖြစ်ပြီးပမာဏကန့်သတ်ချက်မရှိပါ။
  • MTB ဘဏ်တွင်ငွေသားဖြင့်လည်းကောင်း၊စာရင်းပြောင်းနည်းဖြင့်လည်းကောင်းစာရင်းသေအပ်ငွေစာရင်းများဖွင့်လှစ်ထားရှိနိုင်ပါသည်။

ခေါ်ယူအပ်ငွေစာရင်း

Call-Deposit
  • ခေါ်ယူအပ်ငွေစာရင်းဆိုသည်မှာလူပုဂ္ဂိုလ်(တစ်ဦးချင်း/တွဲဖက်)နှင့်ကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့်မိမိတို့၏ငွေကြေးလှည့်ပတ်မှုအခြေအနေအရအချိန်ပိုင်း၊ရက်ပိုင်းအပ်နှံထားရှိ၍အတိုးရင်းအပ်ငွေအမျိုးအစားဖြစ်ပါသည်။
  • Call Deposit အတွက် Passbook ထုတ်ပေးပြီးသွင်းငွေထုတ်ငွေ၊လက်ကျန်ငွေများကိုရေးသွင်းဖော်ပြပါသည်။
  • Call Deposit နေ့စဉ်လက်ကျန်ငွေအပေါ်အတိုးတွက်ချက်ပြီး၊လစဉ်လကုန်ရက်တွင်အတိုးငွေထုတ်ပေးပါသည်။

 

  • MTBဘဏ်တွင်“ခေါ်ယူအပ်ငွေစာရင်း” အပ်နှံထားရှိခြင်းဖြင့်ကာလတိုအတိုးငွေများရရှိခံစားနိုင်ခြင်းနှင့်ငွေလည်ပတ်မှုကောင်းမွန်စေခြင်း
  • MTBဘဏ်တွင်“ခေါ်ယူအပ်ငွေစာရင်း” အပ်နှံငွေအပေါ်သတ်မှတ်အတိုးနှုန်းမှာ(ပမာဏကန့်သတ်ချက်မရှိ) 5.25%p.a

 

အတိုးနှုန်း (ကျပ်သိန်းငါးထောင်အောက်) 5.70% p.a
အတိုးနှုန်း (ကျပ်သိန်းငါးထောင်နှင့်အထက်) 6.20% p.a
  • စာရင်းဖွင့်မည့်သူကိုယ်တိုင်ဘဏ်သို့လာရန်
  • မှတ်ပုံတင်မူရင်း (သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကတ် (မူရင်း)
  • အပ်ငွေပမာဏကန့်သတ်ချက်မရှိပါ။
  • MTBဘဏ်တွင်ငွေသားဖြင့်လည်းကောင်း၊စာရင်းပြောင်းနည်းဖြင့်လည်းကောင်းစာရင်းဖွင့်လှစ်နိုင်ပါသည်။
  • ကနဦးအပ်နှံရန်နှင့်အနည်းဆုံးထားရှိရမည့်ငွေမှာကျပ်၁၀,ဝ၀ဝ/-ဖြစ်ပါသည်။
  • Call Deposit နေ့စဉ်လက်ကျန်ငွေအပေါ်အတိုးတွက်ချက်ပြီးလစဉ်လကုန်ရက်တွင်အတိုးငွေထုတ်ပေးပါသည်။
အနည်းဆုံးထားရှိရမည့် ငွေ ၁၀,ဝဝဝ/- ကျပ်

 

သက်ကြီးငွေစုဘဏ်အပ်ငွေစာရင်း

(အထူးသဖြင့်)အသက်(၆၀)နှစ်ပြည့်ပြီးသောဘိုးဘွားမိဘများအတွက်သက်ကြီးအပ်ငွေစာရင်းဖွင့်လှစ်ပေးသောအတိုးရအပ်ငွေဝန်ဆောင်မှုအမျိုးအစားတစ်ခုဖြစ်ပါသည်။

  • သက်ကြီးစာရင်းများအပေါ်အတိုးနှုန်း(၇.၂%)ဖြင့်အတိုးငွေများကိုထုတ်ပေးပါသည်။ဗဟိုဘဏ်မှအခါအားလျော်စွာထုတ်ပြန် သတ်မှတ်ပေးသောအတိုးနှုန်းအပေါ်မူတည်၍ အတိုးသတ်မှတ်တွက်ချက်ပေးပါသည်။
  • MTB ဘဏ်တွင်အတိုးငွေကိုလစဉ်လဆန်း(၅)ရက်နေ့နှင့် လကုန်ဆုံးသည့်ရက်နေ့အတွင်းရှိအနည်းဆုံးလက်ကျန်ငွေအပေါ် အတိုးတွက်ချက်၍ဘဏ္ဍာနှစ်(၃)လပတ်အလိုက်အတိုးငွေများထုတ်ပေးပါသည်။

 

Interest Rate 7.20% p.a
  • အသက်(၆၀)နှစ်အထက်ရှိသူများအတွက်သက်ကြီး(Senior Saving) စာရင်းဖွင့်နိုင်ပါသည်။
  • စာရင်းဖွင့်မည့်သူကိုယ်တိုင်ဘဏ်သို့လာရန်
  • မှတ်ပုံတင်မူရင်း (သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကတ် (မူရင်း)
  • အပ်ငွေပမာဏကန့်သတ်ချက်မရှိပါ။
  • (အနည်းဆုံး) ကနဦးအပ်ငွေကျပ်၁၀ဝ,ဝ၀ဝ/-
Initial Deposit 100,000 Kyats

သက်ငယ်ငွေစုဘဏ်အပ်ငွေစာရင်း

  • အသက်(၁၈)နှစ်မပြည့်သေးသောကလေးသူငယ်များအတွက်လူကြီးမိဘ(အုပ်ထိန်းသူ)နှင့်တွဲဖက်ဖွင့်လှစ်ပေးနိုင်သောသက်ငယ်ငွေစုဘဏ်စာရင်းအမျိုးအစားဖြစ်ပါသည်။

  • ဗဟိုဘဏ်၏အခါအားလျော်စွာထုတ်ပြန်သောအတိုးနှုန်းအပေါ်မူတည်၍အတိုးသတ်မှတ်ပေးပါသည်။
  • အတိုးငွေကိုလစဉ်လဆန်း(၅)ရက်နေ့နှင့်လကုန်ဆုံးသည့်ရက်နေ့အတွင်းရှိအနည်းဆုံးလက်ကျန်ငွေအပေါ်အတိုးတွက်ချက်၍ဘဏ္ဍာနှစ်(၃)လပတ်အလိုက်အတိုးငွေများထုတ်ပေးပါသည်။

 

Interest Rate 7.00% p.a
  • အပ်ငွေပမာဏကန့်သတ်ချက်မရှိပါ။
  • (အနည်းဆုံး) ကနဦးအပ်နှံရန်ငွေမှာကျပ်၁၀ဝ၀/- ဖြစ်ပါသည်။
Initial Deposit 1,000 Kyats