page-loading
MTB Bank (ရုံးချုပ်)ရှိဌာနကြီးများနှင့် ရန်ကုန်မြို့ရှိဘဏ်ခွဲများမှ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများအား ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံပေးသည့် ပုံရိပ်များအား

“အာရောဂျံ၊ပရမံ၊လာဘံ”ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဟူသောဆိုရိုးစကားများနှင့်အညီ ကိုယ်စိတ်နှစ်ပါးကျန်းမာစွာဖြင့် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးစွမ်းနိုင်စေရန်

မြန်မာ့ခရီးသွားဘဏ်ဝန်ထမ်းများ၏ ကျန်းမာရေးနှင့်ရောဂါဘယ ကင်းဝေးစေရေးအစီအစဉ် တစ်ရပ်အနေဖြင့် MTB Bank (ရုံးချုပ်)ရှိဌာနကြီးများနှင့်

ရန်ကုန်မြို့ရှိဘဏ်ခွဲများမှ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများအား ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်၊ဆရာမများ၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုဖြင့် ဆူးလေဘုရားလမ်းပေါ်ရှိ

မြန်မာ့ခရီးသွားဘဏ်(ရုံးချုပ်)တည်ရာ၌ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံပေးသည့် ပုံရိပ်များအား ပြန်လည်မျှဝေဖော်ပြအပ်ပါသည်။
“ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်”ဟူသည့် ဆောင်ပုဒ်နှင့်အညီ MTB ဘဏ်ဝန်ထမ်းများမှ ကျန်းမာ၍ ရောဂါဘယကင်းစွာဖြင့်

မိတ်ဟောင်းမိတ်သစ်ကြီးများအား အကောင်းဆုံးဝန်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်ပါကြောင်းလည်း ဖြည့်စွက်အသိပေးအပ်ပါသည်။

 

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

07 August 2025

နောက်ဆုံးရသတင်းများ

csr-bl
မြန်မာ့ခရီးသွားဘဏ်မိသားစု စုပေါင်းအာဟာရဒါနအလှူနှင့် ငွေပဒေသာပင်စိုက်ထူခြင်း

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက် စနေနေ့တွင် Myanma Tourism Bank (MTB) သည် လူထုအကျိုးပြုလုပ်ငန်းစဉ် (CSR) အစီအစဉ်တစ်ရပ်အဖြစ် ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီး သို့ သွားရောက်လှူဒါန်းကူညီမှုများ ဆောင်ရွက်ခဲ့ပါသည်။ ဤလူမှုအကျိုးပြုအစီအစဉ်တွင် MTB Bank ၏ အကြီးအကဲများ တက်ရောက်ပါဝင်ခဲ့ကြပြီး ဆေးရုံအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိဆရာဝန်များမှ ဆေးရုံ၏ သမိုင်းကြောင်း၊ လက်ရှိကုသပေးနေသည့် လူနာအခြေအနေများ၊ စိတ်ကျန်းမာရေးပြန်လည်ထူထောင်ရေးအစီအစဉ်များနှင့် ရင်ဆိုင်နေရသည့် လိုအပ်ချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြပါသည်။ MTB Bank အနေဖြင့်လည်း အနာဂတ်တွင် ပိုမိုထိရောက်သောပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ ထို့အပြင် MTB Bank ၏ အကြီးအကဲများသည် လူနာများနှင့် တွေ့ဆုံကာ နွေးထွေးစွာ အားပေးစကားများ ပြောကြားခဲ့ကြပါသည်။ ထိုနွေးထွေးသည့် ဆက်ဆံရေးနှင့် စိတ်အားပေးမှုများသည် လူနာများအတွက် စိတ်ဓာတ်မြှင့်တင်ပေးနိုင်သည့် အဖိုးတန်အခိုက်အတန့်များ ဖြစ်ခဲ့ပါသည်။ ထူးခြားစွာ၊ ဆေးရုံရှိ လူနာများမှ ကိုယ်တိုင်ဖန်တီးထုတ်လုပ်ထားသော လက်မှုပညာထုတ်ကုန်များကိုလည်း MTB Bank အဖွဲ့သားများမှ ဝယ်ယူအားပေးခဲ့ပါသည်။ ချည်ထိုးလက်ရာများ၊ လက်လုပ်အလှပစ္စည်းများ၊ အသုံးဝင်လက်မှုပစ္စည်းများ စသည်တို့ကို ဝယ်ယူခြင်းအားဖြင့် လူနာများ၏ အနုပညာစွမ်းရည်နှင့် တီထွင်ဖန်တီးနိုင်စွမ်းကို လက်တွေ့အသိအမှတ်ပြုခဲ့ပါသည်။ ထိုအားပေးဝယ်ယူမှုသည် လူနာများအတွက် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးရှိမှုကို ခံစားစေပြီး ပြန်လည်ထူထောင်ရေးလမ်းကြောင်းတွင် ယုံကြည်မှုတိုးတက်စေသော အရေးပါသည့် အထောက်အပံ့တစ်ရပ် ဖြစ်ခဲ့ပါသည်။ မမြင်ရသော စိတ်အနာတရများသည် တစ်ခါတစ်ရံ အလွန်နက်ရှိုင်းလွန်းလှပါသည်။ သို့သော် နားလည်ပေးမှု၊ စိတ်ရှည်သဘောထား၊ နွေးထွေးသည့် အပြုံးနှင့် ကူညီဖေးမတဲ့ လက်တစ်စုံ တစ်ခုပင် စိတ်အင်အားပြန်လည်တည်ဆောက်ရာတွင် အလွန်အရေးကြီးပါသည်။ MTB Bank အနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုသာမက လူမှုအသိုင်းအဝိုင်း၏ ကောင်းကျိုးတိုးတက်မှုကိုပါ အလေးထားကာ လူထုအကျိုးပြုလုပ်ငန်းစဉ်များတွင် ဆက်လက်ပါဝင်ကူညီပံပိုးသွားမည် ဖြစ်ပါသည်။ ထိုနေ့တွင် မျှဝေခံစားခဲ့ရသည့် နွေးထွေးမှု၊ အပြုံးများနှင့် မျှော်လင့်ချက်အလင်းရောင်များကို မှတ်တမ်းတင်ပုံရိပ်များကို ပြန်လည်မျှဝေတင်ပြလိုက်ပါသည်။ 🤍 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့ လက်တွဲစို့။

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
မြန်မာ့ခရီးသွားဘဏ် (MTB Bank) ၏ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းမိသားစုဝင်တွေဟာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့မှာ ရန်ကုန်မြို့ရှိ အမျိုးသားသွေးဌာန၌ ပဉ္စမအကြိမ်မြောက် သွေးလှူဒါန်းပွဲ

"သင့်သွေးဖြင့်အသက်ကယ်ပါ" ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း သွေးလှူဒါန်းခြင်းဆိုတာဟာ လူတစ်ယောက်ရဲ့ဘဝနဲ့ မျှော်လင့်ချက်တွေကို ဆက်လက်ရှင်သန်စေတဲ့ မွန်မြတ်တဲ့အလှူဒါနတစ်ခုဖြစ်ပါတယ်။ ထို့ကြောင့် မြန်မာ့ခရီးသွားဘဏ် (MTB Bank) ၏ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းမိသားစုဝင်တွေဟာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့မှာ ရန်ကုန်မြို့ရှိ အမျိုးသားသွေးဌာန၌ ပဉ္စမအကြိမ်မြောက် သွေးလှူဒါန်းပွဲကို ဂုဏ်ယူစွာနဲ့ ပြုလုပ်ဖြစ်ခဲ့ပါတယ်။ မြန်မာ့ခရီးသွားဘဏ် အနေဖြင့် 12-Aug-2023 - ပထမအကြိမ်၊ 20-Jan-2024 - ဒုတိယအကြိမ်၊ 24-Aug-2024 - တတိယအကြိမ်၊ 1-April-2025 - စတုထ္ထအကြိမ်၊ 23-Aug-2025 - ပဉ္စမအကြိမ်တိုင်အောင် စုပေါင်းသွေးလှူဒါန်းခြင်းကို ပီတီဖြစ်ဖွယ် ဖော်ဆောင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ MTB Bank သည် အကောင်းဆုံးဘဏ်ဝန်ဆောင်မှုတွေကို ပေးအပ်ဖို့ ကြိုးစားနေရုံသာမက လူမှုအသိုင်းအဝိုင်းနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကိုလည်း အစဉ်တစိုက် ဆောင်ရွက်သွားဖို့ ကတိပြုပါတယ်။ ဒီသွေးလှူဒါန်းပွဲဟာ ကျွန်တော်တို့ရဲ့ကတိကို သက်သေပြလိုက်ခြင်းပါပဲ။ ယခုကဲ့သို့ ရည်ရွယ်ချက်ကောင်းများဖြင့် အဓိပ္ပာယ်ရှိလှသည့် အစီအစဉ်မှာ ပါဝင်လှူဒါန်းပေးခဲ့ကြသူ အားလုံးကို MTB Bank မှလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ အားလုံးရဲ့ပူးပေါင်းပါဝင်မှုက အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်တော့မှာမို့ မှတ်တမ်းပုံရိပ်များအား ဝမ်းမြောက်ပီတ ဖြစ်စွာဖြင့် မျှဝေဖော်ပြပေးအပ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
 “ သင်၏သွေးဖြင့် အသက်ကယ်ပါ”

“ သင်၏သွေးဖြင့် အသက်ကယ်ပါ” ဟူသည့် စကားလေးအတိုင်း သဘာဝဘေးအန္တရာယ် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသည့် မိဘပြည်သူများအတွက် 𝐌𝐓𝐁 𝐁𝐚𝐧𝐤 လုပ်ဖော်ကိုင်ဖက် မိသားစုများမှ စုပေါင်းသွေးလှူဒါန်းခြင်းကို သန္ဒါတရားထက်သန်စွာဖြင့် ယနေ့ ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ သွေးလှူဘဏ်နှင့် ဆေးရုံကြီးများတွင် တပြိုင်နက်တည်း ပြုလုပ်ခဲ့ကြပါသည်။ သွေးလှူဒါန်းနေစဉ်အချိန်အတွင်းမှာပင် မြန်မာစံတော်ချိန် နေ့လည် ၁၂နာရီ ၅၁ မိနစ်အချိန်တွင် ပြုလုပ်သည့် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက် ရပ်တန့်ခြင်းများလည်း ပါဝင်အားဖြည့်ပေးခဲ့ကြပါသည်။ 𝐌𝐓𝐁 𝐁𝐚𝐧𝐤 မိသားစုအနေဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဝေဒနာခံစားရလျက်ရှိသည့် ပြည်သူများ ပြန်လည်  ကုသရေးအတွက် မရှိမဖြစ် လိုအပ်လျက်ရှိသော "သွေး" များကို အချိန်မီလှူဒါန်းလျက်ရှိရုံသာမက ငလျင်ဒဏ်ပြင်းထန်စွာ ခံစားခဲ့ရသည့် ပြည်သူများအတွက် လိုအပ်သော ကူညီပံ့ပိုးမှုများဖြစ်သည့် ဆေးဝါးများ၊ အစားအသောက်များ၊ အသုံးအဆောင်များနှင့် ကယ်ဆယ်ရေးပစ္စည်းများကိုလည်း ငလျင်ဒဏ်ဖြစ်ပွါးခဲ့သော နေရာဒေသများရှိပြည်သူများ အမြန်ဆုံးရရှိနိုင်ရေးအတွက် မြန်မာ့ခရီးသွားဘဏ်မှ အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow