Internet Banking ဆိုသည်မှာဘဏ်သို့လူကိုယ်တိုင်သွားရောက်ရန်မလိုအပ်ဘဲအချိန်မရွေး၊နေရာမရွေးဘဏ်လုပ်ငန်းဝန်ဆောင်မှုအားလုံးကိုလုံခြုံစိတ်ချစွာဖြင့်မိမိကိုယ်တိုင်ဆောင်ရွက်နိုင်သောဝန်ဆောင်မှုတစ်ခုပင်ဖြစ်ပါသည်။ Customer များသည်မိမိတို့၏ Computer (သို့မဟုတ်) Laptop နှင့် Smartphone များတွင်အင်တာနက်ဖွင့်ရုံဖြင့်ဘဏ်သို့လူကိုယ်တိုင်လာရောက်ရန်မလိုအပ်ဘဲအချိန်မရွေး နေရာမရွေးတစ်နေရာထဲမှာပင်မိမိတို့၏ဘဏ်လုပ်ငန်း ဆိုင်ရာကိစ္စရပ်များကို စီမံခန့်ခွဲနိုင်မည်ဖြစ်ပါသည်။
ငွေကြေးစီမံခန့်ခွဲမှု
မြန်မာ့ခရီးသွားဘဏ်၏ကိုယ်ပိုင်သုံးနှင့်လုပ်ငန်းသုံးဟူ၍အမျိုးအစားနှစ်မျိုးအတွက်အပ်ငွေစာရင်းများ၏ငွေကြေးလည်ပတ်မှုအားလုံးကိုကြည့်ရှုနိုင်မည်ဖြစ်သည်။
Internet banking ဖြင့် ငွေလွှဲပြောင်းခြင်း
မြန်မာ့ခရီးသွားဘဏ်သည်၀န်ဆောင်ခအခမဲ့ဖြင့် ငွေစုဘဏ်စာရင်း၊ စာရင်းရှင်စာရင်းနှင့်ခေါ်ယူအပ်ငွေစာရင်း အချင်းချင်းငွေလွှဲခြင်းများကို မိမိ လွှဲလိုသည့်ငွေပမာဏကိုရိုက်ထည့်ပြီးလွှဲပြောင်းနိုင်မည်ဖြစ်သည်။
Internet Banking ဝန်ဆောင်မှုအသုံးပြုနိုင်သူများ
Internet Banking ဝန်ဆောင်မှုအသုံးပြုနိုင်သူများမှာတစ်ဦးချင်း၊ပုဂ္ဂလိကကုမ္ပဏီများနှင့်အသင်းအဖွဲ့၊အဖွဲ့အစည်းများဖြစ်ပါသည်။
Internet Banking လျှောက်ထားရန်လိုအပ်ချက်များ
Internet Banking လျှောက်ထားရန်လိုအပ်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။
- Internet Banking အားအသုံးပြုမည့်User သည်မြန်မာ့ခရီးသွားဘဏ်တွင်ဘဏ်စာရင်းဖွင့်ထားရန်လိုအပ်ပါသည်။
- Internet Banking အသုံးပြုမည့် User သည် Email Account ရှိရန်လိုအပ်ပါသည်။
- အင်တာနက်လိုင်း၊ Browsers (Firefox/Chrome အစရှိသဖြင့်)၊အီလက်တရောနစ်ပစ္စည်းတစ်မျိုးမျိုး (ဥပမာအားဖြင့် Computer၊ Laptop၊Smartphone (သို့မဟုတ်)Tablet) တို့ကိုလိုအပ်ပါသည်။
Internet Banking အသုံးပြုခြင်းကြောင့်ရရှိလာသောအကျိုးကျေးဇူးများ
- လွယ်ကူအဆင်ပြေခြင်း
– ဘဏ်သို့ကိုယ်တိုင်လာရောက်ရန်မလိုအပ်ဘဲအချိန်မရွေး၊နေရာမရွေးဘဏ်လုပ်ငန်းဝန်ဆောင်မှုများကိုလွယ်ကူအဆင်ပြေစွာဆောင်ရွက်နိုင်ခြင်း။ - စိတ်ချယုံကြည်ရခြင်း
– ဘဏ်လုပ်ငန်းဝန်ဆောင်မှုအားလုံးကိုလုံခြုံစိတ်ချစွာဖြင့်အသုံးပြုနိုင်ခြင်း၊ Customerများ၏ Account များပျောက်ဆုံးခြင်း၊အခိုးခံရခြင်းများမှကင်းဝေးစေရန်အဆင့်မြင့်လုံခြုံရေးစနစ်များအသုံးပြု၍ကာကွယ်ထားခြင်းကြောင့်စိတ်ချလုံခြုံမှုရှိခြင်း။ - အကျိုးရှိခြင်း
– အချိန်နှင့်တစ်ပြေးညီဘဏ်လုပ်ငန်းများလုပ်ဆောင်နိုင်ခြင်း။ - သက်သာခြင်း
– Customer များသည်ဘဏ်သို့ကိုယ်တိုင်လာရောက်ရန်မလိုအပ်ဘဲအချိန်မရွေး၊နေရာမရွေးဘဏ်လုပ်ငန်းဝန်ဆောင်မှုများကိုလွယ်ကူအဆင်ပြေစွာဆောင်ရွက်နိုင်သောကြောင့်အချိန်ကုန်ခြင်းနှင့်လူပင်ပန်းခြင်းမှသက်သာစေခြင်း။
အမေးများသော မေးခွန်းများနှင့်အဖြေများ
မြန်မာ့ခရီးသွားဘဏ်၏ Internet Banking ကိုအသုံးပြုရန်မည်သို့လျှောက်ထားနိုင်မည်နည်း?
- မြန်မာ့ခရီးသွားဘဏ်၏ Internet Banking ကိုနီးစပ်ရာမြန်မာ့ခရီးသွားဘဏ်ခွဲသို့ကိုယ်တိုင်လာရောက်၍လျှောက်ထားရယူနိုင် မည်ဖြစ်ပါသည်။
မြန်မာ့ခရီးသွားဘဏ်၏ Internet Banking ကိုမည်သည့်ဘဏ်စာရင်းအမျိုးအစားများတွင်အသုံးပြုနိုင်မည်နည်း?
- မြန်မာ့ခရီးသွားဘဏ်၏ Internet Banking ကို Saving Account၊Call Deposit Accountနှင့် Current Account များတွင်အသုံးပြုနိုင်မည်ဖြစ်ပါသည်။
မြန်မာ့ခရီးသွားဘဏ်၏ Internet Banking တွင်မည်သည့်လုပ်ဆောင်ချက်များဆောင်ရွက်နိုင်မည်နည်း?
- မြန်မာ့ခရီးသွားဘဏ်စာရင်းအချင်းချင်းသို့ငွေလွှဲပြောင်းခြင်း။
- ငွေစာရင်းအချက်အလက်များကြည့်ရှုနိုင်ခြင်း။
- မိုဘိုင်းလ်ဖုန်းငွေဖြည့်သွင်းနိုင်ခြင်း။
Mobile Banking တွင် Own Account Transfer ဖြစ်စေ၊ Internal Transfer ဖြစ်စေ (မည်သည့် Account အမျိုးအစားမဆို) Transaction တစ်ကြောင်းဖြစ်စေ၊တစ်နေ့တာအတွက်ဖြစ်စေလုပ်ဆောင်နိုင်မည့်အများဆုံးပမာဏအားမည်မျှသတ်မှတ်ထားသနည်း?
- အောက်ပါဇယားတွင်ကြည့်ရှုနိုင်ပါသည်။
Internal Transfer/Own Account Transfer(Retail User) | |||||||||
ငွေလွှဲပြောင်းမှုတစ်ကြောင်းစီအတွက် ပမာဏ ကန့်သတ်ချက် ( Per Transaction Limit ) |
20,000,000 | ||||||||
တစ်နေ့တာငွေလွှဲပြောင်းမှုပမာဏကန့်သတ်ချက် |
50,000,000 |
Internal Transfer Own Account Transfer (Corporate User) | |||||||||
ငွေလွှဲပြောင်းမှုတစ်ကြောင်းစီအတွက် ပမာဏ ကန့်သတ်ချက် ( Per Transaction Limit ) |
50,000,000 | ||||||||
တစ်နေ့တာငွေလွှဲပြောင်းမှုပမာဏကန့်သတ်ချက် |
50,000,000 |