page-loading
လူငယ်တွေရဲ့ အနာဂတ်အတွက် MTB Bank မှ 2025 HYPE Futsal Championship ကို 𝐌𝐚𝐢𝐧 𝐒𝐩𝐨𝐧𝐬𝐨𝐫အဖြစ် ဂုဏ်ယူစွာ ပံ့ပိုးကူညီ
အားကစားကိုမြှင့်တင်ရင်း လူငယ်တွေရဲ့ ဝါသနာနဲ့ အနာဂတ်ဘဝပိုမိုတောက်ပစေဖို့ရည်ရွယ်၍ 𝐇𝐲𝐩𝐞 𝐄𝐯𝐞𝐧𝐭𝐬 & 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐦𝐞𝐧𝐭 မှ
ဦးစီးကျင်းပသည့် ” 𝐇𝐘𝐏𝐄 𝐅𝐮𝐭𝐬𝐚𝐥 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬𝐡𝐢𝐩” ဘောလုံးပြိုင်ပွဲအား ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၁၂၊ ၁၄၊ ၁၉၊ ၂၁ )ရက်နေ့ထိ (၄) ရက်တိုင်တိုင်
𝐘𝐚𝐧𝐠𝐨𝐧 𝐔𝐧𝐢𝐭𝐞𝐝 𝐒𝐭𝐚𝐝𝐢𝐮𝐦 ၌ ကျင်းပခဲ့ရာ မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) မှ 𝐌𝐚𝐢𝐧 𝐒𝐩𝐨𝐧𝐬𝐨𝐫 အဖြစ်ဂုဏ်ယူစွာ ပံ့ပိုးကူညီပေးခဲ့ပါသည်။
အဆိုပါပြိုင်ပွဲအစီအစဉ်တွင် ကျောင်းပေါင်း (၁၁) ကျောင်းမှ ကျောင်းသားတွေဟာ (၄) ရက်တိုင်တိုင် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး
အားကစားစိတ်ဓာတ်အပြည့်နဲ့ စွမ်းဆောင်ရည်တွေကို ပြသခဲ့ကြပါသည်။ ပွဲစဉ်တွေတစ်လျှောက် အကြိတ်အနယ်ယှဉ်ပြိုင်ပြီးနောက်
𝐒𝐞𝐦𝐢 𝐅𝐢𝐧𝐚𝐥𝐬 နှင့် 𝐅𝐢𝐧𝐚𝐥 သို့တက်ရောက်သွားသော 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧 အသင်းများအား ဆုဖလားများထိုက်တန်စွာ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) အနေဖြင့်လည်း ကြွရောက်လာကြတဲ့ ပွဲကြည့်ပရိတ်သတ်ဧည့်သည်တော်များ၊ ဆရာဆရာမများနှင့်
ကျောင်းသား၊ကျောင်းသူများအား 𝐌𝐓𝐁 𝐁𝐚𝐧𝐤 𝐀𝐜𝐜𝐨𝐮𝐧𝐭 နှင့် 𝐌𝐓𝐁 𝐏𝐚𝐲 𝐀𝐜𝐜𝐨𝐮𝐧𝐭 များဖွင့်လှစ်ပေးကာ 𝐌𝐓𝐁 𝐃𝐞𝐛𝐢𝐭 𝐂𝐚𝐫𝐝, 𝐌𝐓𝐁 𝐌𝐨𝐛𝐢𝐥𝐞 𝐁𝐚𝐧𝐤𝐢𝐧𝐠,
𝐌𝐓𝐁 𝐁𝐚𝐧𝐜𝐚𝐬𝐬𝐮𝐫𝐚𝐧𝐜𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 စတဲ့ ဘဏ်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့တဲ့အပြင် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့တဲ့ ပုံရိပ်များကို
မှတ်တမ်းတင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 🤗
𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့.
27 August 2025

နောက်ဆုံးရသတင်းများ

csr-bl
Myanmar Business Executives Association -18th Annual General Meeting တွင် Myanma Tourism Bank အနေဖြင့် Diamond Contribution Partner

စီးပွားရေးလုပ်ငန်းများ ပိုမိုခိုင်မာအားကောင်းစေဖို့နဲ့ Business Community တစ်ခုလုံး ရေရှည်တိုးတက်ဖို့ဆိုတာ ခိုင်မာတဲ့ Partnerships တွေပေါ်မှာ အများကြီး မူတည်နေတာမို့ Lotte Hotel Yangon ၌ အောင်မြင်စွာ ကျင်းပခဲ့သော Myanmar Business Executives Association - MBE ရဲ့ 18th Annual General Meeting တွင် Myanma Tourism Bank (MTB) အနေဖြင့် Diamond Contribution Partner အဖြစ် ထပ်မံပါဝင်ပံ့ပိုးခွင့်ရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ မြန်မာ့ခရီးသွားဘဏ် (MTB)သည် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို ပေးအပ်ရုံသာမက စီးပွားရေးလုပ်ငန်းရှင်တွေကြား Networking ပိုမိုအားကောင်းလာစေဖို့၊ Business Leaders နဲ့ Professionals တွေကြား အမြင်သစ်တွေ ဖလှယ်နိုင်ဖို့နဲ့ Sustainable Business Growth ကို အတူတကွ တည်ဆောက်သွားဖို့ အမြဲဦးတည်လျက်ရှိပါသည်။ ထိုပွဲ၌ တွေ့ဆုံခွင့်ရခဲ့သော မိတ်ဟောင်း၊ မိတ်သစ် Business Executives များအားလုံးနှင့် ပွဲအောင်မြင်စွာ ဖြစ်မြောက်အောင် စီစဉ်ပေးခဲ့ကြတဲ့ MBE မှ တာဝန်ရှိသူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။  

