page-loading

Culture, Arts & National Identity

သဗ္ဗမင်္ဂလာရွတ်ဖတ်ပူဇော်ပွဲနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ
သဗ္ဗမင်္ဂလာရွတ်ဖတ်ပူဇော်ပွဲနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ

မြန်မာ့ခရီးသွားဘဏ်အနေဖြင့် (၇) ရက်သားသမီးတို့အား အလုံးစုံသော ကောင်းခြင်းမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံစေရန် ရည်သန်လျက် မြန်မာ့ခရီးသွားဘဏ်မိသားစုများ စုပေါင်း၍ ဆူးလေဘုရားလမ်းမပေါ်ရှိ မြန်မာ့ခရီးသွားဘဏ် (ရုံးချုပ်) ၌ “သဗ္ဗမင်္ဂလာရွတ်ဖတ်ပူဇော်ပွဲနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ” အခမ်းအနားအား မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ်၊ ခရစ်နှစ် (၂၀၂၆) ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁၁) ရက်နေ့တွင် ပူဇော်ပြုလုပ်ခဲ့ပါသည်။ ထိုပူဇော်ပွဲတွင် လှရတနာဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ အမှူးပြုသော ပင့်သံဃာတော် (၅) ပါးတို့အား နေ့ဆွမ်း၊ ခဲဖွယ်ဘောဇဉ်ရသာတော်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ကြီးမှ ရွတ်ဖတ်ပူဇော်ခဲ့သည့် ပိဋကတ်သုံးပုံတွင် ပါဝင်သော သဗ္ဗမင်္ဂလာဂါထာတော်အား ဘုရားခေတ်၊ သီဟိုဠ်ခေတ်၊ မျက်မှောက်ခေတ် စသည့် ခေတ်သုံးခေတ် သမိုင်းကြောင်းများ တရားပြဟောကြားကာ ဘဏ်ဝန်ထမ်းများနှင့်အတူလည်း သံပြိုင်ရွတ်ဖတ်ပူဇော်ခဲ့ကြပါသည်။ ဤကောင်းမှုအစုစုတို့အား မြန်မာ့ခရီးသွားဘဏ် ဝန်ထမ်းမိသားစုများ၊ မိတ်ဟောင်း/မိတ်သစ်များ အပါအဝင် (၇) ရက်သားသမီးအပေါင်းတို့ ထပ်တူထပ်မျှ ရရှိ၍ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေသော်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

ဆက်လက်ဖတ်ရှု့ရန် read-more-arrow
မြန်မာ့ခရီးသွားဘဏ် ဝန်ထမ်းမိသားစုများ စုပေါင်း၍ အန္တရာယ်ကင်း ပရိတ်နှင့် ပဌာန်းအား သံပြိုင်ရွတ်ဖတ်ပူဇော်ခြင်း
မြန်မာ့ခရီးသွားဘဏ် ဝန်ထမ်းမိသားစုများ စုပေါင်း၍ အန္တရာယ်ကင်း ပရိတ်နှင့် ပဌာန်းအား သံပြိုင်ရွတ်ဖတ်ပူဇော်ခြင်း

မြန်မာ့ခရီးသွားဘဏ်၏ မိတ်ဟောင်းမိတ်သစ်များနှင့် ခုနစ်ရက်သားသမီးအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း၊ အန္တရာယ်ကင်းဘေးရှင်းခြင်းနှင့် စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားစေကာ ကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံစေရန် ရည်သန်လျက် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၃) ရက်နေ့တွင် ဆူးလေလမ်းမပေါ်ရှိ မြန်မာ့ခရီးသွားဘဏ်ရုံးချုပ်၌ မြန်မာ့ခရီးသွားဘဏ် ဝန်ထမ်းမိသားစုများ စုပေါင်း၍ အန္တရာယ်ကင်း ပရိတ်နှင့် ပဌာန်းအား သံပြိုင်ရွတ်ဖတ်ပူဇော်ခဲ့ကြပါသည်။ ဤကောင်းမှုအစုစုတို့အား မြန်မာ့ခရီးသွားဘဏ် ဝန်ထမ်းမိသားစုများ၊ မိတ်ဟောင်း/မိတ်သစ်များ အပါအဝင် (၇) ရက်သားသမီးအပေါင်းတို့ ထပ်တူထပ်မျှရ၍ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေ။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့ လက်တွဲစို့

ဆက်လက်ဖတ်ရှု့ရန် read-more-arrow
မြန်မာ့ခရီးသွားဘဏ်မိသားစု စုပေါင်းအာဟာရဒါနအလှူနှင့် ငွေပဒေသာပင်စိုက်ထူခြင်း
မြန်မာ့ခရီးသွားဘဏ်မိသားစု စုပေါင်းအာဟာရဒါနအလှူနှင့် ငွေပဒေသာပင်စိုက်ထူခြင်း

