page-loading
📚 အခြေခံဘဏ်လုပ်ငန်းဆိုင်ရာ ဗဟုသုတများ မျှဝေဆွေးနွေးခြင်း

ဝန်ထမ်းများ၏ ဘဏ်လုပ်ငန်းဆိုင်ရာ အသိပညာနှင့် လုပ်ငန်းခွင်စွမ်းဆောင်ရည်များ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ မြန်မာ့ခရီးသွားဘဏ် (MTB Bank) တွင် “အခြေခံဘဏ်လုပ်ငန်းဆိုင်ရာ မျှဝေဆွေးနွေးခြင်း” ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ဆူးလေ Head Office ရှိ Functional Hall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

အဆိုပါဆွေးနွေးပွဲတွင် MTB Bank ၏ CFO ဖြစ်သူ ဒေါ်ဆွေဆွမြင့်က ဦးဆောင်ဆွေးနွေးပေးခဲ့ပြီး အခြေခံဘဏ်လုပ်ငန်းဆိုင်ရာ သဘောတရားများ၊ ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်းများ၊ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာများအပြင် ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို မျှဝေဆွေးနွေးခဲ့ကြပါသည်။

 

MTB Bank အနေဖြင့် ဝန်ထမ်းများ၏ အသိပညာနှင့် အရည်အချင်းများကို စဉ်ဆက်မပြတ် မြှင့်တင်ပေးခြင်းဖြင့် ပိုမိုထိရောက်သော လုပ်ငန်းဆောင်ရွက်မှုများနှင့် အရည်အသွေးပြည့်ဝသော ဘဏ်ဝန်ဆောင်မှုများကို ဖော်ဆောင်နိုင်ရန် အလေးထားဆောင်ရွက်လျက်ရှိပါသည်။

 

Create Your World With MTB
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

 

 

12 November 2026

နောက်ဆုံးရသတင်းများ

csr-bl
မြန်မာ့ခရီးသွားဘဏ်နှင့် Falcon Esports (MLBB) အသင်းတို့အကြား Sponsorship Agreement လက်မှတ်ရေးထိုးခြင်း 🎮💙

မြန်မာ့ခရီးသွားဘဏ် (MTB Bank) အနေဖြင့် မြန်မာနိုင်ငံ၏ Esports ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်မျိုးဆက်သစ်တို့၏ အရည်အချင်း၊ စွမ်းဆောင်ရည်နှင့် ကြိုးပမ်းအားထုတ်မှုများကို အားပေးပံ့ပိုးရန် ရည်ရွယ်၍ Falcon Esports (MLBB) အသင်းနှင့် Sponsorship Agreement ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ MTB Bank ၏ ဒါရိုက်တာအဖွဲ့ဝင်များ၊ အဆင့်မြင့်စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် Falcon Esports (MLBB) အသင်းမှ တာဝန်ရှိသူများ၊ ကစားသမားများ တက်ရောက်ခဲ့ကြပါသည်။ 🎮 ယခု Sponsorship ပံ့ပိုးမှုသည် Esports ကဏ္ဍတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသော လူငယ်ကစားသမားများ၏ အရည်အချင်း၊ ဇွဲလုံ့လနှင့် ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုအားပေးခြင်းသာမက မြန်မာနိုင်ငံ၏ Esports ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်သည့် ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်လည်း ဖြစ်ပါသည်။ 🎮 MTB Bank အနေဖြင့် ခေတ်မီဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဆက်လက်ဖော်ဆောင်ပေးလျက်ရှိသကဲ့သို့ လူငယ်များ၏ အရည်အချင်းနှင့် အနာဂတ်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူပြုနိုင်မည့် ကဏ္ဍအသီးသီးတွင်လည်း ပူးပေါင်းပါဝင်ပံ့ပိုးသွားရန် ကြိုးပမ်းလျက်ရှိပါသည်။ 🎮 ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် Falcon Esports (MLBB) အသင်းအနေဖြင့် ၎င်းတို့၏ ရည်မှန်းချက်များကို ပိုမိုအကောင်အထည်ဖော်နိုင်ပြီး မြန်မာ့ Esports ကဏ္ဍအတွက်လည်း အကျိုးရှိသော အခွင့်အလမ်းများနှင့် ရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဟု မျှော်လင့်ပါသည်။ Create Your World With MTB သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့ 💙 #MyanmaTourismBank #MTBBank #FalconMobileLegends #Esports #Sponsorship #Partnership  

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
Myanmar Business Executives Association -18th Annual General Meeting တွင် Myanma Tourism Bank အနေဖြင့် Diamond Contribution Partner

စီးပွားရေးလုပ်ငန်းများ ပိုမိုခိုင်မာအားကောင်းစေဖို့နဲ့ Business Community တစ်ခုလုံး ရေရှည်တိုးတက်ဖို့ဆိုတာ ခိုင်မာတဲ့ Partnerships တွေပေါ်မှာ အများကြီး မူတည်နေတာမို့ Lotte Hotel Yangon ၌ အောင်မြင်စွာ ကျင်းပခဲ့သော Myanmar Business Executives Association - MBE ရဲ့ 18th Annual General Meeting တွင် Myanma Tourism Bank (MTB) အနေဖြင့် Diamond Contribution Partner အဖြစ် ထပ်မံပါဝင်ပံ့ပိုးခွင့်ရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ မြန်မာ့ခရီးသွားဘဏ် (MTB)သည် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို ပေးအပ်ရုံသာမက စီးပွားရေးလုပ်ငန်းရှင်တွေကြား Networking ပိုမိုအားကောင်းလာစေဖို့၊ Business Leaders နဲ့ Professionals တွေကြား အမြင်သစ်တွေ ဖလှယ်နိုင်ဖို့နဲ့ Sustainable Business Growth ကို အတူတကွ တည်ဆောက်သွားဖို့ အမြဲဦးတည်လျက်ရှိပါသည်။ ထိုပွဲ၌ တွေ့ဆုံခွင့်ရခဲ့သော မိတ်ဟောင်း၊ မိတ်သစ် Business Executives များအားလုံးနှင့် ပွဲအောင်မြင်စွာ ဖြစ်မြောက်အောင် စီစဉ်ပေးခဲ့ကြတဲ့ MBE မှ တာဝန်ရှိသူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။  

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MTB နှင့်အတူ 

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လုပ်ငန်းရှင်များအကြား ပိုမိုကောင်းမွန်သော ချိတ်ဆက်မှုများ ဖန်တီးနိုင်ရန် ရည်ရွယ်ကျင်းပသည့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) ၏ 7th Members’ Gala Dinner တွင် မြန်မာ့ခရီးသွားဘဏ် (MTB Bank) မှ Diamond Sponsor အဖြစ် ပါဝင်အားဖြည့်ပေးခဲ့ပါသည်။ အောက်တိုဘာလ ၂ ရက်နေ့တွင် Novotel Yangon Max ၌ ကျင်းပခဲ့သည့် အဆိုပါ မိတ်ဆုံစားပွဲတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍမှ လုပ်ငန်းရှင်များ၊ မိတ်ဖက်များနှင့် သက်ဆိုင်သူများ စုစည်းတွေ့ဆုံခဲ့ကြပြီး ၂၀၂၆ hotel excellence award ချီးမြှင့်ခြင်း၊ လုပ်ငန်းအတွေ့အကြုံများ၊ အမြင်များနှင့် အခွင့်အလမ်းများကို အပြန်အလှန် အလွတ်သဘော ဖလှယ်ခွင့်ရခဲ့ကြသည့် အပြင် MTB ဘဏ်အကြောင်း မိတ်ဆက်ရှင်းလင်းပြောကြားချင်းများကို ပြုလုပ်ခဲ့ကြပါသည်။ MTB Bank အနေဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍနှင့် နီးကပ်စွာ ဆက်နွယ်နေသည့် ဘဏ်တစ်ခုအဖြစ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအတွက် လိုအပ်သည့် ဘဏ္ဍာရေးဝန်ဆောင်မှုများ ပံ့ပိုးပေးလျက်ရှိသည့်အပြင် လုပ်ငန်းကဏ္ဍအတွင်း ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်သည့် အစီအစဉ်များတွင်လည်း ပါဝင်အားဖြည့်လျက်ရှိပါသည်။ ယခုကဲ့သို့ လုပ်ငန်းကဏ္ဍအတွင်းရှိ မိတ်ဖက်များနှင့် တွေ့ဆုံခွင့်ရခြင်းသည် အတွေ့အကြုံများနှင့် အမြင်များကို ဖလှယ်နိုင်သည့်အပြင် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများလည်း ဖြစ်ပါသည်။ မြန်မာ့ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ လုပ်ငန်းရှင်များနှင့်အတူ လက်တွဲပြီး အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရန် MTB Bank မှ ဆက်လက်ပံ့ပိုးသွားမည် ဖြစ်ပါသည်။

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow