
Personal Banking
Business Banking
Digital Banking
Personal Banking
Business Banking
Digital Banking
ငွေစုဆောင်းခြင်းနှင့်အတူ အတိုးပါ ရနိုင်တဲ့ အသက်အာမခံအကာအကွယ်
ဘဝရဲ့ပန်းတိုင်တွေဆီ လွယ်ကူစွာလျှောက်လှမ်းနိုင်ဖို့ အာမခံအကာအကွယ်တွေနှင့်အတူ ရှင်သန်မှုအကျိုးခံစားခွင့်ပါ ရရှိနိုင်တဲ့ အသက်အာမခံ
စိတ်ကြိုက်စုငွေ အသက်အာမခံဆိုတာ အာမခံအကျိုးခံစားခွင့်တွေ အပြည့်အဝရရှိနိုင်တဲ့အပြင် ရှင်သန်မှုအကျိုးခံစားခွင့်ကို လိုအပ်ပါက ထုတ်ယူခြင်း၊ ဆန္ဒအလျောက်စုဆောင်းနိုင်ခြင်းနှင့် စုငွေအပေါ် အတိုးခံစားခွင့်ရရှိခြင်းတို့ကို မိမိတို့ နှစ်သက်သလို ရွေးချယ်နိုင်တဲ့ စုငွေအသက်အာမခံပဲ ဖြစ်ပါတယ်။ အာမခံသက်တမ်းစေ့ရောက်သည့်အခါတွင်လည်း နှစ်စေ့အကျိုးခံစားခွင့် ပြန်လည်ထုတ်ယူနိုင်မှာပါ။
စိတ်ကူးထားတဲ့အိမ်ကလေးကို ဝယ်တာ၊ အရေးပေါ်လိုအပ်တဲ့အချိန်မှာသုံးဖို့ ငွေစုဆောင်းထားတာ၊ အလုပ် မလုပ်တော့တဲ့ အချိန် (ပင်စင်ယူတဲ့အချိန်)အတွက် ဘဏ္ဍာရေးဆိုင်ရာကို ကြိုတင်ပြင်ဆင်ထားတာစတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ကိုယ်နှင့်ကိုယ် ချစ်ရ တဲ့သူတွေအတွက် အနာဂတ်မှာ လုံခြုံကြွယ်ဝစေဖို့ စိတ်ကြိုက်စုငွေ အသက်အာမခံက အကူအညီပေးသွားမှာပါ။
မှတ်ချက်:
A life insurance plan with a savings component that offers interest