Intra-bank Remittance (IR)

မြန်မာ့ခရီးသွားဘဏ်(MTB) ဘဏ်ခွဲအချင်းချင်းငွေလွှဲခြင်းလုပ်ငန်း (Intra Bank Remittance (IR))

MTB ၏ဘဏ်ခွဲများအကြား(ပြည်တွင်း)ငွေလွှဲပေးပို့ခြင်း(Drawing) လွှဲပို့ငွေထုတ်ပေးခြင်း (Encashment) ဖြစ်ပါသည်။

 

ရရှိနိုင်သောအကျိုးအမြတ်များ

  • မှတ်ပုံတင်ဖြင့်လွှဲပို့ငွေထုတ်ယူနိုင်ပြီးစာရင်းလွှဲပြောင်းပေးသွင်းနိုင်ပါသည်။
  • ငွေပမာဏကန့်သတ်ချက်မရှိ Online စနစ်ဖြင့်ဆောင်ရွက်ပေးပါသည်။

MTB ဘဏ်တွင်ငွေသားဖြင့်လည်းကောင်း၊စာရင်းပြောင်းနည်းဖြင့်လည်းကောင်းငွေလွှဲဆောင်ရွက်နိုင်ပါသည်။

ငွေလွှဲခနှုန်းထားများ

MTB 🔄 MTB (၂)ပြားခွဲ၊ အနည်းဆုံး (၁၀၀ကျပ်)

Other Bank Remittance (OBR)

MTB ဘဏ်၏ဘဏ်ခွဲများနှင့် (ချိတ်ဆက်ထားသော)အခြားဘဏ်များ၏ဘဏ်ခွဲများအကြား (အထူးဒေသများအပါအဝင်) (ပြည်တွင်း)ငွေလွှဲပေးပို့ခြင်း (Drawing) ၊လွှဲပို့ငွေထုတ်ပေးခြင်း (Encashment) လုပ်ငန်းဖြစ်ပါသည်။ မှတ်ပုံတင်ဖြင့် လွှဲပို့ငွေထုတ်ယူနိုင်ခြင်း၊ စာရင်းလွှဲပြောင်းပေးသွင်းနိုင်ပါသည်။အထူးဒေသများသို့ဘဏ်အလိုက်အခါအားလျော်စွာသတ်မှတ်သည့်ပမာဏကိုလွှဲပို့နိုင်ပါသည်။ချိတ်ဆက်ထားသောဘဏ်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

  • မြန်မာ့ရှေ့ဆောင်ဘဏ်(MAB)
  • မြန်မာအရှေ့တိုင်းဘဏ် (MOB)
  • သမဝါယမဘဏ်(CB)
  • မြန်မာနိုင်ငံသားများဘဏ်(MCB)
  • အင်းဝဘဏ်(IBL)

ရရှိနိုင်သောအကျိုးအမြတ်များ

  • လူမှုရေး၊စီးပွားရေးလုပ်ငန်းများအတွက် MTB ဘဏ်နှင့်ချိတ်ဆက်ဘဏ်များတွင်လွှဲပို့ငွေထုတ်ယူခြင်းများကိုမြန်မာပြည်တစ်ဝှမ်းဒေသအသီးသီးသို့လျှင်မြန်အဆင်ပြေစွာဆောင်ရွက်နိုင်ခြင်း။
  • MTB ဘဏ်တွင်ငွေသားဖြင့်လည်းကောင်း၊စာရင်းပြောင်းနည်းဖြင့်လည်းကောင်းငွေလွှဲဆောင်ရွက်နိုင်ပါသည်။

လိုအပ်ချက်များ

  • မှတ်ပုံတင်ဖြင့်လွှဲပို့ငွေထုတ်ယူနိုင်ပြီးစာရင်းလွှဲပြောင်းပေးသွင်းနိုင်သည်။
  • ဆက်သွယ်ခကိုငွေလွှဲပို့သည့်ဘဏ်မှသတ်မှတ်နှုန်းဖြင့်ကောက်ခံပါသည်။

✅ ငွေလွှဲခနှုန်းထားများ

 

Banks Transfer Rate
MTB 🔄 MTB (၂)ပြားခွဲ၊ အနည်းဆုံး (၁၀၀ကျပ်)
MTB 🔄 MAB (၅)ပြား၊ အနည်းဆုံး (၁၀၀ကျပ်)
အထူးဒေသနှုန်း( ကျိုင်းတုံ – (၂၀)ပြား၊ ဗန်းမော် – (၂၀)ပြား၊ မူဆယ် – (၁၀)ပြား
MTB 🔄 MCB (၅)ပြား၊ အနည်းဆုံး (၁၅၀ကျပ်)
MTB 🔄 CB (၁၀)ပြား၊ အနည်းဆုံး (၂၀၀ကျပ်)
MTB 🔄 MOB (၁၀)ပြား၊ အနည်းဆုံး (၂၀၀ကျပ်)
MTB 🔄 IBL (၁၀)ပြား၊ အနည်းဆုံး (၁၀၀ကျပ်)