page-loading

News And Events

Discover the news that tailored to your needs at promoting tourism development, supporting tourism-related activities, contributing to social welfare, and participating in various events that benefit our communities.

Top 50 Professional & Career Women Global Awards 2025

MTB Bank ၏ အမှုဆောင်ဒါရိုက်တာ (Executive Director) ဒေါ်သိင်္ဂီလင်း အတွက် “Top 50 Professional & Career Women Global Awards 2025” ဆုကို Women in Management မှ ချီးမြှင့်ခံရခြင်းအား MTB Bank အနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။ ဆောက်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ နည်းပညာ အစရှိသည့် ကဏ္ဍမျိုးစုံတွင် (၁၈) နှစ်ကျော် ဦးဆောင်မှုအတွေ့အကြုံရှိသော ဒေါ်သိင်္ဂီလင်းသည် MTB Bank ၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးနှင့် ဝန်ဆောင်မှုများ၌လည်း အဓိကအခန်းကဏ္ဍမှ ဦးဆောင်ဦးရွက်ပြုနေသူတစ်ဦးလည်း ဖြစ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

ဆက်လက်ဖတ်ရှု့ရန်read-more-arrow
Carbon Credit Training Program

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့ ဒီနေ့ခေတ်မှာ Green Economy ဟာ လျစ်လျူရှုလို့မရတဲ့ ကဏ္ဍတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် Myanma Tourism Bank (MTB) အနေနဲ့ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာမှာ အခြေခံဘဏ္ဍာရေးမဏ္ဍိုင်ဖြစ်တဲ့ Carbon Credit စီမံကိန်းတွေကို ဘဏ်လုပ်ငန်းရှုထောင့်ကနေ ပိုမိုနားလည်သဘောပေါက်စေဖို့ ရည်ရွယ်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့၊ ကြာသပတေးနေ့တွင် Myanma Tourism Bank ရဲ့ Sule Head Office - Functional Hall မှာ “Carbon Credit Training Program” ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ဒီသင်တန်းမှာ Green & Blue VCM Carbon Initiative မှ ပညာရှင်များဖြစ်ကြသော ဦးညွန့်ဝင်း (CEO) နှင့် ဒေါ်သီသီဖြိုးဦး (CTO) တို့က Green Economy ဖော်ဆောင်ရာမှာ ဘဏ်တွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသေးစိတ် ဝေမျှဆွေးနွေးပေးခဲ့ကြပါတယ်။ အနာဂတ်ရဲ့ စိမ်းလန်းစိုပြည်တဲ့ စီးပွားရေးခြေလှမ်းတွေအတွက် MTB ဝန်ထမ်းတွေ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြတဲ့ သင်တန်းမြင်ကွင်းတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

ဆက်လက်ဖတ်ရှု့ရန်read-more-arrow
IIBA Official Program Launch Event & Free Seminar

မြန်မာနိုင်ငံ၏ Business Analysis ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတကာအသိအမှတ်ပြု ပညာရပ်များကို လေ့လာသင်ယူနိုင်ခွင့် ရရှိစေရန် ရည်ရွယ်၍ Matrix College မှ ကျင်းပပြုလုပ်သော “IIBA Official Program Launch Event & Free Seminar” ကို ၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ Red Hill Tower ၌ ကျင်းပခဲ့ရာ မြန်မာ့ခရီးသွားဘဏ်၏ CEO ဦးဝင်းလွင်မှလည်း ပါဝင်အားဖြည့်ပေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် Matrix College အနေဖြင့် ကနေဒါအခြေစိုက် IIBA® ၏ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံးသော Official Academic Partner အဖြစ် တရားဝင် မိတ်ဆက်ခဲ့ပြီး၊ “Insights into Business Analysis: Roles, Skills, and Value Creation” ခေါင်းစဉ်ဖြင့် Panel Discussion အစီအစဉ်တွင် U Ye Mon Min (Chief Business Officer - Wave Money)၊ U Win Lwin (Chief Executive Officer - Myanma Tourism Bank)၊ U Wai Lin Htun (Instructor and Certified Business Intelligence & Data Analyst - Matrix College) တို့မှ Panelists များအဖြစ် ပါဝင်ခဲ့ကြပြီး Daw May Sopyae Nyan, CFA (Founder & Managing Director- Matrix College) မှ Moderator အဖြစ် ဆောင်ရွက်ကာ မြန်မာနိုင်ငံ၏ Digital Transformation ကာလအတွင်း မရှိမဖြစ်လိုအပ်သည့် BA Skillsets များ၊ လုပ်ငန်းခွင်အတွင်း လက်တွေ့အသုံးချနိုင်မှုများနှင့် Business Value Creation အခွင့်အလမ်းများကို ကဏ္ဍစုံမှ ရင်းနှီးပွင့်လင်းစွာ နှီးနှောဖလှယ်ခဲ့ကြပါသည်။ ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်များပေါ်ထွန်းလာခြင်းသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံးသော အင်အားတစ်ရပ်ပင်ဖြစ်တာကြောင့် MTB Bank အနေဖြင့် ပညာရေးနှင့် စီးပွားရေးကဏ္ဍကို ပေါင်းကူးပေးသည့် ယခုကဲ့သို့သော အစီအစဉ်များတွင်လည်း အစဉ်တစိုက် ပါဝင်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

ဆက်လက်ဖတ်ရှု့ရန်read-more-arrow
(၃၉) ကြိမ်မြောက် ချစ်ကြည်ရေး ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် မိတ်ဆုံညစာစားပွဲ

မြန်မာနိုင်ငံတစ်ဝှမ်းရှိ All GTI ကျောင်းသား/ကျောင်းသူဟောင်းများ အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ပြန်လည်တွေ့ဆုံခြင်း အမှတ်တရအဖြစ် ကျင်းပခဲ့တဲ့ (၃၉) ကြိမ်မြောက် ချစ်ကြည်ရေး ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် မိတ်ဆုံညစာစားပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ နန်းမြိုင်ဟိုတယ်၌ ကျင်းပခဲ့ရာ မြန်မာ့ခရီးသွားဘဏ် (MTB) မှ Main Sponsor အဖြစ် ပါဝင်ကူညီ အားဖြည့်ပေးခဲ့ပါသည်။ MTB Bank မှ အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲသို့ ကြွရောက်လာကြတဲ့ ဧည့်သည်တော်များအား -အကောင့်ဖွင့်လှစ်ခြင်း - MTB Bank အကောင့်နှင့် MTB Pay အကောင့်များကို ဖွင့်လှစ်ပေးခြင်း။ -ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ - MTB Debit Card များနှင့် Mobile Banking များ လျှောက်ထားပေးခြင်း။ -ဘဏ္ဍာရေးဆိုင်ရာ လုံခြုံစိတ်ချမှု - MTB Bancassurance ဝန်ဆောင်မှုများအတွက် ဆွေးနွေးအကြံပေးခြင်း။ စတဲ့ ဘဏ်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့တဲ့အပြင် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ နွေးထွေးသော လူမှုအသိုက်အဝန်းနှင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်နိုင်ရန် MTB Bank သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဘဏ်ခွဲ (၁၉) ဘဏ်မှတစ်ဆင့် မိတ်ဟောင်း၊ မိတ်သစ်များအားလုံးအတွက် ခိုင်မာစိတ်ချရသော ဝန်ဆောင်မှုများဖြင့် အမြဲအသင့် ရှိနေပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

ဆက်လက်ဖတ်ရှု့ရန်read-more-arrow
𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐖𝐞𝐚𝐥𝐭𝐡, 𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐎𝐮𝐫 𝐏𝐥𝐚𝐧𝐞𝐭

ရွက်သစ်နုတို့ ဝေဆာဖူးပွင့်ပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ မြန်မာ့နှစ်သစ်ကူး အခါသမယမှာ Myanma Tourism Bank (MTB) ကို အစဉ်တစိုက် ယုံကြည်အသုံးပြုခဲ့ကြတဲ့ သုံးစွဲသူများအတွက် အမှတ်တရ နှစ်သစ်အကြိုလက်ဆောင်အဖြစ် “ရွှေလာငွေလာပင်” လေးများကို မေတ္တာဖြင့် ပေးအပ်ခဲ့ပါတယ်။ MTB Bank အနေဖြင့် လူကြီးမင်းတို့ရဲ့ ငွေကြေးဝန်ဆောင်မှုများကို အကောင်းဆုံး ဖြည့်ဆည်းပေးရုံတင်မကဘဲ နောင်လာမယ့် မျိုးဆက်သစ်များအတွက် ပိုမိုစိမ်းလန်းသန့်ရှင်းတဲ့ ကမ္ဘာမြေကို ဖန်တီးပေးဖို့ပါ ရည်ရွယ်ပြီး ဒီအစိမ်းရောင်လက်ဆောင်လေးတွေကို စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒီအပင်လေးတွေဟာ နှစ်သစ်မှာ စီးပွားလာဘ်လာဘတွေ တိုးပွားစေမယ့် နိမိတ်ကောင်းတွေကို သယ်ဆောင်လာပေးရုံသာမက သဘာဝပတ်ဝန်းကျင်ကိုပါ တန်ဖိုးထားစောင့်ရှောက်တဲ့ Sustainable Lifestyle တစ်ခုကို ဖော်ဆောင်ပေးမှာပါ။ စိမ်းလန်းစိုပြည်တဲ့ ပတ်ဝန်းကျင်၊ သာယာဝပြောတဲ့ လူမှုစီးပွားဘဝတွေနဲ့အတူ ပျော်ရွှင်စရာ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း MTB Bank မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့။

ဆက်လက်ဖတ်ရှု့ရန်read-more-arrow
သဗ္ဗမင်္ဂလာရွတ်ဖတ်ပူဇော်ပွဲနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ

မြန်မာ့ခရီးသွားဘဏ်အနေဖြင့် (၇) ရက်သားသမီးတို့အား အလုံးစုံသော ကောင်းခြင်းမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံစေရန် ရည်သန်လျက် မြန်မာ့ခရီးသွားဘဏ်မိသားစုများ စုပေါင်း၍ ဆူးလေဘုရားလမ်းမပေါ်ရှိ မြန်မာ့ခရီးသွားဘဏ် (ရုံးချုပ်) ၌ “သဗ္ဗမင်္ဂလာရွတ်ဖတ်ပူဇော်ပွဲနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ” အခမ်းအနားအား မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ်၊ ခရစ်နှစ် (၂၀၂၆) ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁၁) ရက်နေ့တွင် ပူဇော်ပြုလုပ်ခဲ့ပါသည်။ ထိုပူဇော်ပွဲတွင် လှရတနာဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ အမှူးပြုသော ပင့်သံဃာတော် (၅) ပါးတို့အား နေ့ဆွမ်း၊ ခဲဖွယ်ဘောဇဉ်ရသာတော်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ကြီးမှ ရွတ်ဖတ်ပူဇော်ခဲ့သည့် ပိဋကတ်သုံးပုံတွင် ပါဝင်သော သဗ္ဗမင်္ဂလာဂါထာတော်အား ဘုရားခေတ်၊ သီဟိုဠ်ခေတ်၊ မျက်မှောက်ခေတ် စသည့် ခေတ်သုံးခေတ် သမိုင်းကြောင်းများ တရားပြဟောကြားကာ ဘဏ်ဝန်ထမ်းများနှင့်အတူလည်း သံပြိုင်ရွတ်ဖတ်ပူဇော်ခဲ့ကြပါသည်။ ဤကောင်းမှုအစုစုတို့အား မြန်မာ့ခရီးသွားဘဏ် ဝန်ထမ်းမိသားစုများ၊ မိတ်ဟောင်း/မိတ်သစ်များ အပါအဝင် (၇) ရက်သားသမီးအပေါင်းတို့ ထပ်တူထပ်မျှ ရရှိ၍ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေသော်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

ဆက်လက်ဖတ်ရှု့ရန်read-more-arrow