page-loading
မြန်မာ့ခရီးသွားဘဏ် ဝန်ထမ်းမိသားစုများ စုပေါင်း၍ အန္တရာယ်ကင်း ပရိတ်နှင့် ပဌာန်းအား သံပြိုင်ရွတ်ဖတ်ပူဇော်ခြင်း

မြန်မာ့ခရီးသွားဘဏ်၏ မိတ်ဟောင်းမိတ်သစ်များနှင့် ခုနစ်ရက်သားသမီးအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း၊ အန္တရာယ်ကင်းဘေးရှင်းခြင်းနှင့် စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားစေကာ ကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံစေရန် ရည်သန်လျက် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၃) ရက်နေ့တွင် ဆူးလေလမ်းမပေါ်ရှိ မြန်မာ့ခရီးသွားဘဏ်ရုံးချုပ်၌ မြန်မာ့ခရီးသွားဘဏ် ဝန်ထမ်းမိသားစုများ စုပေါင်း၍ အန္တရာယ်ကင်း ပရိတ်နှင့် ပဌာန်းအား သံပြိုင်ရွတ်ဖတ်ပူဇော်ခဲ့ကြပါသည်။

ဤကောင်းမှုအစုစုတို့အား မြန်မာ့ခရီးသွားဘဏ် ဝန်ထမ်းမိသားစုများ၊ မိတ်ဟောင်း/မိတ်သစ်များ အပါအဝင် (၇) ရက်သားသမီးအပေါင်းတို့ ထပ်တူထပ်မျှရ၍ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေ။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့ လက်တွဲစို့

25 March 2026

နောက်ဆုံးရသတင်းများ

csr-bl
ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးလျက်ရှိသော MTB 💙

မြန်မာ့ခရီးသွားဘဏ် (Myanma Tourism Bank – MTB) အနေဖြင့် “Tourism” ဟူသော အမည်နာမနှင့်အညီ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်တစိုက် ပံ့ပိုးကူညီလျက်ရှိပါသည်။ ခရီးသွားလုပ်ငန်းသည် ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများသာမက သယ်ယူပို့ဆောင်ရေး၊ MSMEs လုပ်ငန်းများ၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ၊ လက်မှုပညာနှင့် အခြားဆက်စပ်ကဏ္ဍများစွာကို ချိတ်ဆက်ပေးနေသည့် အရေးပါသော စီးပွားရေးကဏ္ဍတစ်ရပ် ဖြစ်ပါသည်။ ထိုသို့ အရေးပါသော ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြန်မာ့ခရီးသွားဘဏ် (MTB) မှ ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ရန်ပုံငွေပေးအပ်ပံ့ပိုးခြင်းကို နေပြည်တော်တွင် ပြုလုပ်ခဲ့ပါသည်။ ယခုကဲ့သို့ ပံ့ပိုးမှုသည် ငွေကြေးအကူအညီတစ်ရပ်သာမက MTB ၏ “Profit With Purpose” ဟူသော ယုံကြည်ချက်အတိုင်း ဘဏ်၏တိုးတက်မှုမှတစ်ဆင့် မြန်မာ့ခရီးသွားကဏ္ဍအတွက် ပြန်လည်အကျိုးပြုခြင်း ဖြစ်ပါသည်။ MTB အနေဖြင့် ဘဏ်၏အမြတ်ငွေ (Profit) မှ ၅ ရာခိုင်နှုန်းကို ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဆက်လက်ပံ့ပိုးသွားမည့် Commitment ကို ချမှတ်ထားပြီး ယခုအစီအစဉ်သည် အဆိုပါရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်သည့် ခြေလှမ်းတစ်ရပ် ဖြစ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့  

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများအတွက် TrueMoney Myanmar – MTB Bank ပူးပေါင်း ငွေလွှဲဝန်ဆောင်မှု

ရန်ကုန်၊ မြန်မာ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက် – မြန်မာ့ခရီးသွားဘဏ် (MTB) သည် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ မိမိတို့ ကြိုးစားရှာဖွေထားသော လစာငွေများကို ပြည်တွင်းရှိ မိသားစုများထံ ပိုမိုလွယ်ကူ၊ လုံခြုံပြီး စနစ်တကျ လွှဲပြောင်းပေးပို့နိုင်ရန်အတွက် TrueMoney Myanmar နှင့် ပူးပေါင်း၍ ပြည်ပငွေလွှဲဝန်ဆောင်မှုကို စတင်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးကြေညာအပ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုအရ ထိုင်းနိုင်ငံရှိ TrueMoney Wallet မှတစ်ဆင့် ပေးပို့လာသော ငွေလွှဲများကို မြန်မာနိုင်ငံတစ်ဝန်းရှိ MTB Bank ၏ မည်သည့်ဘဏ်ခွဲများတွင်မဆို လုံခြုံ၊ စိတ်ချ၊ မြန်ဆန်စွာဖြင့် စနစ်တကျ ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ ငွေထုတ်ယူမည့် မိသားစုဝင်များအနေဖြင့် မိမိတို့၏ နိုင်ငံသားစိစစ်ရေးကတ် (NRC) မူရင်းနှင့်အတူ ငွေလွှဲပို့သူထံမှ ရရှိထားသော လျှို့ဝှက်ဂဏန်း (၈) လုံး (Password Code) ကို ပြသ၍ MTB ဘဏ်ခွဲများတွင် မြန်ဆန်လွယ်ကူ၊ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်မှာ ဖြစ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
Top 50 Professional & Career Women Global Awards 2025

MTB Bank ၏ အမှုဆောင်ဒါရိုက်တာ (Executive Director) ဒေါ်သိင်္ဂီလင်း အတွက် “Top 50 Professional & Career Women Global Awards 2025” ဆုကို Women in Management မှ ချီးမြှင့်ခံရခြင်းအား MTB Bank အနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။ ဆောက်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ နည်းပညာ အစရှိသည့် ကဏ္ဍမျိုးစုံတွင် (၁၈) နှစ်ကျော် ဦးဆောင်မှုအတွေ့အကြုံရှိသော ဒေါ်သိင်္ဂီလင်းသည် MTB Bank ၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးနှင့် ဝန်ဆောင်မှုများ၌လည်း အဓိကအခန်းကဏ္ဍမှ ဦးဆောင်ဦးရွက်ပြုနေသူတစ်ဦးလည်း ဖြစ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow