
Personal Banking
Business Banking
Digital Banking
Personal Banking
Business Banking
Digital Banking
မြန်မာ့ခရီးသွားဘဏ်၏ Internet Banking ဆိုသည်မှာ ဘဏ်သို့လူကိုယ်တိုင်သွားရောက်ရန် မလိုအပ်ဘဲ အချိန်မရွေး၊ နေရာမရွေး ဘဏ်လုပ်ငန်းဝန်ဆောင်မှုအားလုံးကို လုံခြုံစိတ်ချစွာဖြင့် မိမိကိုယ်တိုင်ဆောင်ရွက်နိုင်သော ဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။ Customer များသည် မိမိတို့၏ Computer (သို့မဟုတ်) Laptop နှင့် Smartphone များတွင် အင်တာနက်ဖွင့်ရုံဖြင့် ဘဏ်သို့ လူကိုယ်တိုင်လာရောက်ရန် မလိုအပ်ဘဲ အချိန်မရွေး၊ နေရာမရွေး တစ်နေရာထဲမှာပင် မိမိတို့၏ဘဏ်လုပ်ငန်း ဆိုင်ရာ ကိစ္စရပ်များကို စီမံခန့်ခွဲနိုင်မည် ဖြစ်ပါသည်။
အသုံးပြုသူများအား ၎င်းတို့၏ ကိုယ်ပိုင်ငွေစာရင်းများအချင်းချင်း ငွေလွှဲပြောင်းမှုများ နှင့် အခြားသောပြည်တွင်းဘဏ်များရှိ ငွေစာရင်းများသို့လည်း ငွေလွှဲပြောင်းပေးပို့နိုင်ပါသည်။
အသုံးပြုသူများသည် မိမိ၏ မည်သည့်ငွေစာရင်းအမျိုးအစားကိုမဆို ကြည့်ရှုလိုသော ငွေစာရင်းအလိုက် ရွေးချယ်၍ statement များကို Mobile and Internet banking များမှတဆင့် စစ်ဆေးကြည့်ရှုနိုင်မည်ဖြစ်ပါသည် (ဥပမာ -စာရင်းရှင်စာရင်းနှင့် ငွေစုဘဏ်စာရင်း၊ စာရင်းသေအပ်ငွေ၊ ချေးငွေစာရင်း)။ အသုံးပြုသူများအနေဖြင့် လိုအပ်သော အချိန်အပိုင်းအခြားကို ရွေးချယ်ပြီးနောက် ၎င်းတို့၏ Statements များကို ချက်ချင်း Download ပြုလုပ်နိုင်ပါသည်။
မြန်မာ့ခရီးသွားဘဏ်၏ Mobile Banking Application မှတဆင့် မြန်မာနိုင်ငံရှိ ဖုန်းအော်ပရေတာများအားလုံးတွင် အချိန်မရွေး အဆင်ပြေချောမွေ့စွာ ကြိုတင်ငွေဖြည့်သွင်းခြင်းနှင့် ဒေတာပလန် ဝယ်ယူခြင်းများအား ဆောင်ရွက်နိုင်ပါသည်။
မြန်မာ့ခရီးသွားဘဏ် Internet Banking ဝန်ဆောင်မှုအား နီးစပ်ရာ ဘဏ်ခွဲများတွင် လွယ်ကူလျင်မြန်စွာဖြင့် လျှောက်ထားရယူနိုင်ပါသည်။