News

အိန္ဒိယ-မြန်မာ ရိုးရာအစားအစာပွဲတော်
(India 🇮🇳 -Myanmar🇲🇲  Traditional Food Festival)

အိန္ဒိယအမျိုးသမီးအသင်း(ရန်ကုန်) “ Indian Women’s Association Yangon (IWAY)” နှင့် မြန်မာအမျိုးသမီး စွန့်ဦးတီထွင်သူများကွန်ရက် “ Myanmar Women Entrepreneurs Network (MYANWEN)” တို့ပူးပေါင်း၍ “ The India-Myanmar Traditional Food Festival” အိန္ဒိယ-မြန်မာ ရိုးရာအစားအစာပွဲတော် ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁၅) ရက်နေ့တွင် ရန်ကုန်မြို့ရှိ “ Swami Vivekananda Cultural Centre” ၌ မြန်မာ့ခရီးသွားဘဏ် “ MTB Bank” မှ ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ပူးပေါင်းပါဝင်ခဲ့ပါသည်။

“ The India-Myanmar Traditional Food Festival” ဟာ နှစ်သက်ကြည်နူးစရာကောင်းတဲ့ “ အချက်အပြုတ်ဆိုင်ရာ” ခရီးစဉ်တစ်ခု ဖြစ်ပြီး အိန္ဒိယလူမျိုးနဲ့မြန်မာလူမျိုးတို့ရဲ့မတူညီတဲ့ ကွဲပြားခြားနားသော အစားအသောက် ဓလေ့ထုံးတမ်းများကို ဂုဏ်ပြုရင်း ယဉ်ကျေးမှုများကို ဖလှယ်ခဲ့ကြတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး “ H.E Shri Vinay Kumar” , အိန္ဒိယအမျိုးသမီးအသင်း- ရန်ကုန် (IWAY) ၏ ဥက္ကဋ္ဌ “ Mrs. Iona Sinha” နှင့် မြန်မာအမျိုးသမီး စွန့်ဦးတီထွင်သူများကွန်ရက် (MYAWEN) ၏ ဒုတိယဥက္ကဌ ဒေါက်တာ စုလှဟန် တို့မှ စားနပ်ရိက္ခာဆိုင်ရာ သံတမန်နည်းလမ်းဖြင့် ယဉ်ကျေးမှုဖလှယ်ခြင်းဆိုင်ရာ အသိပညာပေး ဆွေးနွေးမှုများကို ပြုလုပ်ပေးခဲ့ကြတဲ့အတွက်လည်း မြန်မာ့ခရီးသွားဘဏ် “ MTB Bank” မှ အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားအပ်ပါသည်။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

#MyanmaTourismBank
#MTB_Bank
#IndiaMyanmarFoodFestival
#CulturalExchange #SwamiVivekanandaCulturalCentre

India 🇮🇳 – Myanmar 🇲🇲 Traditional Food Festival 
“ The India-Myanmar Traditional Food Festival ,We had an amazing time participating in the India-Myanmar Traditional Food Festival at the Swami Vivekananda Cultural Centre, Yangon, in collaboration with Indian Women’s Association Yangon (IWAY) and Myanmar Women Entrepreneurs Network (MYANWEN) on 15 July 2023.
🌐 It was a delightful culinary journey, celebrating the rich and diverse food traditions of India and Myanmar, fostering cultural exchange through the universal language of food diplomacy.
We express our sincere thanks to H.E. Shri Vinay Kumar, Ambassador of India to Myanmar, Mrs. Iona Sinha, President of IWAY, and Dr. Su Hla Han, Vice President of MYAWEN, for their enlightening discussions on cultural exchange through food diplomacy. 🙏🌐 
#MTB #IndiaMyanmarFoodFest #CulturalExchange #SwamiVivekanandaCulturalCentre “

 

 

