Frequently Asked Questions

MTB Card ကိုအသုံးပြုရန် အတွက် နီးစပ်ရာမြန်မာ့ခရီးသွားဘဏ်၊ ဘဏ်ခွဲ တွင် လိုအပ်သောအချက်အလက်များပေး၍ သွားရောက် လျှောက်ထား နိုင်ပါသည်။  

MTB Card ကိုအောက်ပါဘဏ်စာရင်းအမျိုးအစားများတွင်အသုံးပြုနိုင်ပါသည်။ 

  • စာရင်းရှင်အပ်ငွေစာရင်း (Customer) 

            (i)Individual  

  • (အထူး) စာရင်းရှင်အပ်ငွေစာရင်း (Customer) 

            (i) Individual 

  • စာရင်းရှင်အပ်ငွေစာရင်း (Non Resident) 

            (i) Individual 

  • ငွေစုဘဏ်အပ်ငွေစာရင်း (Customer) 

            (i) Individual 

            (ii) Senior 

  • (အထူး) ငွေစုဘဏ်အပ်ငွေစာရင်း (Customer) 

            (i) Individual 

  • ခေါ်ယူအပ်ငွေစာရင်း (Customer) 

            (i) Individual 

  • အထူးခေါ်ယူအပ်ငွေစာရင်း (Customer) 

            (i) Individual 

မှတ်ချက် - Overdrawn ဖြစ်နေသော စာရင်းရှင်အပ်ငွေစာရင်း များကိုလည်း (OD Limit အတွင်း) အသုံးပြုနိုင်မည်ဖြစ်ပါသည်။ 

  • Excellent A/C များသည် စာရင်းပြောင်းခွင့် မရှိပါ။  

  • မြန်မာနိုင်ငံရှိ MPU logoပါရှိသော ATM စက်များတွင် ငွေသားထုတ်ယူခြင်း/CRM စက်များတွင် ငွေသွင်းခြင်းများကိုပြုလုပ်နိုင်ပါသည်။ 
  • ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ငွေပေးချေရန်အတွက် နိုင်ငံအတွင်းရှိ MPU logo ပါရှိသည့် POS စက်များတွင်လည်း Card ကို အသုံးပြုနိုင်ပါသည်။ 
  • Online ငွေပေးချေမှုများတွင်လည်းအသုံးပြုနိုင်ပါသည်။ 

MTB Card ကို MPU ကွန်ယက်အတွင်းရှ  ခြားဘဏ် ATM စက်များတွငအသုံးပြုနိုင်ပါသည်။ 

MTB Card ကို MTB ATM  က်များတွငအသုံးပြုသောအခါတွင် ဝန်ဆောင်ခပေးဆောင်ရန်မလိုအပ်ပါ။  

MTB Card ပျောက်ဆုံးခြင်း ၊ ခိုးယူခံရခြင်(သို့မဟုတ်) သက်ဆိုင်ရာလျှို့ဝှက်ချက်များ ခိုးယူခံရသည်ဟုသံသယရှိပါက Call Centre (09682682682) (သို့မဟုတ်) နီးစပ်ရာမြန်မာ့ခရီးသွားဘဏ်၊ ဘဏ်ခွဲသို့ သွားရောက်၍ ချက်ချင်းအကြောင်းကြားသင့်ပါသည်။ 

Pin နံပါတ်မေလျော့သွားပါက နီးစပ်ရာမြန်မာ့ခရီးသွားဘဏ်၊ ဘဏ်ခွဲသို့ ကိုယ်တိုင်သွားရောက်ပြုလုပ်ရပါမည်။ Pin နံပါတ်အသစ်ပြောင်းလဲခြင်း ဝန်ဆောင်မှုအတွက် သတ်မှတ်ထားသောဝန်ဆောင်ခကို ပေးဆောင်ရပါမည်။  

MTB Card အား သုံးစွဲမှုကို ရပ်ဆိုင်းလိုပါက မိမိ Card ကိုယူဆောင်ပြီး နီးစပ်ရာမြန်မာ့ခရီးသွားဘဏ်၊ ဘဏ်ခွဲသို့ လူကိုယ်တိုင်သွား ရောက်၍ MTB Card ကိုပိတ်သိမ်းနိုင်ပါသည်။ 

MTB Card သည် ATM စကတွင်ကျန်ခဲ့ပါကနီးစပ်ရာမြန်မာ့ခရီးသွားဘဏ်၊ ဘဏ်ခွဲသို့ လူကိုယ်တိုင်သွား ရောက်၍ သတ်မှတ်ပုံစံဖြင့် လျှောက်ထားရပါမည် 

  • မိမိတို့အသုံးပြုခဲ့သော Transaction များအား ATM စက်တွင် Mini statement ထုတ်၍ကြည့်ရှုနိုင်ပါသည်။ 
  • နီးစပ်ရာမြန်မာ့ခရီးသွားဘဏ်၊ ဘဏ်ခွဲတွင် Statementထုတ်၍ကြည့်ရှုနိုင်ပါသည်။ သတ်မှတ်ထားသောဝန်ဆောင်ခပေးဆောင်ရပါမည်။ 

မိမိ Card ကိုယူဆောင်ပြီးနီးစပ်ရာမြန်မာ့ခရီးသွားဘဏ်၊ ဘဏ်ခွဲသို့ လူကိုယ်တိုင်သွား ရောက်၍ ကိုယ်ရေးအချက်အလက်များကို ပြင်ဆင်နိုင်ပါသည်။