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MTB နှင့်အတူ 

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လုပ်ငန်းရှင်များအကြား ပိုမိုကောင်းမွန်သော ချိတ်ဆက်မှုများ ဖန်တီးနိုင်ရန် ရည်ရွယ်ကျင်းပသည့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) ၏ 7th Members’ Gala Dinner တွင် မြန်မာ့ခရီးသွားဘဏ် (MTB Bank) မှ Diamond Sponsor အဖြစ် ပါဝင်အားဖြည့်ပေးခဲ့ပါသည်။ အောက်တိုဘာလ ၂ ရက်နေ့တွင် Novotel Yangon Max ၌ ကျင်းပခဲ့သည့် အဆိုပါ မိတ်ဆုံစားပွဲတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍမှ လုပ်ငန်းရှင်များ၊ မိတ်ဖက်များနှင့် သက်ဆိုင်သူများ စုစည်းတွေ့ဆုံခဲ့ကြပြီး ၂၀၂၆ hotel excellence award ချီးမြှင့်ခြင်း၊ လုပ်ငန်းအတွေ့အကြုံများ၊ အမြင်များနှင့် အခွင့်အလမ်းများကို အပြန်အလှန် အလွတ်သဘော ဖလှယ်ခွင့်ရခဲ့ကြသည့် အပြင် MTB ဘဏ်အကြောင်း မိတ်ဆက်ရှင်းလင်းပြောကြားချင်းများကို ပြုလုပ်ခဲ့ကြပါသည်။ MTB Bank အနေဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍနှင့် နီးကပ်စွာ ဆက်နွယ်နေသည့် ဘဏ်တစ်ခုအဖြစ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအတွက် လိုအပ်သည့် ဘဏ္ဍာရေးဝန်ဆောင်မှုများ ပံ့ပိုးပေးလျက်ရှိသည့်အပြင် လုပ်ငန်းကဏ္ဍအတွင်း ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်သည့် အစီအစဉ်များတွင်လည်း ပါဝင်အားဖြည့်လျက်ရှိပါသည်။ ယခုကဲ့သို့ လုပ်ငန်းကဏ္ဍအတွင်းရှိ မိတ်ဖက်များနှင့် တွေ့ဆုံခွင့်ရခြင်းသည် အတွေ့အကြုံများနှင့် အမြင်များကို ဖလှယ်နိုင်သည့်အပြင် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများလည်း ဖြစ်ပါသည်။ မြန်မာ့ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ လုပ်ငန်းရှင်များနှင့်အတူ လက်တွဲပြီး အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရန် MTB Bank မှ ဆက်လက်ပံ့ပိုးသွားမည် ဖြစ်ပါသည်။

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
မြန်မာ့ခရီးသွားဘဏ် (MTB Bank) မှ MTB Pay အသုံးပြု၍ MMQR ဖြင့် ငွေပေးချေနိုင်မည့် ဝန်ဆောင်မှု မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ

မြန်မာ့ခရီးသွားဘဏ် (MTB Bank) အနေဖြင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် Cashless Payment အသုံးပြုမှု ပိုမိုကျယ်ပြန့်လာစေရန် ရည်ရွယ်၍ MTB Pay အသုံးပြု၍ MMQR ဖြင့် ငွေပေးချေနိုင်မည့်ဝန်ဆောင်မှုမိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့၊ ရန်ကုန်မြို့၊ ဆူးလေရှိ MTB Head Office Functional Hall တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် MTB Bank ၏ MTB Pay အသုံးပြု၍ MMQR ဖြင့် ငွေပေးချေနိုင်မည့် ဝန်ဆောင်မှုနှင့် ပတ်သက်သည့် အချက်အလက်များ၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်၏ အရေးပါမှုများနှင့် သုံးစွဲသူများအတွက် ပိုမိုလွယ်ကူအဆင်ပြေသော ငွေပေးချေမှုအတွေ့အကြုံများ ဖန်တီးပေးနိုင်မည့် အခွင့်အလမ်းများကို MTB bank ၏ BOD အဖွဲ့ဝင်များ၊ MTB Bank CEO ဦးဝင်လွင်၊ Bards Limited ၏ CEO တို့မှလည်း ဝမ်းမြောက် အမှာစကားများ ပြောကြားပေးခဲ့ပြီး Digital Banking ဌာန၏ ဦးလွမ်းမှလည်း MTB Pay တွင် MMQR အလုပ်လုပ်ပုံနှင့်အသုံးပြုပုံများကို ရှင်းလင်းပြောကြားခဲ့ ကြပါသည်။ MTB Bank အနေဖြင့် ခေတ်မီဒစ်ဂျစ်တယ်နည်းပညာများကို အသုံးချ၍ သုံးစွဲသူများ၏ နေ့စဉ်ဘဏ်လုပ်ငန်းလိုအပ်ချက်များကို ပိုမိုလွယ်ကူအဆင်ပြေစေရန် ဆန်းသစ်သော ဘဏ်ဝန်ဆောင်မှုများကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပါသည်။

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow