page-loading
ဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့လေ့ကျင့်ခန်းများ
“အရေးကြုံ သက်လုံကောင်း” ဆိုတဲ့ ဆိုရိုးစကားအတိုင်း သဘာဝဘေးအန္တရာယ်တွေဟာ ဘယ်အချိန်မှာဖြစ်လာနိုင်မလဲဆိုတာ
ဘယ်သူမှမခန့်မှန်းနိုင်ပေမယ့် မမျှော်လင့်ထားတဲ့ အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ထားခြင်းဟာ
အကောင်းဆုံးသော ကာကွယ်နည်းတစ်ခုပါ။ ဒါကြောင့် မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) အနေဖြင့်
ဝန်ထမ်းမိသားစုဝင်တွေရဲ့ ဘေးကင်းလုံခြုံမှုဟာ အဓိက ဦးစားပေးဖြစ်တာကြောင့် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့ မှာ
မီးဘေးအန္တရာယ်နှင့် ငလျင်ဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 𝐓𝐚𝐥𝐤 𝐒𝐡𝐨𝐰 နှင့်
စီမံခန့်ခွဲမှုဆိုင်ရာ လေ့ကျင့်ခြင်းဇာတ်တိုက်အစီအစဉ်ကို ဆူးလေလမ်းမပေါ်ရှိ မြန်မာ့ခရီးသွားဘဏ် (ရုံးချုပ်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဒီလေ့ကျင့်မှုကို 𝐀𝐝𝐦𝐢𝐧𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 နှင့် 𝐑𝐢𝐬𝐤 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 တို့ပူးပေါင်း၍
ရန်ကုန်တိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီအဖွဲ့တို့၏ ပံ့ပိုးကူညီမှုဖြင့် မီးသတ်ဆေးဘူးအသုံးပြုနည်း၊
ငလျင်လှုပ်တဲ့အခါ ရှောင်တိမ်းပုံနှင့် ရှေးဦးသူနာပြုစုနည်း အခြေခံအဆင့်ဆင့်များအစရှိတဲ့ အရေးပေါ်အခြေအနေဆိုင်ရာ
လက်တွေ့ကျကျ ကွင်းဆင်းလေ့ကျင့်မှုများကို 𝐌𝐓𝐁 𝐁𝐚𝐧𝐤 ရဲ့ ဝန်ထမ်းမိသားစုဝင်များအားလုံး တက်ကြွစွာ ပူးပေါင်းပါဝင် လေ့ကျင့်ခဲ့ကြပါသည်။

ဒီလေ့ကျင့်မှုဟာ ဝန်ထမ်းတွေရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာကို မြှင့်တင်ပေးရုံသာမကဘဲ ဝန်ထမ်းအချင်းချင်း
ရိုင်းပင်ကူညီတတ်တဲ့အလေ့အကျင့်ကောင်းနဲ့ ပိုမိုလုံခြုံတဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခုကိုပါ ဖန်တီးနိုင်ခဲ့ပါတယ်။ 𝐌𝐓𝐁 𝐁𝐚𝐧𝐤 ဟာ
မိဘပြည်သူများအတွက် အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့ အစဉ်အမြဲကြိုးစားနေသလို ဘဏ်ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှုကိုလည်း
အလေးထားဆောင်ရွက်နေတဲ့ မှတ်တမ်းပုံရိပ်များကို ဂုဏ်ယူစွာဖော်ပြအပ်ပါသည်။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့
10 September 2025

နောက်ဆုံးရသတင်းများ

csr-bl
Myanmar Business Executives Association -18th Annual General Meeting တွင် Myanma Tourism Bank အနေဖြင့် Diamond Contribution Partner

စီးပွားရေးလုပ်ငန်းများ ပိုမိုခိုင်မာအားကောင်းစေဖို့နဲ့ Business Community တစ်ခုလုံး ရေရှည်တိုးတက်ဖို့ဆိုတာ ခိုင်မာတဲ့ Partnerships တွေပေါ်မှာ အများကြီး မူတည်နေတာမို့ Lotte Hotel Yangon ၌ အောင်မြင်စွာ ကျင်းပခဲ့သော Myanmar Business Executives Association - MBE ရဲ့ 18th Annual General Meeting တွင် Myanma Tourism Bank (MTB) အနေဖြင့် Diamond Contribution Partner အဖြစ် ထပ်မံပါဝင်ပံ့ပိုးခွင့်ရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ မြန်မာ့ခရီးသွားဘဏ် (MTB)သည် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို ပေးအပ်ရုံသာမက စီးပွားရေးလုပ်ငန်းရှင်တွေကြား Networking ပိုမိုအားကောင်းလာစေဖို့၊ Business Leaders နဲ့ Professionals တွေကြား အမြင်သစ်တွေ ဖလှယ်နိုင်ဖို့နဲ့ Sustainable Business Growth ကို အတူတကွ တည်ဆောက်သွားဖို့ အမြဲဦးတည်လျက်ရှိပါသည်။ ထိုပွဲ၌ တွေ့ဆုံခွင့်ရခဲ့သော မိတ်ဟောင်း၊ မိတ်သစ် Business Executives များအားလုံးနှင့် ပွဲအောင်မြင်စွာ ဖြစ်မြောက်အောင် စီစဉ်ပေးခဲ့ကြတဲ့ MBE မှ တာဝန်ရှိသူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။  

