ရန်ကုန်၊ မြန်မာ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက် – မြန်မာ့ခရီးသွားဘဏ် (MTB) သည် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ မိမိတို့ ကြိုးစားရှာဖွေထားသော လစာငွေများကို ပြည်တွင်းရှိ မိသားစုများထံ ပိုမိုလွယ်ကူ၊ လုံခြုံပြီး စနစ်တကျ လွှဲပြောင်းပေးပို့နိုင်ရန်အတွက် TrueMoney Myanmar နှင့် ပူးပေါင်း၍ ပြည်ပငွေလွှဲဝန်ဆောင်မှုကို စတင်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးကြေညာအပ်ပါသည်။
ဤပူးပေါင်းဆောင်ရွက်မှုအရ ထိုင်းနိုင်ငံရှိ TrueMoney Wallet မှတစ်ဆင့် ပေးပို့လာသော ငွေလွှဲများကို မြန်မာနိုင်ငံတစ်ဝန်းရှိ MTB Bank ၏ မည်သည့်ဘဏ်ခွဲများတွင်မဆို လုံခြုံ၊ စိတ်ချ၊ မြန်ဆန်စွာဖြင့် စနစ်တကျ ထုတ်ယူနိုင်မည်ဖြစ်ပါသည်။
ငွေထုတ်ယူမည့် မိသားစုဝင်များအနေဖြင့် မိမိတို့၏ နိုင်ငံသားစိစစ်ရေးကတ် (NRC) မူရင်းနှင့်အတူ ငွေလွှဲပို့သူထံမှ ရရှိထားသော လျှို့ဝှက်ဂဏန်း (၈) လုံး (Password Code) ကို ပြသ၍ MTB ဘဏ်ခွဲများတွင် မြန်ဆန်လွယ်ကူ၊ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်မှာ ဖြစ်ပါသည်။
𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့


