ရွက်သစ်နုတို့ ဝေဆာဖူးပွင့်ပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ မြန်မာ့နှစ်သစ်ကူး အခါသမယမှာ Myanma Tourism Bank (MTB) ကို အစဉ်တစိုက် ယုံကြည်အသုံးပြုခဲ့ကြတဲ့ သုံးစွဲသူများအတွက် အမှတ်တရ နှစ်သစ်အကြိုလက်ဆောင်အဖြစ် “ရွှေလာငွေလာပင်” လေးများကို မေတ္တာဖြင့် ပေးအပ်ခဲ့ပါတယ်။
MTB Bank အနေဖြင့် လူကြီးမင်းတို့ရဲ့ ငွေကြေးဝန်ဆောင်မှုများကို အကောင်းဆုံး ဖြည့်ဆည်းပေးရုံတင်မကဘဲ နောင်လာမယ့် မျိုးဆက်သစ်များအတွက် ပိုမိုစိမ်းလန်းသန့်ရှင်းတဲ့ ကမ္ဘာမြေကို ဖန်တီးပေးဖို့ပါ ရည်ရွယ်ပြီး ဒီအစိမ်းရောင်လက်ဆောင်လေးတွေကို စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒီအပင်လေးတွေဟာ နှစ်သစ်မှာ စီးပွားလာဘ်လာဘတွေ တိုးပွားစေမယ့် နိမိတ်ကောင်းတွေကို သယ်ဆောင်လာပေးရုံသာမက သဘာဝပတ်ဝန်းကျင်ကိုပါ တန်ဖိုးထားစောင့်ရှောက်တဲ့ Sustainable Lifestyle တစ်ခုကို ဖော်ဆောင်ပေးမှာပါ။
စိမ်းလန်းစိုပြည်တဲ့ ပတ်ဝန်းကျင်၊ သာယာဝပြောတဲ့ လူမှုစီးပွားဘဝတွေနဲ့အတူ ပျော်ရွှင်စရာ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း MTB Bank မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့။


