ရန်ကုန်၊ မြန်မာ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက် – မြန်မာ့ခရီးသွားဘဏ် (MTB) သည် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ မိမိတို့ ကြိုးစားရှာဖွေထားသော လစာငွေများကို ပြည်တွင်းရှိ မိသားစုများထံ ပိုမိုလွယ်ကူ၊ လုံခြုံပြီး စနစ်တကျ လွှဲပြောင်းပေးပို့နိုင်ရန်အတွက် TrueMoney Myanmar နှင့် ပူးပေါင်း၍ ပြည်ပငွေလွှဲဝန်ဆောင်မှုကို စတင်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးကြေညာအပ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုအရ ထိုင်းနိုင်ငံရှိ TrueMoney Wallet မှတစ်ဆင့် ပေးပို့လာသော ငွေလွှဲများကို မြန်မာနိုင်ငံတစ်ဝန်းရှိ MTB Bank ၏ မည်သည့်ဘဏ်ခွဲများတွင်မဆို လုံခြုံ၊ စိတ်ချ၊ မြန်ဆန်စွာဖြင့် စနစ်တကျ ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ ငွေထုတ်ယူမည့် မိသားစုဝင်များအနေဖြင့် မိမိတို့၏ နိုင်ငံသားစိစစ်ရေးကတ် (NRC) မူရင်းနှင့်အတူ ငွေလွှဲပို့သူထံမှ ရရှိထားသော လျှို့ဝှက်ဂဏန်း (၈) လုံး (Password Code) ကို ပြသ၍ MTB ဘဏ်ခွဲများတွင် မြန်ဆန်လွယ်ကူ၊ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်မှာ ဖြစ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့
ဆက်လက်ဖတ်ရှု့ရန်
မြန်မာ့ခရီးသွားဘဏ် (MTB) နှင့် ပထမအမျိုးသားအာမခံ - တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ဆူးလေဘုရားလမ်းမပေါ်ရှိ မြန်မာ့ခရီးသွားဘဏ်ရုံးချုပ်၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုဟာ မိတ်ဟောင်းမိတ်သစ်များ၏ လူမှုဘဝနှင့် စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သော အထွေထွေအာမခံဝန်ဆောင်မှုများကို 𝐌𝐓𝐁 ဘဏ်ခွဲများတွင် အဆင်ပြေချောမွေ့စွာ ရယူနိုင်ရန်၊ အာမခံပရီမီယံကြေး ပေးသွင်းခြင်းနှင့် သက်တမ်းတိုးခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း ဘဏ်စနစ်ဖြင့် တိကျမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်နှင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ ပိုမိုတောက်ပတဲ့ အနာဂတ်ကို တည်ဆောက်သွားမှာဖြစ်ပါတယ်။ အဆိုပါအခမ်းအနားတွင် “မြန်မာ့ခရီးသွားဘဏ်” ၏ Chief Executive Officer ဦးဝင်းလွင် နှင့် “FNI (General)” ၏ Chief Executive Officer Mr. Indren Stephen Naidoo တို့မှ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပြီး "မြန်မာ့ခရီးသွားဘဏ်" ၏ Chief Credit Officer ဦးကျော်သူရဝင်းနှင့် FNI (General) ၏ Deputy Managing Director ဦးအောင်ကိုကိုတင်ဝင်းတို့မှ အသိသက်သေများအဖြစ် အောင်မြင်စွာ လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ကြောင်း သတင်းကောင်းအဖြစ် မျှဝေလိုက်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့
ဆက်လက်ဖတ်ရှု့ရန်
ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ဘက်စုံအထောက်အကူပြုအဖွဲ့ (MORS)၊ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA)၊ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (YRAMDA)၊ မြန်မာနိုင်ငံ မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း (MYACSAA) တို့ ပူးပေါင်း၍ "Myanmar’s Cars & Spare Parts Biggest Expo 2026" ပွဲကြီးအား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်၊ သောကြာနေ့ မှ (၂၂) ရက်၊ တနင်္ဂနွေနေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ရာ မြန်မာ့ခရီးသွားဘဏ် (MTB) မှလည်း အတူတကွ ပါဝင်ကျင်းပသွားမည်ဖြစ်ပါသည်။ အဆိုပါပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြား၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာနိုင်ငံရှိ Brand New Cars, EV Cars, Used Cars နှင့် Spare Parts များကို တစ်နေရာထဲတွင် အစုံအလင်ရောင်းချပြသသွားမယ့် “Myanmar’s Cars & Spare Parts Biggest Expo 2026” ပွဲကြီးမှာ မြန်မာ့ခရီးသွားဘဏ် (MTB) မှလည်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့်အတူ MTB Hire Purchase ဝန်ဆောင်မှုများ၊ အရစ်ကျဝယ်ယူမှုနှင့်ပတ်သတ်တဲ့ လျှောက်ထားပုံ အသေးစိတ်အချက်အလက်များကိုလည်း အကြံပြုရှင်းလင်းပေးခြင်း ဝန်ဆောင်မှုများကိုပါ ပေးအပ်ခဲ့တဲ့ ပုံရိပ်မှတ်တမ်းများကို မှတ်တမ်းပြုတင်ပြအပ်ပါသည်။ 🤗 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ 𝐌𝐓𝐁 နဲ့လက်တွဲစို့
ဆက်လက်ဖတ်ရှု့ရန်
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ “လူငယ်စင်တာ” ၌ ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း၏ သံတမန်ခန့်အပ်ခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခြင်းနှင့်အတူ National ICT Awards-2025 (Educational Project & Skills Competition) ဆုချီးမြှင့်ပွဲကိုပါ တစ်ပါတည်း ကျင်းပခဲ့ရာ မြန်မာ့ခရီးသွားဘဏ် (MTB) အနေဖြင့် Main Sponsor အဖြစ် ဂုဏ်ယူစွာ ပါဝင်ကူညီအားဖြည့်ပေးခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း နာယက မှ မုဒိတာစကားပြောကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အမှာစကားကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း ဥက္ကဋ္ဌမှလည်း အသင်း၏ လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ အခမ်းအနားတွင် မြန်မာ့ခရီးသွားဘဏ် (MTB) နှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း (MCEA) တို့သည် မြန်မာနိုင်ငံ၏ နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒစ်ဂျစ်တယ် အသိပညာများ ပြန့်နှံ့စေရန်နှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများကို နည်းပညာနှင့် ပေါင်းစပ်၍ ပိုမိုကောင်းမွန်သော လူမှုစီးပွားဘဝများ ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် ဒစ်ဂျစ်တယ်စီးပွားရေး ကဏ္ဍတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်ရန်နှင့် နည်းပညာရှင်များ၊ အသင်းဝင်များအတွက် ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်များကို ပံ့ပိုးကူညီပေးနိုင်ရန် ရည်ရွယ်၍ - "မြန်မာ့ခရီးသွားဘဏ်" ၏ Executive Director ဒေါ်သိင်္ဂီလင်း နှင့် "ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း"၏ ဥက္ကဋ္ဌ ဦးဋ္ဌေးလင်း တို့မှ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပြီး "မြန်မာ့ခရီးသွားဘဏ်" ၏ အမှုဆောင်အရာရှိချုပ် ဦးဝင်းလွင် နှင့် "ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း" ၏ အတွင်းရေးမှူး ဒေါ်ခင်ချိုခက် တို့မှ အသိသက်သေများအဖြစ် အောင်မြင်စွာလက်မှတ်ရေးထိုးခဲ့ကြပါသည်။ ဤပူးပေါင်းဆောင်ရွက်မှတစ်ဆင့် လူငယ်များအတွက် နည်းပညာသင်တန်းများ ပံ့ပိုးပေးခြင်း၊ ဒစ်ဂျစ်တယ်ဘဏ်စနစ် အသိပညာပေးခြင်းနှင့် လူမှုအကျိုးပြုလုပ်ငန်းများကို အတူတကွ ပူးပေါင်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းစကားပါးရင်း အခမ်းအနား မှတ်တမ်းပုံရိပ်များကို မျှဝေဖော်ပြအပ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့
ဆက်လက်ဖတ်ရှု့ရန်
မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) မှ နည်းပညာမိတ်ဖက်ဖြစ်သည့် 𝐁𝐀𝐑𝐃𝐒 (𝐃𝐢𝐧𝐠𝐞𝐫) ကုမ္ပဏီ နှင့်ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် မွေးဖွားပေးခဲ့သည့် MTB Pay App အား နောက်ထပ်အောင်မြင်မှုမှတ်တိုင်သစ်တစ်ခုအဖြစ် စိုက်ထူမည့် 𝐌𝐓𝐁 𝐏𝐚𝐲 𝐀𝐠𝐞𝐧𝐭 𝐁𝐚𝐧𝐤𝐢𝐧𝐠 ဝန်ဆောင်မှုကို စတင်မိတ်ဆက်သည့် အခမ်းအနားအား ဆူးလေလမ်းမကြီးပေါ်ရှိ မြန်မာ့ခရီးသွားဘဏ် (ရုံးချုပ်) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မျှဝေလိုက်ရပါသည်။ 𝐘𝐨𝐮𝐫 𝐁𝐚𝐧𝐤, 𝐉𝐮𝐬𝐭 𝐀𝐫𝐨𝐮𝐧𝐝 𝐭𝐡𝐞 𝐂𝐨𝐫𝐧𝐞𝐫 သင်နဲ့ အနီးဆုံးမှာရှိနေမယ်
ဆက်လက်ဖတ်ရှု့ရန်
မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) နှင့် 𝐑𝐨𝐭𝐚𝐫𝐲 𝐂𝐥𝐮𝐛 𝐨𝐟 𝐂𝐞𝐧𝐭𝐫𝐚𝐥 𝐘𝐚𝐧𝐠𝐨𝐧 (𝐑𝐂𝐂𝐘) တို့သည် မြန်မာနိုင်ငံ၏ ရပ်ရွာလူထုဘဝ သာယာဝပြောရေး၊ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးလုပ်ငန်းများ အားကောင်းလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ 𝐌𝐞𝐥𝐢𝐚 𝐇𝐨𝐭𝐞𝐥, 𝐆𝐫𝐚𝐧𝐝 𝐁𝐚𝐥𝐥𝐫𝐨𝐨𝐦 (𝐋𝐞𝐯𝐞𝐥 𝟐) ၌ နားလည်မှုစာချွန်လွှာ 𝐌𝐨𝐔 လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအပြင် ရပ်ရွာစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းစတဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကို အတူတကွ ဖော်ဆောင်သွားကြရန် အဆိုပါ လက်မှတ်ရေးထိုးခြင်းတွင် “မြန်မာ့ခရီးသွားဘဏ်” ၏ 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫 ဒေါ်သိင်္ဂီလင်းနှင့် “𝐑𝐂𝐂𝐘” ၏ 𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭 ဒေါ်မေမြတ်မွန်ဝင်းတို့မှ သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ကြပြီး “မြန်မာ့ခရီးသွားဘဏ်” ၏ 𝐂𝐄𝐎 ဦးဝင်းလွင်နှင့် “𝐑𝐂𝐂𝐘” ၏ 𝐂𝐥𝐮𝐛 𝐒𝐞𝐜𝐫𝐞𝐭𝐚𝐫𝐲 ဦးသန်းထွဋ် တို့မှ အသိသက်သေများအဖြစ် အောင်မြင်စွာလက်မှတ်ရေးထိုးခဲ့ကြသည့် မှတ်တမ်းပုံရိပ်များမျှဝေဖော်ပြရင်း သတင်းစကားပါးအပ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့
ဆက်လက်ဖတ်ရှု့ရန်