မြန်မာ့ခရီးသွားဘဏ်(Myanma Tourism Bank – MTB) မနော်ဟရီ နှင့် စျေးချို(မန္တလေးတိုင်းဒေသကြီး)တို့တွင် ဘဏ်ခွဲများဖွင့်လှစ်ခြင်
မန္တလေးတိုင်းဒေသကြီး ၊ ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၃ ရက် – ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ စီးပွားရေးကဏ္ဍတွင် ပြည်သူများနှင့်အတူ တစ်ဖက်တစ်လမ်းမှ ပံ့ပိုကူညီပေးလျက်ရှိသော မြန်မာ့ခရီးသွားဘဏ်သည် မနော်ဟရီဘဏ်ခွဲသစ်အား ချမ်းမြသာစည်မြို့နယ်၊ (၆၂)လမ်း၊ (၁၁၀x၁၀၉) လမ်းကြား၊ အမှတ်(င-၆ ) နှင့်စျေးချိုဘဏ်ခွဲသစ်အား အောင်မြေသာဇံ မြို့နယ် ၂၆ လမ်း နှင့် ၈၆ လမ်းထောင့် တိုက်အမှတ် (၁) တို့တွင် မြန်မာ့ခရီးသွားဘဏ်၏ ၁၁ဘဏ် နှင့် ၁၂ ဘဏ်မြောက် ဘဏ်ခွဲသစ် ( ၂ ) ဘဏ် အားဖွင့်လှစ်ကာ ဘဏ်ဝန်ဆောင်မှု များအား စတင်ဆောင်ရွက်ပေးနေပြီဖြစ်ပါသည်။ လက်ရှိတွင် မြန်မာ့ခရီးသွားဘဏ်သည် ရန်ကုန်၊မန္တလေး၊ နေပြည်တော်၊ တောင်ကြီး ၊ မုံရွာ ၊ မူဆယ် နှင့် မြဝတီမြို့များတွင် လည်း ဘဏ်ခွဲများဖွင့်လှစ်ပြီး ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့ခရီးသွားဘဏ်ရုံးချုပ်နှင့် အခြားဘဏ်ခွဲ များတွင်လည်း ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု များဖြစ်သော ငွေသွင်းခြင်း၊ငွေထုတ်ခြင်း၊ငွေလွှဲခြင်း၊ စာရင်းသစ် ဖွင့်လှစ်ခြင်း နှင့် ချေးငွေဆိုင်ရာကိစ္စရပ်များကိုဝန်ဆောင်မှုပေးလျက်ရှိပြီး ရွှေဂုံတိုင်မြို့နယ်ရှိ International Banking Department တွင်လည်း ဆိုင်ရာဘဏ်လုပ်ငန်း ဝန်ဆောင်မှု များကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
မြန်မာ့ခရီးသွားဘဏ်အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော ငွေကြေးမူဝါဒဆိုင်ရာ (Monetary Policy)များကို အောင်မြင်စေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်၍ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍအသီးသီး ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတတ်စေရန် အထူးသဖြင့် မြန်မာ့ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတတ်ပြီး တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီရန်အတွက် ချေးငွေဝန်ဆောင်မှုအသစ်များကိုဖန်တီးပြီး ငွေကြေးထောက်ပံ့မူများ ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ ခရီးသွားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတတ်စေရန်အတွက် ကူညီပံ့ပိုးဆောင်ရွက်လျက်ရှိပါသည်။
မြန်မာ့ခရီးသွားဘဏ်အကြောင်း အကျဉ်းဖော်ပြချက်
၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းများလုပ်ဆောင်ရန်လိုင်စင်ရရှိခဲ့သော ပုဂ္ဂလိကဘဏ်များထဲမှ တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်းများနှင့် SME များအား အထောက်အကူပြုပြီး ဆိုင်ရာအခန်းကဏ္ဍမှ ပါဝင်ကာ နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် အလေးထားသော မြန်မာ့ခရီးသွားဘဏ်သည် လက်ရှိတွင် ဘဏ်ခွဲ (၆)ခုဖြင့် မိဘပြည်သူများအား ဘဏ်လုပ်ငန်းဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ ထို့အပြင်ဘဏ်လုပ်ငန်းများအတွက် အဆင်ပြေလွယ်ကူစေရန် ထုတ်ကုန်အသစ်များအပါအဝင် retail နှင့် corporate banking များကိုပါ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးစားလျက်ရှိသည်။
အခြား သတင်းအချက်အလက်များ ထပ်မံသိရှိလိုပါက https://www.facebook.com/MyanmaTourismBank တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။