စီးပွားရေးလုပ်ငန်းများ ပိုမိုခိုင်မာအားကောင်းစေဖို့နဲ့ Business Community တစ်ခုလုံး ရေရှည်တိုးတက်ဖို့ဆိုတာ ခိုင်မာတဲ့ Partnerships တွေပေါ်မှာ အများကြီး မူတည်နေတာမို့ Lotte Hotel Yangon ၌ အောင်မြင်စွာ ကျင်းပခဲ့သော Myanmar Business Executives Association – MBE ရဲ့ 18th Annual General Meeting တွင် Myanma Tourism Bank (MTB) အနေဖြင့် Diamond Contribution Partner အဖြစ် ထပ်မံပါဝင်ပံ့ပိုးခွင့်ရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။
မြန်မာ့ခရီးသွားဘဏ် (MTB)သည် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို ပေးအပ်ရုံသာမက စီးပွားရေးလုပ်ငန်းရှင်တွေကြား Networking ပိုမိုအားကောင်းလာစေဖို့၊ Business Leaders နဲ့ Professionals တွေကြား အမြင်သစ်တွေ ဖလှယ်နိုင်ဖို့နဲ့ Sustainable Business Growth ကို အတူတကွ တည်ဆောက်သွားဖို့ အမြဲဦးတည်လျက်ရှိပါသည်။
ထိုပွဲ၌ တွေ့ဆုံခွင့်ရခဲ့သော မိတ်ဟောင်း၊ မိတ်သစ် Business Executives များအားလုံးနှင့် ပွဲအောင်မြင်စွာ ဖြစ်မြောက်အောင် စီစဉ်ပေးခဲ့ကြတဲ့ MBE မှ တာဝန်ရှိသူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။


