page-loading

Disaster Relief & Emergency Response

ဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့လေ့ကျင့်ခန်းများ
ဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့လေ့ကျင့်ခန်းများ

“အရေးကြုံ သက်လုံကောင်း” ဆိုတဲ့ ဆိုရိုးစကားအတိုင်း သဘာဝဘေးအန္တရာယ်တွေဟာ ဘယ်အချိန်မှာဖြစ်လာနိုင်မလဲဆိုတာ ဘယ်သူမှမခန့်မှန်းနိုင်ပေမယ့် မမျှော်လင့်ထားတဲ့ အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ထားခြင်းဟာ အကောင်းဆုံးသော ကာကွယ်နည်းတစ်ခုပါ။ ဒါကြောင့် မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) အနေဖြင့် ဝန်ထမ်းမိသားစုဝင်တွေရဲ့ ဘေးကင်းလုံခြုံမှုဟာ အဓိက ဦးစားပေးဖြစ်တာကြောင့် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့ မှာ မီးဘေးအန္တရာယ်နှင့် ငလျင်ဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 𝐓𝐚𝐥𝐤 𝐒𝐡𝐨𝐰 နှင့် စီမံခန့်ခွဲမှုဆိုင်ရာ လေ့ကျင့်ခြင်းဇာတ်တိုက်အစီအစဉ်ကို ဆူးလေလမ်းမပေါ်ရှိ မြန်မာ့ခရီးသွားဘဏ် (ရုံးချုပ်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ (ဆက်ရန်…)

ဆက်လက်ဖတ်ရှု့ရန် read-more-arrow
မြန်မာ့ခရီးသွားဘဏ် (MTB Bank) ၏ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းမိသားစုဝင်တွေဟာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့မှာ ရန်ကုန်မြို့ရှိ အမျိုးသားသွေးဌာန၌ ပဉ္စမအကြိမ်မြောက် သွေးလှူဒါန်းပွဲ
မြန်မာ့ခရီးသွားဘဏ် (MTB Bank) ၏ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းမိသားစုဝင်တွေဟာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့မှာ ရန်ကုန်မြို့ရှိ အမျိုးသားသွေးဌာန၌ ပဉ္စမအကြိမ်မြောက် သွေးလှူဒါန်းပွဲ

"သင့်သွေးဖြင့်အသက်ကယ်ပါ" ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း သွေးလှူဒါန်းခြင်းဆိုတာဟာ လူတစ်ယောက်ရဲ့ဘဝနဲ့ မျှော်လင့်ချက်တွေကို ဆက်လက်ရှင်သန်စေတဲ့ မွန်မြတ်တဲ့အလှူဒါနတစ်ခုဖြစ်ပါတယ်။ ထို့ကြောင့် မြန်မာ့ခရီးသွားဘဏ် (MTB Bank) ၏ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းမိသားစုဝင်တွေဟာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့မှာ ရန်ကုန်မြို့ရှိ အမျိုးသားသွေးဌာန၌ ပဉ္စမအကြိမ်မြောက် သွေးလှူဒါန်းပွဲကို ဂုဏ်ယူစွာနဲ့ ပြုလုပ်ဖြစ်ခဲ့ပါတယ်။ မြန်မာ့ခရီးသွားဘဏ် အနေဖြင့် 12-Aug-2023 - ပထမအကြိမ်၊ 20-Jan-2024 - ဒုတိယအကြိမ်၊ 24-Aug-2024 - တတိယအကြိမ်၊ 1-April-2025 - စတုထ္ထအကြိမ်၊ 23-Aug-2025 - ပဉ္စမအကြိမ်တိုင်အောင် စုပေါင်းသွေးလှူဒါန်းခြင်းကို ပီတီဖြစ်ဖွယ် ဖော်ဆောင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ MTB Bank သည် အကောင်းဆုံးဘဏ်ဝန်ဆောင်မှုတွေကို ပေးအပ်ဖို့ ကြိုးစားနေရုံသာမက လူမှုအသိုင်းအဝိုင်းနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကိုလည်း အစဉ်တစိုက် ဆောင်ရွက်သွားဖို့ ကတိပြုပါတယ်။ ဒီသွေးလှူဒါန်းပွဲဟာ ကျွန်တော်တို့ရဲ့ကတိကို သက်သေပြလိုက်ခြင်းပါပဲ။ ယခုကဲ့သို့ ရည်ရွယ်ချက်ကောင်းများဖြင့် အဓိပ္ပာယ်ရှိလှသည့် အစီအစဉ်မှာ ပါဝင်လှူဒါန်းပေးခဲ့ကြသူ အားလုံးကို MTB Bank မှလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ အားလုံးရဲ့ပူးပေါင်းပါဝင်မှုက အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်တော့မှာမို့ မှတ်တမ်းပုံရိပ်များအား ဝမ်းမြောက်ပီတ ဖြစ်စွာဖြင့် မျှဝေဖော်ပြပေးအပ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

ဆက်လက်ဖတ်ရှု့ရန် read-more-arrow
 “ သင်၏သွေးဖြင့် အသက်ကယ်ပါ”
 “ သင်၏သွေးဖြင့် အသက်ကယ်ပါ”

“ သင်၏သွေးဖြင့် အသက်ကယ်ပါ” ဟူသည့် စကားလေးအတိုင်း သဘာဝဘေးအန္တရာယ် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသည့် မိဘပြည်သူများအတွက် 𝐌𝐓𝐁 𝐁𝐚𝐧𝐤 လုပ်ဖော်ကိုင်ဖက် မိသားစုများမှ စုပေါင်းသွေးလှူဒါန်းခြင်းကို သန္ဒါတရားထက်သန်စွာဖြင့် ယနေ့ ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ သွေးလှူဘဏ်နှင့် ဆေးရုံကြီးများတွင် တပြိုင်နက်တည်း ပြုလုပ်ခဲ့ကြပါသည်။ သွေးလှူဒါန်းနေစဉ်အချိန်အတွင်းမှာပင် မြန်မာစံတော်ချိန် နေ့လည် ၁၂နာရီ ၅၁ မိနစ်အချိန်တွင် ပြုလုပ်သည့် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက် ရပ်တန့်ခြင်းများလည်း ပါဝင်အားဖြည့်ပေးခဲ့ကြပါသည်။ 𝐌𝐓𝐁 𝐁𝐚𝐧𝐤 မိသားစုအနေဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဝေဒနာခံစားရလျက်ရှိသည့် ပြည်သူများ ပြန်လည်  ကုသရေးအတွက် မရှိမဖြစ် လိုအပ်လျက်ရှိသော "သွေး" များကို အချိန်မီလှူဒါန်းလျက်ရှိရုံသာမက ငလျင်ဒဏ်ပြင်းထန်စွာ ခံစားခဲ့ရသည့် ပြည်သူများအတွက် လိုအပ်သော ကူညီပံ့ပိုးမှုများဖြစ်သည့် ဆေးဝါးများ၊ အစားအသောက်များ၊ အသုံးအဆောင်များနှင့် ကယ်ဆယ်ရေးပစ္စည်းများကိုလည်း ငလျင်ဒဏ်ဖြစ်ပွါးခဲ့သော နေရာဒေသများရှိပြည်သူများ အမြန်ဆုံးရရှိနိုင်ရေးအတွက် မြန်မာ့ခရီးသွားဘဏ်မှ အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှု့ရန် read-more-arrow
သွေးလှူဒါန်းခြင်း (ဩဂုတ်-၂၀၂၄)
သွေးလှူဒါန်းခြင်း (ဩဂုတ်-၂၀၂၄)

MTB Pay Digital Wallet ဝန်ဆောင်မှု စတင်မိတ်ဆက်သည့်ဂုဏ်ပြုအထိမ်းအမှတ် အနေဖြင့် မြန်မာ့ခရီးသွားဘဏ် (ရုံးချုပ်) အကြီးအကဲများ နှင့် ဝန်ထမ်းများမှ ၂၀၂၄ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားသွေးလှူဌာန၌ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွက် အဓိပ္ပာယ်ပြည့်ဝသော လှူဒါန်းမှုတစ်ရပ်အဖြစ် စုပေါင်း သွေးလှူဒါန်းခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှု့ရန် read-more-arrow
သဘာဝဘေးကယ်ဆယ်ရေးအလှူဒါန
သဘာဝဘေးကယ်ဆယ်ရေးအလှူဒါန

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက် နှင့် ၁၅ ရက်နေ့များအတွင်း မြန်မာ့ခရီးသွားဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးဝင်းလွင်နှင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ရှိ ဘဏ်ခွဲအသီးသီးမှ စေတနာ့ဝန်ထမ်းများသည် ရေဘေးသင့် ဒေသများသို့ အစားအသောက်၊ ဆေးဝါးနှင့် လိုအပ်သော ပစ္စည်းများအား ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြပါသည်။ နေပြည်တော် (အောင်စည်သာကျောင်း) အတွင်းမှ အရေးပေါ် ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးဒဏ်သင့် ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များနှင့် ကျေးရွာများမှ ပြည်သူများ စုစုပေါင်း (၉,၅၀၀) ဦးအတွက် အစားအစာနှင့် အရေးအပေါ်အထောက်အပံ့များ လှူဒါန်းခဲ့ကြပါသည်။ အရေးပေါ်အကူအညီလိုအပ်နေသည့် ဒေသများဖြစ်သည့် ကျီးအင်းကျေးရွာ၊ လှေကွင်းတောင်၊ မရှိခန ဘုရားကြီးနှင့် တပ်ကုန်း စသည့် နေရာများထိအရောက် သွားရောက်ပြီး ကူညီကယ်ဆယ်ရေး အထောက်အပံ့များလည်း ပေးအပ်လှူဒါန်းခဲ့ကြပါသည်။ မြန်မာ့ခရီးသွားဘဏ်အနေဖြင့် ရေးဘေးကူညီကယ်ဆယ်ရေးဆောင်ရွက်နေကြသည့် ပရဟိတ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများသို့ လည်း ငွေကြေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပါသည်။ မြန်မာ့ခရီးသွားဘဏ်သည် ကော်ပိုရိတ်ဆိုင်ရာ လူမှုတာဝန်ယူမှုဆောင်ရွက်မှုများအနေဖြင့် အခြားသော သဘာဝဘေးဆိုင်ရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများအား ဆက်လက် ပံ့ပိုးကူညီဆောင်ရွက်သွားရန် သံဓိဌာန်ချထားပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှု့ရန် read-more-arrow
သွေးလှူဒါန်းခြင်း (ဇန်နဝါရီ-၂၀၂၄)
သွေးလှူဒါန်းခြင်း (ဇန်နဝါရီ-၂၀၂၄)

မြန်မာ့ခရီးသွားဘဏ် မိသားစု၏ ပထမဆုံး “စုပေါင်း သွေးလှူဒါန်းပွဲ”ကို ရန်ကုန်မြို့ရှိ အမျိုးသားသွေးလှူဌာန နှင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ “ကုတင် ၅၀၀ ဆံ့ ဆေးရုံကြီး” တို့တွင် ဘဏ်၏ အကြီးအကဲများ နှင့် ဝန်ထမ်းများမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် လူမှုအကျိုးပြုလုပ်ငန်းတစ်ရပ်အနေဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှု့ရန် read-more-arrow