Performance Bank Guarantee
အစိုးရအဖွဲ့အစည်းများနှင့် ဆက်စပ်သောလုပ်ငန်းများဖြစ်သည့် တင်ဒါ Project လုပ်ငန်းများလုပ်ဆောင်ရာတွင် တင်ပြရန်အတွက် ဘဏ်မှတာဝန်ယူအာမခံပေးသည့် လုပ်ငန်းဆောင်ရွက်မှုအာမခံ (Performance Bank Guarantee) တင်ပြနိုင်သော ဝန်ဆောင်မှု အမျိုးအစားဖြစ်ပါသည်။
Bid Bond/Tender Guarantee
အစိုးရအဖွဲ့အစည်းများ မှ ခေါ်ယူသော Tender Project လုပ်ငန်းများကို ပြင်ပအဖွဲ့အစည်းများ မှ လျှောက်ထားရာတွင် လိုအပ်သည့် “ Bid Bond/Tender Guarantee” ဝန်ဆောင်မှုအမျိုးအစားဖြစ်ပြီးငွေသားအာမခံ (သို့) မရွှေ့ပြောင်းနိုင်သော အဆောက်အဦး/မြေ စသည့် ပစ္စည်းတို့အား အာမခံအဖြစ်ထားရှိဆောင်ရွက်နိုင်ပါသည်။
Advanced Payment Guarantee
Tender Project လုပ်ငန်းများစတင်ဆောင်ရွက်ရာတွင်ကြိုတင်ငွေအချို့ကိုသက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများထံမှစတင်ထုတ်ယူရန်အတွက် ဘဏ်မှအာမခံပေးသည့်ဝန်ဆောင်မှု (Advanced Payment Guarantee) ဝန်ဆောင်မှုအမျိုးအစားဖြစ်ပြီး ထုတ်ယူမည့် ငွေပမာဏနှင့် ကိုက်ညီသည့်တန်ဖိုးရှိသော မြေ/အဆောက်အဦး တို့အား ဘဏ်မှ အာမခံပစ္စည်းအဖြစ်လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။