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက် စနေနေ့တွင် Myanma Tourism Bank (MTB) သည် လူထုအကျိုးပြုလုပ်ငန်းစဉ် (CSR) အစီအစဉ်တစ်ရပ်အဖြစ် ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီး သို့ သွားရောက်လှူဒါန်းကူညီမှုများ ဆောင်ရွက်ခဲ့ပါသည်။ ဤလူမှုအကျိုးပြုအစီအစဉ်တွင် MTB Bank ၏ အကြီးအကဲများ တက်ရောက်ပါဝင်ခဲ့ကြပြီး ဆေးရုံအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိဆရာဝန်များမှ ဆေးရုံ၏ သမိုင်းကြောင်း၊ လက်ရှိကုသပေးနေသည့် လူနာအခြေအနေများ၊ စိတ်ကျန်းမာရေးပြန်လည်ထူထောင်ရေးအစီအစဉ်များနှင့် ရင်ဆိုင်နေရသည့် လိုအပ်ချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြပါသည်။ MTB Bank အနေဖြင့်လည်း အနာဂတ်တွင် ပိုမိုထိရောက်သောပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ ထို့အပြင် MTB Bank ၏ အကြီးအကဲများသည် လူနာများနှင့် တွေ့ဆုံကာ နွေးထွေးစွာ အားပေးစကားများ ပြောကြားခဲ့ကြပါသည်။ ထိုနွေးထွေးသည့် ဆက်ဆံရေးနှင့် စိတ်အားပေးမှုများသည် လူနာများအတွက် စိတ်ဓာတ်မြှင့်တင်ပေးနိုင်သည့် အဖိုးတန်အခိုက်အတန့်များ ဖြစ်ခဲ့ပါသည်။ ထူးခြားစွာ၊ ဆေးရုံရှိ လူနာများမှ ကိုယ်တိုင်ဖန်တီးထုတ်လုပ်ထားသော လက်မှုပညာထုတ်ကုန်များကိုလည်း MTB Bank အဖွဲ့သားများမှ ဝယ်ယူအားပေးခဲ့ပါသည်။ ချည်ထိုးလက်ရာများ၊ လက်လုပ်အလှပစ္စည်းများ၊ အသုံးဝင်လက်မှုပစ္စည်းများ စသည်တို့ကို ဝယ်ယူခြင်းအားဖြင့် လူနာများ၏ အနုပညာစွမ်းရည်နှင့် တီထွင်ဖန်တီးနိုင်စွမ်းကို လက်တွေ့အသိအမှတ်ပြုခဲ့ပါသည်။ ထိုအားပေးဝယ်ယူမှုသည် လူနာများအတွက် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးရှိမှုကို ခံစားစေပြီး ပြန်လည်ထူထောင်ရေးလမ်းကြောင်းတွင် ယုံကြည်မှုတိုးတက်စေသော အရေးပါသည့် အထောက်အပံ့တစ်ရပ် ဖြစ်ခဲ့ပါသည်။ မမြင်ရသော စိတ်အနာတရများသည် တစ်ခါတစ်ရံ အလွန်နက်ရှိုင်းလွန်းလှပါသည်။ သို့သော် နားလည်ပေးမှု၊ စိတ်ရှည်သဘောထား၊ နွေးထွေးသည့် အပြုံးနှင့် ကူညီဖေးမတဲ့ လက်တစ်စုံ တစ်ခုပင် စိတ်အင်အားပြန်လည်တည်ဆောက်ရာတွင် အလွန်အရေးကြီးပါသည်။ MTB Bank အနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုသာမက လူမှုအသိုင်းအဝိုင်း၏ ကောင်းကျိုးတိုးတက်မှုကိုပါ အလေးထားကာ လူထုအကျိုးပြုလုပ်ငန်းစဉ်များတွင် ဆက်လက်ပါဝင်ကူညီပံပိုးသွားမည် ဖြစ်ပါသည်။ ထိုနေ့တွင် မျှဝေခံစားခဲ့ရသည့် နွေးထွေးမှု၊ အပြုံးများနှင့် မျှော်လင့်ချက်အလင်းရောင်များကို မှတ်တမ်းတင်ပုံရိပ်များကို ပြန်လည်မျှဝေတင်ပြလိုက်ပါသည်။ 🤍 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့ လက်တွဲစို့။

ဆက်လက်ဖတ်ရှု့ရန် read-more-arrow
“Thanaka Event”
“Thanaka Event”

"Thanaka": A symbol of Myanmar's beauty, tradition, and cultural heritage. Myanma Tourism Bank is honored to support the "Together Through Thanaka" campaign, a vital initiative to recognize the significance of "Thanaka" by nominating it for UNESCO's Intangible Cultural Heritage list. Just as "Thingyan" celebrates our New Year, Thanaka embodies our unique identity. We're proud to play a role in preserving this invaluable aspect of our cultural legacy for future generations. Learn more about this important campaign and join us in celebrating Myanmar's rich heritage!

ဆက်လက်ဖတ်ရှု့ရန် read-more-arrow
မြန်မာ့ခရီးသွားဘဏ်မိသားစု၏အာဟာရဒါန
မြန်မာ့ခရီးသွားဘဏ်မိသားစု၏အာဟာရဒါန

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် မြန်မာ့ခရီးသွားဘဏ် မိသားစုမှ ကြက်သားဟင်း၊ ဟင်းသီး ဟင်းရွက်ကြော်၊ အာလူးကြော် နှင့် အချဉ်ဟင်းရည်စသည့် အာဟာရဖြစ်စေသော အစားအစာများ ပါဝင်သည့် နေ့လည်စာ ဗူး ၁၀၀၀ ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှင့် မန္တလေးကုတင် ၅၀၀ ဆံ့ ဆေးရုံကြီးများသို့ လှူဒါန်းခဲ့ကြသည်။

ဆက်လက်ဖတ်ရှု့ရန် read-more-arrow