ပိုင်ဆိုင်မှု ခိုင်မာသည့် ပဒုမ္မာအဆင့်မြင့်အိမ်ရာ အထူးအရောင်းပြပွဲကြီး

ပဒုမ္မာအိမ်ရာ နှင့် မြန်မာ့ခရီးသွားဘဏ် တို့ ပူးပေါင်းလက်တွဲပြီး ကျင်းပသော ပိုင်ဆိုင်မှု ခိုင်မာသည့် ပဒုမ္မာအဆင့်မြင့်အိမ်ရာ အထူးအရောင်းပြပွဲကြီးကို ဇူလိုင်လ (၉) ရက်နေ့ တနင်္ဂနွေနေ့ တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ရှိ မအူပင်ဟိုတယ်မှာ ကျင်းပခဲ့ပါသည်။ကြွရောက်လာသော ဂုဏ်သရေရှိဧည့်သည်တော်များမှ ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အရောင်းပြပွဲကြီးကို အောင်မြင်စွာဖွင့်လှစ်ပေးခဲ့ပါသည်။

ဖွင့်ပွဲကို တက်ရောက်လာသော လူကြီးမင်းများမှ အိမ်ယာပြပွဲနှင့် ပတ်သက်ပြီး မြန်မာ့ခရီးသွားဘဏ်မှ ဦးကျော်သူရဝင်း (ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ)၊ ဦးမင်းမော် (ဒါရိုက်တာ Ayeyarwaddy Inspiration)၊ ဦးဟိန်းမင်းထက် (ဒါရိုက်တာ ,Ayeyarwaddy Inspiration) ၊ ဦးကျော်လင်းဒါ (MD, Zabu Kywe Constrution Co,Ltd.) တို့မှ အသီးသီး ရှင်းလင်း ပြောကြားပေးခဲ့ပါသည်။

မအူပင်မြို့ရှိ အချက်အချာ ကျသော နေရာတွင်ရှိသော ပဒုမ္မာ အဆင်မြင့်အိမ်ရာသည် ပိုင်ဆိုင်မှု ခိုင်မာသော အိမ်ရာ project တစ်ခုဖြစ်ပြီး ဝယ်ယူသော customer များအတွက် မြန်မာ့ခရီးသွားဘဏ်၏ အိမ်ယာချေးငွေ ဝန်ဆောင်မှုများနှင့် ချိတ်ဆက်၍ ပေးချေး ဝယ်ယူနိုင်သော အိမ်ယာပြပွဲ တစ်ခုဖြစ်ပါသည်။
MTB Customer Service Phone – 09 682 682 682
𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့
#MyanmaTourismBank #MTB_Bank

ထိုင်း – မြန်မာ နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး အရှိန်အဟုန် ပိုမိုမြင့်မားစေရန်
ရည်ရွယ်ချက်ဖြင့် UMBEEA မှ ကြီးမှုးကျင်းပသော BAMAR – THAI Trade Fair 2023 ကို ၀၃၊ ဂျူလိုင်လ၊၂၀၂၃(တနင်္လာနေ့) တွင် Junction City Promotion Area မှာပြုလုပ် ကျင်းပခဲ့ပါသည်။

ထိုင်းနိုင်ငံဖက်မှ ကုမ္ပဏီတိုက်ရိုက် လာရောက် မိတ်ဆက်/ပြသ/ရောင်းချသော ထုတ်ကုန်များမှာ Cosmetic အမျိုးမျိုး, Goat Milk Products များ, Birds Nest, Honey, Noodles, Perfume, Automotive disc brake, Supplements, Herbal, Sweet Tamarind, Eye Lab Progressive Experts(မျက်ကပ်မှန်အမျိုးမျိုး), စားသောက်ကုန်အမျိုးမျိုး ဖြစ်ပြီး
မြန်မာနိုင်ငံဖက်မှ လာဘ်တံခွန် စိန်ရွှေကျောက်မျက်ရတနာဆိုင်၊ လက်ခတ်သံမြန်မာ့လုံချည်အမျိုးမျိုး၊ Apex မြန်မာ့တွင်းထွက်များ၊ ရှု့ရှု့ယဉ်ပုံတော်ဖိနပ်များ၊ လွှမ်းမိုးသူမှ အိတ်အမျိုးမျိုး၊ ရွှေ ပေါ်မြတင်ဆန်/ဆီ၊ Aung Wood မြန်မာ့လက်မှု့၊ ဇီဝမင်းတိုင်းရင်ဆေးအမျိုးမျိုး၊ လာဘ်ပိုးအိမ်သဘာဝထုတ်ကုန်၊ ရွှေပဲဆီသန့်၊ မျိုးမြန်မာမင်း Tour, A1 groups of Companies, Wyne International Company, အရမ်းကြိုက် စားသောက်ကုန်ဖြန်ချီရေး စသည်တို့မှ နိုင်ငံတွင်း ထွက်ကုန်များကို တိုက်ရိုက် လာရောက် ပြသပေးခြင်းဖြစ်ပါသည်။

BAMAR – THAI Trade Fair 2023 (UMBEEA) ပွဲ Financial Partner Bank အဖြစ် Myanma Tourism Bank မှလည်း ပါဝင် ဆင် နွှဲ ခဲ့ပြီး MTB Bank ၏ International Foreign Banking, International Trade Financial service များ.၊ AUTO LOAN , Mobile Banking, MPU Debit ကဒ်၊ ချေးငွေ ဝန်ဆောင်မှု အသစ်များကို ပွဲအတွင်း တက်ရောက်သူများကို မိတ်ဆက်ပြသပေးခဲ့ပါသည် ။
#Bamar_Thai_TradeFair2023 #Myanmatourismbank #MTBBank  

Press Release
မြန်မာ့ခရီးသွားဘဏ်လီမိတက်(ရုံးချုပ်) နှင့် (ရုံးချုပ်) ဘဏ်ခွဲ (တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ရွှေတောင်တန်း၊ ယုဇနပလာဇာ၊ ပြည်လမ်းဘဏ်ခွဲ) ဖွင့်ပွဲ အခမ်းအနား ကို ရန်ကုန်တိုင်းဒေသကြီး ၊
၂ဝ၂၃ခုနှစ်၊ မေလ ၁၁ ရက် – ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ စီးပွားရေးကဏ္ဍတွင် ပြည်သူများနှင့်အတူ တစ်ဖက်တစ်လမ်းမှ ပံ့ပိုကူညီပေးလျက်ရှိသော မြန်မာ့ခရီးသွားဘဏ်သည် မြန်မာ့ခရီးသွားဘဏ်လီမိတတ် (ရုံးချုပ်)နှင့် (ရုံးချုပ်)ဘဏ်ခွဲ (တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ရွှေတောင်တန်း၊ ယုဇနပလာဇာ၊ ပြည်လမ်းဘဏ်ခွဲ)တို့ကို တပြိုက်နက်တည်းဖွင့်လှစ်ကာ ဘဏ်ဝန်ဆောင်မှု များအား စတင်ဆောင်ရွက်ပေးနေပြီဖြစ်ပါသည်။ အခမ်းအနားတွင် ကြွရောက်လာသော ဧည့်သည်တော်ကြီးများအား နဝရတ်ကိုးပါးမင်္ဂလာအကဖြင့် ကြိုဆိုနှုတ်ဆက်ကပြဖျော်ဖြေခဲ့ပြီး မင်္ဂလာအချိန် ကျရောက်သည့်အခါသမယတွင် မြန်မာ့ခရီးသွားဘဏ်လီမိတက်၏ ဥက္ကဋ္ဌကြီးဦးရန်ဝင်း နှင့်တကွ ဖိတ်ကြားထားသော လူကြီးမင်းများမှ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် ဥက္ကဋ္ဌကြီး ဦးရန်ဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဧည့်သည်တော်ကြီးများနှင့်အတူ မြန်မာ့ခရီးသွားဘဏ် လီမိတက်(ရုံးချုပ်) အဝင်တံခါးဝသို့ ရွှေရည်၊ ငွေရည်ပတ်ဖြန်းကာ ရုံးခန်းအတွင်းရှိ လုပ်ငန်းဌာနများသို့ ဝင်ရောက်လေ့လာကြည့်ရှုခဲ့ကြပါသည်။ အခမ်းအနားသို့ ကြွရောက်လာသော ဧည့်သည်တော်ကြီးများအား မြန်မာ့ခရီးသွားဘဏ်မှ နံနက်စာဖြင့်တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပြီး အမှတ်တရဓာတ်ပုံများရိုက်ကူးကာ မြန်မာ့ခရီးသွားဘဏ်လီမိတက်(ရုံးချုပ်) နှင့် (ရုံးချုပ်) ဘဏ်ခွဲ (တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ရွှေတောင်တန်း၊ ယုဇနပလာဇာ၊ ပြည်လမ်းဘဏ်ခွဲ) ဖွင့်ပွဲအခမ်းအနားအား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။ လက်ရှိတွင် မြန်မာ့ခရီးသွားဘဏ်သည် ရန်ကုန်၊မန္တလေး၊ နေပြည်တော်၊ တောင်ကြီး ၊ မုံရွာ ၊ မူဆယ် နှင့် မြဝတီမြို့များတွင် လည်း ဘဏ်ခွဲများဖွင့်လှစ်ပြီး ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ ယခုအခါ မြန်မာ့ခရီးသွားဘဏ်ရုံးချုပ်(ဆူးလေ)နှင့် အခြားဘဏ်ခွဲ များတွင်လည်း ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု များဖြစ်သော ငွေသွင်းခြင်း၊ငွေထုတ်ခြင်း၊ငွေလွှဲခြင်း၊ စာရင်းသစ် ဖွင့်လှစ်ခြင်း ၊ Mobile banking ၊ debit card နှင့် ချေးငွေဆိုင်ရာကိစ္စရပ်များ ဝန်ဆောင်မှုပေးလျက်ရှိပြီး ရွှေဂုံတိုင်မြို့နယ်ရှိ International Banking Department တွင်လည်း ဆိုင်ရာဘဏ်လုပ်ငန်း နိုင်ငံတကာနှင့်ချိတ်ဆက်ပြီး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာ့ခရီးသွားဘဏ်အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော ငွေကြေးမူဝါဒဆိုင်ရာ (Monetary Policy)များကို အောင်မြင်စေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်၍ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍအသီးသီး ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတတ်စေရန် အထူးသဖြင့် မြန်မာ့ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတတ်ပြီး တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီရန်အတွက် ချေးငွေဝန်ဆောင်မှုအသစ်များကိုဖန်တီးပြီး ငွေကြေးထောက်ပံ့မူများ ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ ခရီးသွားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတတ်စေရန်အတွက် ကူညီပံ့ပိုးဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ့ခရီးသွားဘဏ်အကြောင်း အကျဉ်းဖော်ပြချက် ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းများလုပ်ဆောင်ရန်လိုင်စင်ရရှိခဲ့သော ပုဂ္ဂလိကဘဏ်များထဲမှ တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်းများနှင့် SME များအား အထောက်အကူပြုပြီး ဆိုင်ရာအခန်းကဏ္ဍမှ ပါဝင်ကာ နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် အလေးထားသော မြန်မာ့ခရီးသွားဘဏ်သည် လက်ရှိတွင် ဘဏ်ခွဲ (၁၇)ခုဖြင့် မိဘပြည်သူများအား ဘဏ်လုပ်ငန်းဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ ထို့အပြင်ဘဏ်လုပ်ငန်းများအတွက် အဆင်ပြေလွယ်ကူစေရန် ထုတ်ကုန်အသစ်များအပါအဝင် retail နှင့် corporate banking များကိုပါ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးစားလျက်ရှိသည်။ အခြား သတင်းအချက်အလက်များ ထပ်မံသိရှိလိုပါက မြန်မာ့ခရီးသွားဘဏ်၏ viber channel အား join ထား၍သော်လည်းကောင်း ၊ https://www.facebook.com/MyanmaTourismBankတွင် လည်းကောင်း ဝင်ရောက်ကြ

https://www.facebook.com/MyanmaTourismBankတွင် လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 

မြန်မာ့ခရီးသွားဘဏ် (MTB Bank) ၏ မန္တလေး (ကျွဲဆည်ကန်ဘဏ်ခွဲ) ကို ယနေ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ၊ (၄)ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး မြန်မာ့ခရီးသွားဘဏ်၏ မြန်ဆန်၊ ကောင်းမွန်၊ စိတ်ချရသော ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများအား မိဘပြည်သူများ အဆင်ပြေလွယ်ကူစွာ လာရောက်ဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်း နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။

မြန်မာ့ခရီးသွားဘဏ် အား အစဉ်အမြဲ ယုံကြည်စွာလက်တွဲခဲ့ကြသည့် ချစ်မိတ်ဆွေ Customer များကြောင့် Myanma Tourism Bank သည် လက်ရှိအချိန်တွင်…

– ရန်ကုန်(ရုံးချုပ်)ဘဏ်ခွဲ
– မန္တလေး (၂၇) လမ်းဘဏ်ခွဲ
– နေပြည်တော် (သပြေကုန်းဘဏ်ခွဲ)
– မြဝတီ ဘဏ်ခွဲ
– ရန်ကုန်(ဘုရင့်နောင်ဘဏ်ခွဲ)
– ရန်ကုန် (ရွှေဘုံသာဘဏ်ခွဲ)
– တောင်ကြီးဘဏ်ခွဲ
– မုံရွာဘဏ်ခွဲ
– ရန်ကုန် (ရွှေဂုံတိုင်ဘဏ်ခွဲ)
– မူဆယ်ဘဏ်ခွဲ
– မန္တလေး (မနော်ဟရီဘဏ်ခွဲ)
– မန္တလေး (စျေးချိုဘဏ်ခွဲ) နှင့်
– မန္တလေး (ကျွဲဆည်ကန်ဘဏ်ခွဲ) စုစုပေါင်း ဘဏ်ခွဲ (၁၃) ဘဏ်အား အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီး အများပြည်သူသို့ အကောင်းဆုံးဝန်ဆောင်မှုများပေးအပ်ရန်
အသင့်ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

မြန်မာ့ခရီးသွားဘဏ်  မန္တလေး (ကျွဲဆည်ကန်ဘဏ်ခွဲ)  လိပ်စာ – အမှတ် (စ/၇၉)၊ (၅) လမ်းနှင့် (၆)လမ်းကြား၊ ရန်မန်းလမ်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

Ph ☎️ 02 4056086,02 4056087

မန္တလေးတိုင်းဒေသကြီး ၊ ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၃ ရက် – ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ စီးပွားရေးကဏ္ဍတွင် ပြည်သူများနှင့်အတူ တစ်ဖက်တစ်လမ်းမှ ပံ့ပိုကူညီပေးလျက်ရှိသော မြန်မာ့ခရီးသွားဘဏ်သည် မနော်ဟရီဘဏ်ခွဲသစ်အား ချမ်းမြသာစည်မြို့နယ်၊ (၆၂)လမ်း၊ (၁၁၀x၁၀၉) လမ်းကြား၊  အမှတ်(င-၆ ) နှင့်စျေးချိုဘဏ်ခွဲသစ်အား အောင်မြေသာဇံ မြို့နယ် ၂၆ လမ်း နှင့် ၈၆ လမ်းထောင့် တိုက်အမှတ် (၁) တို့တွင် မြန်မာ့ခရီးသွားဘဏ်၏  ၁၁ဘဏ် နှင့် ၁၂ ဘဏ်မြောက် ဘဏ်ခွဲသစ် ( ၂ ) ဘဏ် အားဖွင့်လှစ်ကာ ဘဏ်ဝန်ဆောင်မှု များအား စတင်ဆောင်ရွက်ပေးနေပြီဖြစ်ပါသည်။ လက်ရှိတွင် မြန်မာ့ခရီးသွားဘဏ်သည် ရန်ကုန်၊မန္တလေး၊ နေပြည်တော်၊ တောင်ကြီး ၊ မုံရွာ ၊ မူဆယ် နှင့် မြဝတီမြို့များတွင် လည်း ဘဏ်ခွဲများဖွင့်လှစ်ပြီး ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့ခရီးသွားဘဏ်ရုံးချုပ်နှင့် အခြားဘဏ်ခွဲ များတွင်လည်း ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု များဖြစ်သော ငွေသွင်းခြင်း၊ငွေထုတ်ခြင်း၊ငွေလွှဲခြင်း၊ စာရင်းသစ် ဖွင့်လှစ်ခြင်း နှင့် ချေးငွေဆိုင်ရာကိစ္စရပ်များကိုဝန်ဆောင်မှုပေးလျက်ရှိပြီး ရွှေဂုံတိုင်မြို့နယ်ရှိ International Banking Department တွင်လည်း ဆိုင်ရာဘဏ်လုပ်ငန်း ဝန်ဆောင်မှု များကို  ဆောင်ရွက်ပေးလျက်ရှိပါသည်။

မြန်မာ့ခရီးသွားဘဏ်အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော ငွေကြေးမူဝါဒဆိုင်ရာ (Monetary Policy)များကို အောင်မြင်စေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်၍ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍအသီးသီး ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတတ်စေရန် အထူးသဖြင့် မြန်မာ့ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတတ်ပြီး တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီရန်အတွက် ချေးငွေဝန်ဆောင်မှုအသစ်များကိုဖန်တီးပြီး ငွေကြေးထောက်ပံ့မူများ ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ ခရီးသွားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတတ်စေရန်အတွက် ကူညီပံ့ပိုးဆောင်ရွက်လျက်ရှိပါသည်။

မြန်မာ့ခရီးသွားဘဏ်အကြောင်း အကျဉ်းဖော်ပြချက်

၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းများလုပ်ဆောင်ရန်လိုင်စင်ရရှိခဲ့သော ပုဂ္ဂလိကဘဏ်များထဲမှ တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်းများနှင့် SME များအား အထောက်အကူပြုပြီး ဆိုင်ရာအခန်းကဏ္ဍမှ ပါဝင်ကာ နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် အလေးထားသော မြန်မာ့ခရီးသွားဘဏ်သည် လက်ရှိတွင် ဘဏ်ခွဲ (၆)ခုဖြင့် မိဘပြည်သူများအား ဘဏ်လုပ်ငန်းဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ ထို့အပြင်ဘဏ်လုပ်ငန်းများအတွက် အဆင်ပြေလွယ်ကူစေရန် ထုတ်ကုန်အသစ်များအပါအဝင် retail နှင့် corporate banking များကိုပါ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးစားလျက်ရှိသည်။
အခြား သတင်းအချက်အလက်များ ထပ်မံသိရှိလိုပါက https://www.facebook.com/MyanmaTourismBank တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မြန်မာခရီးသွားဘဏ် မှ အသစ်ထပ်မံ ဖွင့်လှစ်သွားမည့်  ဘဏ်ခွဲများတွင် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း
|မန္တလေးမြို့တွင် အသစ်ထပ်မံ ဖွင့်လှစ်သွားမည့် ဘဏ်ခွဲအသစ်များဖြစ်သော (မနော်ဟရီဘဏ်ခွဲသစ်) နှင့် (ဈေးချိုဘဏ်ခွဲသစ်) တို့တွင်
ဘဏ် တာဝန်ရှိ လူကြီးမင်းများနှင့် ဘဏ်ခွဲအသီးသီးရှိ ဝန်ထမ်းများမှ သံဃာတော်(၅) ပါးအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါသည်။
(၂၀၂၂) ခုနှစ်၊ ဩဂုတ်လ၊(၂)ရက်နေ့ ၊ အဂ်ါနေ့

” Covid-19 ​ရောဂါကို ကာကွယ်ကာ၊ ကျန်းမာစွာ​နေထိုင်ပါ “
မြန်မာနိုင်ငံမှာ Covid-19 ဟာ လက်ရှိအချိန်ထိ ဖြစ်ပွားနေဆဲ​ရောဂါမို့ MTB Bank ရဲ့မိတ်ဆွေများအားလုံးအ​နေဖြင့် ​ရောဂါကူးစက်ခံရခြင်းမှ ကင်း​ဝေးပြီး ကျန်းမာရေး ကောင်းမွန်နေဖို့အတွက် အမြဲဂရုစိုက်နေထိုင်ဖို့ မမေ့နဲ့နော်။🙏 ဒါကြောင့်…
🏠 တတ်နိုင်သမျှအိမ်မှာနေပြီး Covid ကိုကာကွယ်ပါ
✋ လက်ကိုမကြာခဏဆေး​​ကြောပါ
😷 အပြင်သွားတိုင်း Mask ကို စနစ်တကျတပ်ဆင်ပါ
👥 လူစုလူဝေးကိုရှောင်ရှားပါ
😴 အိပ်ရေးဝဝအိပ်ပါ
💪 ကိုယ်ခံအားကောင်းဖို့ အာဟာရပြည့်စွာစားသုံးပါ
↔️ တဦးနှင့်တဦးခပ်ခွာခွာနေပါ။
မြန်မာနိုင်ငံသူ/ နိုင်ငံသားတိုင်း Covid ကင်းကွာ၊ ကျန်းမာ စေဖို့ MTB Bank မှ ဆန္ဒပြုလိုက်ပါတယ်။🙏
𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့
#MyanmaTourismBank
#MTB_Bank
#CovidCare