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MTB နှင့်အတူ 

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လုပ်ငန်းရှင်များအကြား ပိုမိုကောင်းမွန်သော ချိတ်ဆက်မှုများ ဖန်တီးနိုင်ရန် ရည်ရွယ်ကျင်းပသည့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) ၏ 7th Members’ Gala Dinner တွင် မြန်မာ့ခရီးသွားဘဏ် (MTB Bank) မှ Diamond Sponsor အဖြစ် ပါဝင်အားဖြည့်ပေးခဲ့ပါသည်။ အောက်တိုဘာလ ၂ ရက်နေ့တွင် Novotel Yangon Max ၌ ကျင်းပခဲ့သည့် အဆိုပါ မိတ်ဆုံစားပွဲတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍမှ လုပ်ငန်းရှင်များ၊ မိတ်ဖက်များနှင့် သက်ဆိုင်သူများ စုစည်းတွေ့ဆုံခဲ့ကြပြီး ၂၀၂၆ hotel excellence award ချီးမြှင့်ခြင်း၊ လုပ်ငန်းအတွေ့အကြုံများ၊ အမြင်များနှင့် အခွင့်အလမ်းများကို အပြန်အလှန် အလွတ်သဘော ဖလှယ်ခွင့်ရခဲ့ကြသည့် အပြင် MTB ဘဏ်အကြောင်း မိတ်ဆက်ရှင်းလင်းပြောကြားချင်းများကို ပြုလုပ်ခဲ့ကြပါသည်။ MTB Bank အနေဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍနှင့် နီးကပ်စွာ ဆက်နွယ်နေသည့် ဘဏ်တစ်ခုအဖြစ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအတွက် လိုအပ်သည့် ဘဏ္ဍာရေးဝန်ဆောင်မှုများ ပံ့ပိုးပေးလျက်ရှိသည့်အပြင် လုပ်ငန်းကဏ္ဍအတွင်း ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်သည့် အစီအစဉ်များတွင်လည်း ပါဝင်အားဖြည့်လျက်ရှိပါသည်။ ယခုကဲ့သို့ လုပ်ငန်းကဏ္ဍအတွင်းရှိ မိတ်ဖက်များနှင့် တွေ့ဆုံခွင့်ရခြင်းသည် အတွေ့အကြုံများနှင့် အမြင်များကို ဖလှယ်နိုင်သည့်အပြင် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများလည်း ဖြစ်ပါသည်။ မြန်မာ့ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ လုပ်ငန်းရှင်များနှင့်အတူ လက်တွဲပြီး အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရန် MTB Bank မှ ဆက်လက်ပံ့ပိုးသွားမည် ဖြစ်ပါသည်။

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
မြန်မာ့ခရီးသွားဘဏ် (MTB Bank) မှ MTB Pay အသုံးပြု၍ MMQR ဖြင့် ငွေပေးချေနိုင်မည့် ဝန်ဆောင်မှု မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ

မြန်မာ့ခရီးသွားဘဏ် (MTB Bank) အနေဖြင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် Cashless Payment အသုံးပြုမှု ပိုမိုကျယ်ပြန့်လာစေရန် ရည်ရွယ်၍ MTB Pay အသုံးပြု၍ MMQR ဖြင့် ငွေပေးချေနိုင်မည့်ဝန်ဆောင်မှုမိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့၊ ရန်ကုန်မြို့၊ ဆူးလေရှိ MTB Head Office Functional Hall တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် MTB Bank ၏ MTB Pay အသုံးပြု၍ MMQR ဖြင့် ငွေပေးချေနိုင်မည့် ဝန်ဆောင်မှုနှင့် ပတ်သက်သည့် အချက်အလက်များ၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်၏ အရေးပါမှုများနှင့် သုံးစွဲသူများအတွက် ပိုမိုလွယ်ကူအဆင်ပြေသော ငွေပေးချေမှုအတွေ့အကြုံများ ဖန်တီးပေးနိုင်မည့် အခွင့်အလမ်းများကို MTB bank ၏ BOD အဖွဲ့ဝင်များ၊ MTB Bank CEO ဦးဝင်လွင်၊ Bards Limited ၏ CEO တို့မှလည်း ဝမ်းမြောက် အမှာစကားများ ပြောကြားပေးခဲ့ပြီး Digital Banking ဌာန၏ ဦးလွမ်းမှလည်း MTB Pay တွင် MMQR အလုပ်လုပ်ပုံနှင့်အသုံးပြုပုံများကို ရှင်းလင်းပြောကြားခဲ့ ကြပါသည်။ MTB Bank အနေဖြင့် ခေတ်မီဒစ်ဂျစ်တယ်နည်းပညာများကို အသုံးချ၍ သုံးစွဲသူများ၏ နေ့စဉ်ဘဏ်လုပ်ငန်းလိုအပ်ချက်များကို ပိုမိုလွယ်ကူအဆင်ပြေစေရန် ဆန်းသစ်သော ဘဏ်ဝန်ဆောင်မှုများကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပါသည်။

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow