ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့ ဒီနေ့ခေတ်မှာ Green Economy ဟာ လျစ်လျူရှုလို့မရတဲ့ ကဏ္ဍတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် Myanma Tourism Bank (MTB) အနေနဲ့ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာမှာ အခြေခံဘဏ္ဍာရေးမဏ္ဍိုင်ဖြစ်တဲ့ Carbon Credit စီမံကိန်းတွေကို ဘဏ်လုပ်ငန်းရှုထောင့်ကနေ ပိုမိုနားလည်သဘောပေါက်စေဖို့ ရည်ရွယ်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့၊ ကြာသပတေးနေ့တွင် Myanma Tourism Bank ရဲ့ Sule Head Office - Functional Hall မှာ “Carbon Credit Training Program” ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ဒီသင်တန်းမှာ Green & Blue VCM Carbon Initiative မှ ပညာရှင်များဖြစ်ကြသော ဦးညွန့်ဝင်း (CEO) နှင့် ဒေါ်သီသီဖြိုးဦး (CTO) တို့က Green Economy ဖော်ဆောင်ရာမှာ ဘဏ်တွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသေးစိတ် ဝေမျှဆွေးနွေးပေးခဲ့ကြပါတယ်။ အနာဂတ်ရဲ့ စိမ်းလန်းစိုပြည်တဲ့ စီးပွားရေးခြေလှမ်းတွေအတွက် MTB ဝန်ထမ်းတွေ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြတဲ့ သင်တန်းမြင်ကွင်းတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့
ဆက်လက်ဖတ်ရှု့ရန်
ရွက်သစ်နုတို့ ဝေဆာဖူးပွင့်ပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ မြန်မာ့နှစ်သစ်ကူး အခါသမယမှာ Myanma Tourism Bank (MTB) ကို အစဉ်တစိုက် ယုံကြည်အသုံးပြုခဲ့ကြတဲ့ သုံးစွဲသူများအတွက် အမှတ်တရ နှစ်သစ်အကြိုလက်ဆောင်အဖြစ် “ရွှေလာငွေလာပင်” လေးများကို မေတ္တာဖြင့် ပေးအပ်ခဲ့ပါတယ်။ MTB Bank အနေဖြင့် လူကြီးမင်းတို့ရဲ့ ငွေကြေးဝန်ဆောင်မှုများကို အကောင်းဆုံး ဖြည့်ဆည်းပေးရုံတင်မကဘဲ နောင်လာမယ့် မျိုးဆက်သစ်များအတွက် ပိုမိုစိမ်းလန်းသန့်ရှင်းတဲ့ ကမ္ဘာမြေကို ဖန်တီးပေးဖို့ပါ ရည်ရွယ်ပြီး ဒီအစိမ်းရောင်လက်ဆောင်လေးတွေကို စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒီအပင်လေးတွေဟာ နှစ်သစ်မှာ စီးပွားလာဘ်လာဘတွေ တိုးပွားစေမယ့် နိမိတ်ကောင်းတွေကို သယ်ဆောင်လာပေးရုံသာမက သဘာဝပတ်ဝန်းကျင်ကိုပါ တန်ဖိုးထားစောင့်ရှောက်တဲ့ Sustainable Lifestyle တစ်ခုကို ဖော်ဆောင်ပေးမှာပါ။ စိမ်းလန်းစိုပြည်တဲ့ ပတ်ဝန်းကျင်၊ သာယာဝပြောတဲ့ လူမှုစီးပွားဘဝတွေနဲ့အတူ ပျော်ရွှင်စရာ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း MTB Bank မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့။
ဆက်လက်ဖတ်ရှု့ရန်
၂၀၂၄ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် မြန်မာ့ခရီးသွားဘဏ်သည် ဦးစီးပဓာန၊ နာယက ဆရာတော် ဒေါက်တာ အရှင်ပညောဘာသ၏ ပန်းပျိုးလက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ရဟန်းသံဃာများနှင့် ကလေးများအတွက် လိုအပ်သော အစားအသောက်၊ လှူဖွယ်ဝတ္တုငွေ၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးထားလှုပ်ရှားဆောင်ရွက်မှုအနေဖြင့် (ဝါးပင် ၇၀၀ နှင့် အာကေးရှား ၁၃၀၀ ပင်)အပါအဝင် အပင် ၂၀၀၀ ကို စိုက်ပျိုးလှူဒါန်းမှုပြုခဲ့ပါသည်။ လူမှုအသိုက်အဝန်းအတွင်း အပြန်အလှန်အလေးထားခြင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကလေးများမှ ဇွန်လတွင် မွေးဖွားသည့် MTB ဝန်ထမ်းများ၏ မွေးနေ့အား တစုတစည်းတည်း ကျင်းပခဲ့ခြင်းဖြင့် အပြန်အလှန်ဂရုပြုသော လူမှုအသိုင်းအဝိုင်း စိတ်ဓာတ်နှင့် ဘဏ်၏ လူမှုရေးနှင့်ပညာရေး ကဏ္ဍများအပေါ် အလေးထားဆောင်ရွက်မှု အပေါ် တုန့်ပြန်ထင်ဟပ်စေခဲ့ပါသည်။
ဆက်လက်ဖတ်ရှု့ရန်