မြန်မာ့ခရီးသွားဘဏ်အနေဖြင့် (၇) ရက်သားသမီးတို့အား အလုံးစုံသော ကောင်းခြင်းမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံစေရန် ရည်သန်လျက် မြန်မာ့ခရီးသွားဘဏ်မိသားစုများ စုပေါင်း၍ ဆူးလေဘုရားလမ်းမပေါ်ရှိ မြန်မာ့ခရီးသွားဘဏ် (ရုံးချုပ်) ၌ “သဗ္ဗမင်္ဂလာရွတ်ဖတ်ပူဇော်ပွဲနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ” အခမ်းအနားအား မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ်၊ ခရစ်နှစ် (၂၀၂၆) ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁၁) ရက်နေ့တွင် ပူဇော်ပြုလုပ်ခဲ့ပါသည်။
ထိုပူဇော်ပွဲတွင် လှရတနာဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ အမှူးပြုသော ပင့်သံဃာတော် (၅) ပါးတို့အား နေ့ဆွမ်း၊ ခဲဖွယ်ဘောဇဉ်ရသာတော်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ကြီးမှ ရွတ်ဖတ်ပူဇော်ခဲ့သည့် ပိဋကတ်သုံးပုံတွင် ပါဝင်သော သဗ္ဗမင်္ဂလာဂါထာတော်အား ဘုရားခေတ်၊ သီဟိုဠ်ခေတ်၊ မျက်မှောက်ခေတ် စသည့် ခေတ်သုံးခေတ် သမိုင်းကြောင်းများ တရားပြဟောကြားကာ ဘဏ်ဝန်ထမ်းများနှင့်အတူလည်း သံပြိုင်ရွတ်ဖတ်ပူဇော်ခဲ့ကြပါသည်။
ဤကောင်းမှုအစုစုတို့အား မြန်မာ့ခရီးသွားဘဏ် ဝန်ထမ်းမိသားစုများ၊ မိတ်ဟောင်း/မိတ်သစ်များ အပါအဝင် (၇) ရက်သားသမီးအပေါင်းတို့ ထပ်တူထပ်မျှ ရရှိ၍ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေသော်။
𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့


