MTB MPU Debit Card mm

Debit Card သည် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများအတွက်ပေးချေရန်သတ်မှတ်ထားသော Account မှ ငွေများကိုနှုတ်ယူသည့် Card ဖြစ်ပါသည်။ MTB Card ကို MPU Logo ပါရှိသော ATM/CRM/POS စက်များတွင်အသုံးပြုနိုင်ပါသည်။

 

MTB Card အား အသုံးပြုရန်အတွက် ဆောင်ရန်/ရှောင်ရန် အချက်များ

၁။ MTB Card ကို အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း တစ်ဦးတည်းအမည်ဖြင့်သာ စာရင်းဖွင့်လှစ် လျှောက်ထား ခွင့်ရှိပါသည်။ တွဲဖက်စာရင်း ဖွင့်လှစ်ခွင့်မပြုပါ။

 

၂။ သင်၏ ကတ်အား စတင်အသုံးပြုရန် ဘဏ်သို့ ဆက်သွယ်တောင်းဆိုမှုအရ  ဖုန်းမက်ဆေ့ချ်(သို့မဟုတ်) အီးမေးလ်မှ တဆင့် ဘဏ်မှ Card နှင့် အတူ လျှို့ဝှက်နံပါတ်(PIN) လက်ခံရရှိပြီးပါက MTB  ATM တွင် မိမိစိတ်ကြိုက် PIN (6)လုံး ပြောင်းလဲနိုင်ပါသည်။ ပြောင်းလဲပြီးသည်နှင့် မိမိငွေလက်ကျန်အား ATM/POS စက်တို့တွင် အတည်ပြု စစ်ဆေး နိုင်ပြီး Card ဖြင့်ချိတ်ဆက်အသုံးပြုသော Account သည် Mobile/Internet Banking စနစ်ဖွင့်လှစ်ထားပါက လက်ကျန်ငွေအား Mobile/Internet Banking စနစ်တို့တွင်လည်း စစ်ဆေးနိုင်ပါသည်။ ကွဲလွဲမှုတစ်စုံတစ်ရာရှိပါက Bank သို့ချက်ချင်းအကြောင်းကြားရပါမည်။

 

၃။ Card ဖြင့် ငွေလွှဲ၊ ငွေထုတ်၊ ငွေပေးချေမှုများ ပြုလုပ်သော ငွေပမာဏအား Card ကိုင်ဆောင်သူ၏ ဘဏ်ရှိ Card စာရင်းမှနှုတ်ယူမည်ဖြစ်ပါသည်။ Card သုံးစွဲခြင်းအတွက် ဘဏ်မှအခနှုန်းထားများ သတ်မှတ်ကောက်ခံပါက Card ကိုင်ဆောင်သူ၏ဘဏ်ရှိ Card စာရင်းမှအလိုအလျောက် နှုတ်ယူမည်ဖြစ်ပါသည်။ Card ကိုင်ဆောင်သူသည် ငွေထုတ်၊ ငွေလွှဲ၊ ငွေပေးချေခြင်းများအတွက် မိမိသုံးစွဲလိုသော ငွေပမာဏကို MTB Bank ၏ ဘဏ်ခွဲများ နှင့် CRM စက်များမှ တဆင့် ငွေဖြည့်ထားရန်လိုအပ်ပါသည်။ Card စာရင်းရှိငွေပမာဏထက်ပို၍ ထုတ်ယူ သုံးစွဲ၍ မရပါ။

 

၄။ Card ကိုင်ဆောင်သူသည် ဘဏ်မှပေးအပ်သော လျှို့ဝှက်နံပါတ်(PIN)နှင့် ပြောင်းလဲအသုံးပြုထားသည့် လျှို့ဝှက်နံပါတ်(PIN)အား သင်၏ကတ်လုံခြုံမှု အတွက်  
အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ အသိပေးခြင်း၊ ထုတ်ဖော်ပြောကြားခြင်း မပြုရပါ။

 

၅။ လျှို့ဝှက်နံပါတ်(PIN) အား (၃)ကြိမ်မှားယွင်းစွာ ရိုက်ထည့်မိပါက Card အသုံးပြုခြင်းအား ယာယီပိတ်သွားမည်ဖြစ်ပါသည်။

 

၆။  ATM စက်များမှ ငွေသားထုတ်ယူရာတွင် စက်မှထွက်လာသော ငွေပမာဏအား စက်ရှေ့တွင်သာ ရေတွက် စစ်ဆေးရပါမည်။ ငွေပမာဏကွဲလွဲမှုရှိပါက ဘဏ်သို့ချက်ခြင်းအကြောင်းကြားရပါမည်။

 

၇။ Card ကိုင်ဆောင်သူသည် မိမိပြုလုပ်ခဲ့သော ငွေလွှဲ၊ ငွေထုတ်၊ ငွေပေးချေမှုများအတွက် စာရင်းရှင်းတမ်းများကို မည်သည့် MTB ဘဏ်ခွဲတွင်မဆို လာရောက်ထုတ်ယူနိုင်ပါသည်။ MTB ATM စက်များတွင်လည်း နောက်ဆုံးအသုံးပြုခဲ့သည့် Transaction အကြောင်းရေ (၅) ကြောင်းအား Mini Statement ထုတ်ယူနိုင်ပါသည်။ Card ဖြင့်ချိတ်ဆက်အသုံးပြုသော Account သည် Mobile/Internet Banking စနစ်တို့ဖွင့်လှစ်ထားပါက ငွေလွှဲ၊ ငွေထုတ်၊ ငွေပေးချေမှုများအတွက် စာရင်းရှင်းတမ်းများကို Mobile/Internet Banking စနစ်တို့တွင်လည်း Statement ထုတ်ယူစစ်ဆေးနိုင်ပါသည်။Card ဖြင့်ချိတ်ဆက်အသုံးပြုသော Account သည် Mobile/Internet Banking စနစ်တို့ဖွင့်လှစ်ထားပါက ငွေလွှဲ၊ ငွေထုတ်၊ ငွေပေးချေမှုများအတွက် စာရင်းရှင်းတမ်းများကို Mobile/Internet Banking စနစ်တို့တွင်လည်း Statement ထုတ်ယူစစ်ဆေးနိုင်ပါသည်။

 

၈။ MTB ATM စက်များတွင်လည်း နောက်ဆုံးအသုံးပြုခဲ့သည့် Transaction အကြောင်းရေ (၅) ကြောင်းအထိ Mini Statement ထုတ်ယူနိုင်ပါသည်။ Card ဖြင့်ချိတ်ဆက်အသုံးပြုသော Account သည် Mobile/Internet Banking စနစ်တို့ဖွင့်လှစ်ထားပါက ငွေလွှဲ၊ ငွေထုတ်၊ ငွေပေးချေမှုများအတွက် စာရင်းရှင်းတမ်းများကို Mobile/Internet Banking စနစ်တို့တွင်လည်း Statement ထုတ်ယူစစ်ဆေးနိုင်ပြီး အမှားရှိသည်ဟု သံသယရှိပါက Bank သို့ ချက်ချင်း အကြောင်းကြားရပါမည်။

 

၉။ Card ပျောက်ဆုံးကြောင်း ဘဏ်သို့ အကြောင်းကြားပြီးနောက် Card အားပြန်လည်တွေ့ရှိပါက ထို Card အားပြန်လည်အသုံးပြု၍မရပါ။

၁၀။ ATM စက်တွင် ငွေထုတ်ခြင်းများပြုလုပ်ပြီးပါက မိမိ Card ကို စက္ကန့် (-၃၀-) ထက်ကျော်လွန်ပြီးသည်အထိ ပြန်လည်မထုတ်ယူပါက စက်မှ အလိုအလျောက်သိမ်းယူသွားမည်ဖြစ်ပါသည်။ ထိုသို့ဖြစ်ပွားပါက MTB Bank သို့အကြောင်းကြားကာ မိမိ၏ မှတ်ပုံတင်မူရင်းနှင့်တကွ လူကိုယ်တိုင်ဘဏ်သို့ လာရောက်ပြီး မိမိ၏ Card ကိုပြန်လည်ထုတ်ယူရပါမည်။
၁၁။ ကျိုးပဲ့ပျက်ဆီးနေသော Card များကို လုံးဝ မသုံးသင့်ပါ ။ နီးစပ်ရာ Myanma Tourism Bank ၏ ဘဏ်ခွဲများတွင် Card အသစ် ပြန်လည်လျှောက်ထားရပါမည်။ သက်မှတ်ထားသော ဝန်ဆောင်ခ ပေးဆောင်ရမည်ဖြစ်ပါသည်။အမှားရှိသည်ဟု သံသယရှိပါက Bank သို့ ချက်ချင်း အကြောင်းကြားရ     ပါမည်။

 

၁၂။ PIN နံပါတ်မေ့လျော့သွားပါကနီးစပ်ရာ Myanma Tourism Bank ၏ ဘဏ်ခွဲများတွင် ပြန်လည်လျှောက်ထားရယူနိုင်ပါသည်။ သတ်မှတ်ထားသော ဝန်ဆောင်ခ ပေးဆောင်ရမည်ဖြစ်ပါသည်။

 

၁၃။ Card ကိုင်ဆောင်သူသည် မိမိဆောင်ရွက်ခဲ့သော ငွေပေးချေမှုများ၊ ငွေလွှဲ၊ ငွေထုတ်ဝန်ဆောင်မှုများတွင် အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ပြန်လည်တောင်းခံနိုင်သော ကာလ (Chargeback Period) သည် ပြည်တွင်းရှိ ATM စက်များတွင် အသုံးပြုမှုအတွက် စတင်အသုံးပြုသည့်ရက်မှ ရက်(၃၀)အတွင်း၊ POS နှင် Ecommerce တွင်အသုံးပြုသော ပေးချေမှုများအတွက် စတင်အသုံးပြုသည့်ရက်မှ ရက်(၆၀)အတွင်း သာပြန်လည် တောင်းခံနိုင်သောကြောင့် စာရင်းရှင်းတမ်းများကို Card ကိုင်ဆောင်သူမှ လစဉ်စစ်ဆေးရန်နှင့် အသုံးပြုခဲ့သော Transaction များအားလုံး၏ ပြေစာ နှင့် ဘောက်ချာများကို အထောက်အထားအဖြစ် Card ပိုင်ရှင်မှ သိမ်းဆည်းထားရပါမည်။

 

၁၄။ Card ပျောက်ဆုံးခြင်း၊ ခိုးယူခံရခြင်း နှင့် မိမိ၏ Card လျှို့ဝှက်နံပါတ် PIN မေ့လျော့ခြင်း (သို့) (လျှို့ဝှက်နံပါတ်) PIN ပေါက်ကြားခြင်း (သို့) Card နှင့်သက်ဆိုင်သော လျှို့ဝှက်အချက်အလက်များ ပေါက်ကြားသည်ဟု သံသယရှိခြင်း စသည်တို့ဖြစ်ပေါ်လာပါက MTB Bank ၏ ဖုန်းနံပါတ် ၀၉-၆၈၂၈၂၈၂ သို့ချက်ချင်းအကြောင်းကြားပေးရပါမည်။ သို့မှသာ လူကြီးမင်း၏ Card ကို မည်သူမျှအသုံးပြု၍ မရအောင် ယာယီပိတ်ထားပေးမည်ဖြစ်ပါသည်။ Card ကိုင်ဆောင်သူထံမှ အကြောင်းကြားမှုကို ဘဏ်မှလက်ခံရရှိချိန်မတိုင်မီ ဖြစ်ပေါ်ခဲ့သော ငွေလွှဲ၊ ငွေထုတ်၊ ငွေပေးချေမှုများ နှင့် အခြားမည်သည့်အငြင်းပွားမှုများကိုမဆို ဘဏ်မှတာဝန်ယူဆောင်ရွက်ပေးမည် မဟုတ်ပါ။

 

အောက်ပါ Account များသည် Card အသုံးပြုနိုင်သော Account အမျိုးအစားများဖြစ်ပါသည်။

  • စာရင်းရှင်အပ်ငွေစာရင်း (Customer)
    • (i)Individual
  • (အထူး) စာရင်းရှင်အပ်ငွေစာရင်း (Customer)
    • (i) Individual
  • စာရင်းရှင်အပ်ငွေစာရင်း (Non Resident)
    • (i) Individual
  • ငွေစုဘဏ်အပ်ငွေစာရင်း (Customer)
    • (i) Individual
    • (ii) Senior
  • (အထူး) ငွေစုဘဏ်အပ်ငွေစာရင်း (Customer)
    • (i) Individual
  • ခေါ်ယူအပ်ငွေစာရင်း (Customer)
    • (i) Individual
  • အထူးခေါ်ယူအပ်ငွေစာရင်း (Customer)
    • (i) Individual

မှတ်ချက် – Overdrawn ဖြစ်နေသော စာရင်းရှင်အပ်ငွေစာရင်း များကိုလည်း (OD Limit အတွင်း) အသုံးပြုနိုင်မည်ဖြစ်ပါသည်။

Excellent A/C များသည် စာရင်းပြောင်းခွင့် မရှိပါ။

MTB Card Fees and Charges are following:

 

Fees MTB
  နှစ်စဉ် ကြေး (မရှိ) ၃၀၀၀ ကျပ်
  ကတ်ဖိုး (First customer 3000 waive) ၃,၀၀၀ ကျပ်
  ဖျက်သိမ်းကြေး FOC
  ကတ် အသစ် လျှောက်ထားခြင်း (ပျောက်/ပျက်) ၃,၀၀၀ ကျပ်
  Pin အသစ် ပြန်လည် လျှောက်ထားခြင်း ၁,၀၀၀ ကျပ်
  အ ခြားဘဏ် ATM စက်တွင် အသုံးပြုခြင်းအတွက် MPU charges 0.1% Closed
  MTB ATM စက်တွင် အသုံးပြုခြင်းအတွက် charges မရှိပါ။ FOC
  လက် ကျန် ငွေ စစ် ဆေး ခြင်း FOC
  ဘဏ် စာ ရင်း ရှင်း တမ်း ထုတ် ယူ ခြင်း ။ Depend on OTC charges
  MTB ATM CRM စက်တွင် ငွေထည့်သွင်းခြင်း အသုံးပြုခ (မရှိပါ)  FOC
  အနည်းဆုံး လက်ကျန် ငွေ ၁,၀၀၀ ကျပ်
  ကတ် အကောင့် အချင်းချင်း ငွေလွှဲခ (တစ်ကြိမ်) ၁၀,၀၀၀,၀၀၀ ကျပ်
  ကတ် အကောင့် အချင်းချင်း ငွေလွှဲခ (တစ်ပတ်) ၅၀,၀၀၀,၀၀၀ ကျပ်
  အများဆုံးငွေထုတ်ယူခြင်း (တစ်ကြိမ်) CA/CS Account ၃၀၀,၀၀၀ ကျပ်
  အများဆုံးငွေထုတ်ယူခြင်း (တစ်ပတ်) CA/CS Account ၅၀၀,၀၀၀ ကျပ်
  POS / Online E commence များတွင် ငွေပေးချေ  အများဆုံး သတ်မှတ်ထားသောပမာဏ ၅,၀၀၀,၀၀၀ ကျပ်
  CRM စက်တွင် ငွေထည့်သွင်းနိုင်သော ငွေအရွက်ရေ  (တစ်ရက်) အကန့်အသတ်မရှိ (တကြိမ်လျှင် အငွေအရွက်ရေ ၂၀၀)
  ငွေ သွင်း ခြင်း All Account
  ငွေ လွှဲ ခြင်း All Account
   ငွေထုတ််ခြင်း Depend on Account Type