page-loading

Sports, Youth & Active Lifestyle

(၃၉) ကြိမ်မြောက် ချစ်ကြည်ရေး ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် မိတ်ဆုံညစာစားပွဲ
(၃၉) ကြိမ်မြောက် ချစ်ကြည်ရေး ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် မိတ်ဆုံညစာစားပွဲ

မြန်မာနိုင်ငံတစ်ဝှမ်းရှိ All GTI ကျောင်းသား/ကျောင်းသူဟောင်းများ အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ပြန်လည်တွေ့ဆုံခြင်း အမှတ်တရအဖြစ် ကျင်းပခဲ့တဲ့ (၃၉) ကြိမ်မြောက် ချစ်ကြည်ရေး ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် မိတ်ဆုံညစာစားပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ နန်းမြိုင်ဟိုတယ်၌ ကျင်းပခဲ့ရာ မြန်မာ့ခရီးသွားဘဏ် (MTB) မှ Main Sponsor အဖြစ် ပါဝင်ကူညီ အားဖြည့်ပေးခဲ့ပါသည်။ MTB Bank မှ အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲသို့ ကြွရောက်လာကြတဲ့ ဧည့်သည်တော်များအား -အကောင့်ဖွင့်လှစ်ခြင်း - MTB Bank အကောင့်နှင့် MTB Pay အကောင့်များကို ဖွင့်လှစ်ပေးခြင်း။ -ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ - MTB Debit Card များနှင့် Mobile Banking များ လျှောက်ထားပေးခြင်း။ -ဘဏ္ဍာရေးဆိုင်ရာ လုံခြုံစိတ်ချမှု - MTB Bancassurance ဝန်ဆောင်မှုများအတွက် ဆွေးနွေးအကြံပေးခြင်း။ စတဲ့ ဘဏ်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့တဲ့အပြင် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ နွေးထွေးသော လူမှုအသိုက်အဝန်းနှင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်နိုင်ရန် MTB Bank သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဘဏ်ခွဲ (၁၉) ဘဏ်မှတစ်ဆင့် မိတ်ဟောင်း၊ မိတ်သစ်များအားလုံးအတွက် ခိုင်မာစိတ်ချရသော ဝန်ဆောင်မှုများဖြင့် အမြဲအသင့် ရှိနေပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

ဆက်လက်ဖတ်ရှု့ရန် read-more-arrow
𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐖𝐞𝐚𝐥𝐭𝐡, 𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐎𝐮𝐫 𝐏𝐥𝐚𝐧𝐞𝐭
𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐖𝐞𝐚𝐥𝐭𝐡, 𝐆𝐫𝐨𝐰𝐢𝐧𝐠 𝐎𝐮𝐫 𝐏𝐥𝐚𝐧𝐞𝐭

ရွက်သစ်နုတို့ ဝေဆာဖူးပွင့်ပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ မြန်မာ့နှစ်သစ်ကူး အခါသမယမှာ Myanma Tourism Bank (MTB) ကို အစဉ်တစိုက် ယုံကြည်အသုံးပြုခဲ့ကြတဲ့ သုံးစွဲသူများအတွက် အမှတ်တရ နှစ်သစ်အကြိုလက်ဆောင်အဖြစ် “ရွှေလာငွေလာပင်” လေးများကို မေတ္တာဖြင့် ပေးအပ်ခဲ့ပါတယ်။ MTB Bank အနေဖြင့် လူကြီးမင်းတို့ရဲ့ ငွေကြေးဝန်ဆောင်မှုများကို အကောင်းဆုံး ဖြည့်ဆည်းပေးရုံတင်မကဘဲ နောင်လာမယ့် မျိုးဆက်သစ်များအတွက် ပိုမိုစိမ်းလန်းသန့်ရှင်းတဲ့ ကမ္ဘာမြေကို ဖန်တီးပေးဖို့ပါ ရည်ရွယ်ပြီး ဒီအစိမ်းရောင်လက်ဆောင်လေးတွေကို စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒီအပင်လေးတွေဟာ နှစ်သစ်မှာ စီးပွားလာဘ်လာဘတွေ တိုးပွားစေမယ့် နိမိတ်ကောင်းတွေကို သယ်ဆောင်လာပေးရုံသာမက သဘာဝပတ်ဝန်းကျင်ကိုပါ တန်ဖိုးထားစောင့်ရှောက်တဲ့ Sustainable Lifestyle တစ်ခုကို ဖော်ဆောင်ပေးမှာပါ။ စိမ်းလန်းစိုပြည်တဲ့ ပတ်ဝန်းကျင်၊ သာယာဝပြောတဲ့ လူမှုစီးပွားဘဝတွေနဲ့အတူ ပျော်ရွှင်စရာ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း MTB Bank မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့။

ဆက်လက်ဖတ်ရှု့ရန် read-more-arrow
𝐌𝐓𝐁 𝐱 𝐌𝐑𝐑 𝟓𝐤𝐦 𝐅𝐮𝐧 𝐑𝐮𝐧
𝐌𝐓𝐁 𝐱 𝐌𝐑𝐑 𝟓𝐤𝐦 𝐅𝐮𝐧 𝐑𝐮𝐧

၈.၃.၂၀၂၆ (တနင်္ဂနွေနေ့) မနက်ခင်းတွင် ပါဝင်အားဖြည့်သူများစွာဖြင့် Myanma Tourism Bank (MTB) နှင့် Mandalay Road Runners (MRR) တို့ ပူးပေါင်းကျင်းပသည့် MTB x MRR 5km Fun Run အစီအစဉ်တွင် လူကြီး၊ လူငယ်မရွေး၊ Runner များ၊ မိသားစုများနှင့် သူငယ်ချင်းများ အများအပြား ပါဝင်ခဲ့ကြပြီး မန္တလေးကျုံးပတ်လမ်းတစ်လျှောက်ကို အတူတကွ ပြေးခဲ့ကြကာ ပျော်ရွှင်ဖွယ် Sunday Morning တစ်ခု ဖြစ်ခဲ့ပါသည်။ MTB Bank အနေဖြင့်လည်း ပါဝင်ပြေးသူများအတွက် Running Tee နှင့် MTB Special Caps တို့ကို အမှတ်တရ လက်ဆောင်အဖြစ် စီစဉ်ပေးခဲ့ပါသည်။ ပါဝင်ပြေးခဲ့ကြသော Runner များအားလုံးကို ကျေးဇူးအထူးတင်ရှိပြီး ပွဲ၏ အမှတ်တရပုံရိပ်များကို ယခုအခါ မျှဝေပေးလိုက်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

ဆက်လက်ဖတ်ရှု့ရန် read-more-arrow
လူငယ်တွေရဲ့ အနာဂတ်အတွက် MTB Bank မှ 2025 HYPE Futsal Championship ကို 𝐌𝐚𝐢𝐧 𝐒𝐩𝐨𝐧𝐬𝐨𝐫အဖြစ် ဂုဏ်ယူစွာ ပံ့ပိုးကူညီ
လူငယ်တွေရဲ့ အနာဂတ်အတွက် MTB Bank မှ 2025 HYPE Futsal Championship ကို 𝐌𝐚𝐢𝐧 𝐒𝐩𝐨𝐧𝐬𝐨𝐫အဖြစ် ဂုဏ်ယူစွာ ပံ့ပိုးကူညီ

အားကစားကိုမြှင့်တင်ရင်း လူငယ်တွေရဲ့ ဝါသနာနဲ့ အနာဂတ်ဘဝပိုမိုတောက်ပစေဖို့ရည်ရွယ်၍ 𝐇𝐲𝐩𝐞 𝐄𝐯𝐞𝐧𝐭𝐬 & 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐦𝐞𝐧𝐭 မှ ဦးစီးကျင်းပသည့် " 𝐇𝐘𝐏𝐄 𝐅𝐮𝐭𝐬𝐚𝐥 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬𝐡𝐢𝐩" ဘောလုံးပြိုင်ပွဲအား ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၁၂၊ ၁၄၊ ၁၉၊ ၂၁ )ရက်နေ့ထိ (၄) ရက်တိုင်တိုင် 𝐘𝐚𝐧𝐠𝐨𝐧 𝐔𝐧𝐢𝐭𝐞𝐝 𝐒𝐭𝐚𝐝𝐢𝐮𝐦 ၌ ကျင်းပခဲ့ရာ မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) မှ 𝐌𝐚𝐢𝐧 𝐒𝐩𝐨𝐧𝐬𝐨𝐫 အဖြစ်ဂုဏ်ယူစွာ ပံ့ပိုးကူညီပေးခဲ့ပါသည်။ အဆိုပါပြိုင်ပွဲအစီအစဉ်တွင် ကျောင်းပေါင်း (၁၁) ကျောင်းမှ ကျောင်းသားတွေဟာ (၄) ရက်တိုင်တိုင် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး အားကစားစိတ်ဓာတ်အပြည့်နဲ့ စွမ်းဆောင်ရည်တွေကို ပြသခဲ့ကြပါသည်။ ပွဲစဉ်တွေတစ်လျှောက် အကြိတ်အနယ်ယှဉ်ပြိုင်ပြီးနောက် 𝐒𝐞𝐦𝐢 𝐅𝐢𝐧𝐚𝐥𝐬 နှင့် 𝐅𝐢𝐧𝐚𝐥 သို့တက်ရောက်သွားသော 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧 အသင်းများအား ဆုဖလားများထိုက်တန်စွာ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) အနေဖြင့်လည်း ကြွရောက်လာကြတဲ့ ပွဲကြည့်ပရိတ်သတ်ဧည့်သည်တော်များ၊ ဆရာဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား 𝐌𝐓𝐁 𝐁𝐚𝐧𝐤 𝐀𝐜𝐜𝐨𝐮𝐧𝐭 နှင့် 𝐌𝐓𝐁 𝐏𝐚𝐲 𝐀𝐜𝐜𝐨𝐮𝐧𝐭 များဖွင့်လှစ်ပေးကာ 𝐌𝐓𝐁 𝐃𝐞𝐛𝐢𝐭 𝐂𝐚𝐫𝐝, 𝐌𝐓𝐁 𝐌𝐨𝐛𝐢𝐥𝐞 𝐁𝐚𝐧𝐤𝐢𝐧𝐠, 𝐌𝐓𝐁 𝐁𝐚𝐧𝐜𝐚𝐬𝐬𝐮𝐫𝐚𝐧𝐜𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 စတဲ့ ဘဏ်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့တဲ့အပြင် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့တဲ့ ပုံရိပ်များကို မှတ်တမ်းတင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့.

ဆက်လက်ဖတ်ရှု့ရန် read-more-arrow