Personal Banking
Business Banking
Digital Banking
Personal Banking
Business Banking
Digital Banking
“အာရောဂျံ၊ပရမံ၊လာဘံ”ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဟူသောဆိုရိုးစကားများနှင့်အညီ ကိုယ်စိတ်နှစ်ပါးကျန်းမာစွာဖြင့် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးစွမ်းနိုင်စေရန် မြန်မာ့ခရီးသွားဘဏ်ဝန်ထမ်းများ၏ ကျန်းမာရေးနှင့်ရောဂါဘယ ကင်းဝေးစေရေးအစီအစဉ် တစ်ရပ်အနေဖြင့် MTB Bank (ရုံးချုပ်)ရှိဌာနကြီးများနှင့် ရန်ကုန်မြို့ရှိဘဏ်ခွဲများမှ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများအား ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်၊ဆရာမများ၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုဖြင့် ဆူးလေဘုရားလမ်းပေါ်ရှိ မြန်မာ့ခရီးသွားဘဏ်(ရုံးချုပ်)တည်ရာ၌ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံပေးသည့် ပုံရိပ်များအား ပြန်လည်မျှဝေဖော်ပြအပ်ပါသည်။ “ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်”ဟူသည့် ဆောင်ပုဒ်နှင့်အညီ MTB ဘဏ်ဝန်ထမ်းများမှ ကျန်းမာ၍ ရောဂါဘယကင်းစွာဖြင့် မိတ်ဟောင်းမိတ်သစ်ကြီးများအား အကောင်းဆုံးဝန်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်ပါကြောင်းလည်း ဖြည့်စွက်အသိပေးအပ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့
ဆက်လက်ဖတ်ရှု့ရန်
မြန်မာ့ခရီးသွားဘဏ်သည် မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများကို ကူညီထောက်ပံ့ရန် ကွဲပြားခြားနားသော နည်းလမ်းများဖြင့် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ COVID-19 ကာကွယ်ရေး အသိပညာပေး လုပ်ငန်းစဉ်များတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ခဲ့ပြီး ရန်ကုန်မြို့နှင့် အခြားဒေသများရှိ ဆေးရုံများသို့ ကုသရေးအထောက်အပံ့များ၊ ရောဂါကာကွယ်ရေး သုံးပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။ အဆိုပါ လှူဒါန်းမှုများသာမက မြန်မာ့ခရီးသွာဘဏ်သည် ၎င်း၏ ဌာန၊ ဘဏ်ခွဲအသီးသီးရှိ ဝန်ထမ်းများအတွက် COVID-19 ကာကွယ်ရေး နှာခေါင်းစီး၊ လက်အိတ်၊ အားဆေးများနှင့် ဆေးဝါးများ ကူညီထောက်ပံ့ပေးခဲ့ပါသည်။
ဆက်လက်ဖတ်ရှု့ရန်