မြန်မာ့ခရီးသွားဘဏ်(Myanma Tourism Bank – MTB) နှင့် မြန်မာနိုင်ငံခရီးသွားသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း(MTTA)တို့ နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးခြင်း

ရန်ကုန်၊ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် – မြန်မာ့ခရီးသွားဘဏ်( Myanma Tourism Bank – MTB) နှင့် မြန်မာနိုင်ငံခရီးသွား သယ်ယူပို့ ဆောင်ရေးလုပ်ငန်းရှင်များအသင်း (MTTA)တို့သည် အနာဂတ်လုပ်ငန်းများဆိုင်ရာနာလည်မှုစာချွန်လွှာ (MOU)တွင် လက်မှတ်ရေးထိုး ကြောင်း ကြေငြာခဲ့ပါသည်။

မြန်မာ့ခရီးသွားဘဏ်အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသောငွေကြေးမူဝါဒဆိုင်ရာ (Monetary Policy)များကိုအောင်မြင်စေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်ချက်များနှင့်အညီအကောင်းအထည်ဖော်ဆောင်ရွက်၍ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတတ်စေရေးအား တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီရန်အတွက် ပြည်တွင်းပြည်ပခရီးသွားသယ်ယူပို့ဆောင်ရေးကဏ္ဍပိုမိုဖွံ့ဖြိုးစေရေးအားကူညီပံ့ပိုးဆောင်ရွက်ပေးရန် ရည်ရွယ်ပါသည်။

မြန်မာနိုင်ငံခရီးသွားသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းအနေဖြင့် ယင်းတို့၏ အသင်းဝင်ကုမ္ပဏီများ၏ ကျဆင်းလျက်ရှိသောပြည်တွင်း ပြည်ပခရီးသွားများသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် မြန်မာ့ခရီးသွားဘဏ်၏ ငွေကြေးအထောက်အပံ့များရရှိခြင်းဖြင့် ကုမ္ပဏီများ၏ ဆက်လက် ရပ်တည်မှုကိုပိုမိုခိုင်မာစေရန်နှင့် နိုင်ငံ၏ခရီးသွားကဏ္ဍကိုပိုမိုတိုးတတ်လာစေရန် ဖြစ်ပါသည်။

မြန်မာ့ခရီးသွားဘဏ်အကြောင်းအကျဉ်းဖော်ပြချက်

၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းများလုပ်ဆောင်ရန်လိုင်စင်ရရှိခဲ့သောပုဂ္ဂလိကဘဏ်များထဲမှ တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံရှိခရီသွားလုပ်ငန်းများနှင့် smeများအားအထောက်အကူပြုပြီးဆိုင်ရာအခန်းကဏ္ဍမှ ပါဝင်ကာနိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် အလေးထားသောမြန်မာ့ခရီးသွားဘဏ်သည် လက်ရှိတွင် ဘဏ်ခွဲ (၆)ခုဖြင့် မိဘပြည်သူများအား ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ ထို့အပြင်ဘဏ်လုပ်ငန်းများအတွက် အဆင်ပြေလွယ်ကူစေရန် ထုတ်ကုန်အသစ်များအပါအဝင် retail နှင့် corporate banking များကိုပါ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးစားလျက်ရှိသည်။ အခြားသတင်းအချက်အလက်များထပ်မံသိရှိလိုပါကhttps://www.facebook.com/MyanmaTourismBankတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မြန်မာနိုင်ငံခရီးသွားသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းအကြောင်း အကျဉ်းဖော်ပြချက်

မြန်မာနိုင်ငံခရီးသွားသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းအား၂၀၁၁ခုနှစ်၊ ဧပြီလတွင်စတင်ဖွဲ့စီးခဲ့ပြီး၂၀၁၆ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် မြန်မာနိုင်ငံခရီးသွာသယ်ယူပို့ဆောင်ရေးကဏ္ဍအားပိုမိုတိုးတတ်ပြီးနိုင်ငံတစ်ကာအဆင့်မှီဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ အလုပ်အမှုဆောင်များ ပြန်လည်ရွေးချယ်ပြီးအသင်းလုပ်ငန်းများဆောင်ရွက်ကာ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ ၁၈ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု မှတ်ပုံတင်ရေးအဖွဲ့မှ ပေးအပ်သောပြည်တွင်းအသင်းအဖွဲ့ မှတ်ပုံတင်လက်မှတ်ရရှိခဲ့ပါသည်။ အခြားသတင်းအချက်အလက်များ ထပ်မံသိရှိလိုပါက https://www.facebook.com/ygn.mttaတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မြန်မာ့ခရီးသွားဘဏ်၏ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများမိတ်ဆက်ခြင်းနှင့် ညစာစားပွဲအခမ်းအနား

မြန်မာ့ခရီးသွားဘဏ်၏ ဝန်ဆောင်မှုများကို IBPC အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အဖွဲ့အဝင်များသို့ မိတ်ဆက်ခြင်းနှင့် ညစာစားပွဲအခမ်းအနားကို သြဂုတ်လ ၇ ရက်နေ့ညက Pan Pacific Hotel တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် International Business Promotion Centre (IBPC) ဥက္ကဋ္ဌ ဦးအိုက်ထွန်းကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာ့ခရီးသွားဘဏ်ဥက္ကဋ္ဌ ဦးရန်ဝင်းက အခမ်းအနားနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး မြန်မာ့ခရီးသွားဘဏ် ဒုတိယက္ကဋ္ဌ ဦးသိန်းဟန်ကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာ့ခရီးသွားဘဏ် ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦး Andrew Khant က မြန်မာခရီးသွားဘဏ်၏ ဝန်ဆောင်မှုများကို ရှင်းလင်းမိတ်ဆက်ခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များအားမြန်မာ့ခရီးသွားဘဏ်ဝန်ထမ်းများမှ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများပေးအပ်ခဲ့ပါသည်။

AGTI ကျောင်းသားဟောင်းများအသင်း၏(၃၅)ကြိမ်မြောက် Myanma Tourism Bank Cup 2019 ဂေါက်သီးရိုက်အားကစားပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို 02 December 2019 တွင် ရန်ကုန်မြို့ ၉မိုင်ရှိ Myanmar Golf Club (MGC) မှာ ကျင်းပခဲ့ပါသည်။ မနက်ပိုင်းတွက် အားကစားသမား (၁၃၄)ဦးမှ (၅) ယောက်တစ်ဖွဲ့ အသီးသီး ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဂုဏ်ပြုညစာစားပွဲအစီအစဉ်အရ AGTI Association မှ ဦးငြိမ်းအောင်နှင့် မြန်မာ့ခရီးသွားဘဏ်ဥက္ကဌ ဦးရန်ဝင်းတို့မှ ကြိုဆိုနှုတ်ခွန်းဆက် စကားများပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး မြန်မာ့ခရီးသွားဘဏ် CEO Mr.Phillip Koh က MTB Bank ၏ မူဝါဒ နှင့် ရည်ရွယ်ချက်များကို ပြောကြားသွားခဲ့ပါသည်။ ထို့နောက် MTB Bank ၏ DY MD ဦးဇော်သူမှ ဘဏ်ရဲ့ products and services များအကြောင်း ရှင်းလင်းပြောကြားပြီး Myanma Tourism Bank Cup 2019 Golf ပြိုင်ပွဲတွေ ဆုရရှိသွားသူများကို အသီးသီး ဆုများချီးမြှင့်ပေးခဲ့ပါသည်။
“ 𝐂𝐑𝐄𝐀𝐓𝐄 𝐘𝐎𝐔𝐑 𝐖𝐎𝐑𝐋𝐃 𝐖𝐈𝐓𝐇 𝐌𝐓𝐁 “