page-loading

News And Events

Discover the news that tailored to your needs at promoting tourism development, supporting tourism-related activities, contributing to social welfare, and participating in various events that benefit our communities.

Myanmar’s Cars & Spare Parts Biggest Expo 2026

ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ဘက်စုံအထောက်အကူပြုအဖွဲ့ (MORS)၊ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA)၊ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (YRAMDA)၊ မြန်မာနိုင်ငံ မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း (MYACSAA) တို့ ပူးပေါင်း၍ "Myanmar’s Cars & Spare Parts Biggest Expo 2026" ပွဲကြီးအား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်၊ သောကြာနေ့ မှ (၂၂) ရက်၊ တနင်္ဂနွေနေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ရာ မြန်မာ့ခရီးသွားဘဏ် (MTB) မှလည်း အတူတကွ ပါဝင်ကျင်းပသွားမည်ဖြစ်ပါသည်။ အဆိုပါပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြား၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာနိုင်ငံရှိ Brand New Cars, EV Cars, Used Cars နှင့် Spare Parts များကို တစ်နေရာထဲတွင် အစုံအလင်ရောင်းချပြသသွားမယ့် “Myanmar’s Cars & Spare Parts Biggest Expo 2026” ပွဲကြီးမှာ မြန်မာ့ခရီးသွားဘဏ် (MTB) မှလည်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့်အတူ MTB Hire Purchase ဝန်ဆောင်မှုများ၊ အရစ်ကျဝယ်ယူမှုနှင့်ပတ်သတ်တဲ့ လျှောက်ထားပုံ အသေးစိတ်အချက်အလက်များကိုလည်း အကြံပြုရှင်းလင်းပေးခြင်း ဝန်ဆောင်မှုများကိုပါ ပေးအပ်ခဲ့တဲ့ ပုံရိပ်မှတ်တမ်းများကို မှတ်တမ်းပြုတင်ပြအပ်ပါသည်။ 🤗 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ 𝐌𝐓𝐁 နဲ့လက်တွဲစို့

ဆက်လက်ဖတ်ရှု့ရန်read-more-arrow
မြန်မာ့ခရီးသွားဘဏ်မိသားစု စုပေါင်းအာဟာရဒါနအလှူနှင့် ငွေပဒေသာပင်စိုက်ထူခြင်း

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက် စနေနေ့တွင် Myanma Tourism Bank (MTB) သည် လူထုအကျိုးပြုလုပ်ငန်းစဉ် (CSR) အစီအစဉ်တစ်ရပ်အဖြစ် ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီး သို့ သွားရောက်လှူဒါန်းကူညီမှုများ ဆောင်ရွက်ခဲ့ပါသည်။ ဤလူမှုအကျိုးပြုအစီအစဉ်တွင် MTB Bank ၏ အကြီးအကဲများ တက်ရောက်ပါဝင်ခဲ့ကြပြီး ဆေးရုံအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိဆရာဝန်များမှ ဆေးရုံ၏ သမိုင်းကြောင်း၊ လက်ရှိကုသပေးနေသည့် လူနာအခြေအနေများ၊ စိတ်ကျန်းမာရေးပြန်လည်ထူထောင်ရေးအစီအစဉ်များနှင့် ရင်ဆိုင်နေရသည့် လိုအပ်ချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြပါသည်။ MTB Bank အနေဖြင့်လည်း အနာဂတ်တွင် ပိုမိုထိရောက်သောပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ ထို့အပြင် MTB Bank ၏ အကြီးအကဲများသည် လူနာများနှင့် တွေ့ဆုံကာ နွေးထွေးစွာ အားပေးစကားများ ပြောကြားခဲ့ကြပါသည်။ ထိုနွေးထွေးသည့် ဆက်ဆံရေးနှင့် စိတ်အားပေးမှုများသည် လူနာများအတွက် စိတ်ဓာတ်မြှင့်တင်ပေးနိုင်သည့် အဖိုးတန်အခိုက်အတန့်များ ဖြစ်ခဲ့ပါသည်။ ထူးခြားစွာ၊ ဆေးရုံရှိ လူနာများမှ ကိုယ်တိုင်ဖန်တီးထုတ်လုပ်ထားသော လက်မှုပညာထုတ်ကုန်များကိုလည်း MTB Bank အဖွဲ့သားများမှ ဝယ်ယူအားပေးခဲ့ပါသည်။ ချည်ထိုးလက်ရာများ၊ လက်လုပ်အလှပစ္စည်းများ၊ အသုံးဝင်လက်မှုပစ္စည်းများ စသည်တို့ကို ဝယ်ယူခြင်းအားဖြင့် လူနာများ၏ အနုပညာစွမ်းရည်နှင့် တီထွင်ဖန်တီးနိုင်စွမ်းကို လက်တွေ့အသိအမှတ်ပြုခဲ့ပါသည်။ ထိုအားပေးဝယ်ယူမှုသည် လူနာများအတွက် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးရှိမှုကို ခံစားစေပြီး ပြန်လည်ထူထောင်ရေးလမ်းကြောင်းတွင် ယုံကြည်မှုတိုးတက်စေသော အရေးပါသည့် အထောက်အပံ့တစ်ရပ် ဖြစ်ခဲ့ပါသည်။ မမြင်ရသော စိတ်အနာတရများသည် တစ်ခါတစ်ရံ အလွန်နက်ရှိုင်းလွန်းလှပါသည်။ သို့သော် နားလည်ပေးမှု၊ စိတ်ရှည်သဘောထား၊ နွေးထွေးသည့် အပြုံးနှင့် ကူညီဖေးမတဲ့ လက်တစ်စုံ တစ်ခုပင် စိတ်အင်အားပြန်လည်တည်ဆောက်ရာတွင် အလွန်အရေးကြီးပါသည်။ MTB Bank အနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုသာမက လူမှုအသိုင်းအဝိုင်း၏ ကောင်းကျိုးတိုးတက်မှုကိုပါ အလေးထားကာ လူထုအကျိုးပြုလုပ်ငန်းစဉ်များတွင် ဆက်လက်ပါဝင်ကူညီပံပိုးသွားမည် ဖြစ်ပါသည်။ ထိုနေ့တွင် မျှဝေခံစားခဲ့ရသည့် နွေးထွေးမှု၊ အပြုံးများနှင့် မျှော်လင့်ချက်အလင်းရောင်များကို မှတ်တမ်းတင်ပုံရိပ်များကို ပြန်လည်မျှဝေတင်ပြလိုက်ပါသည်။ 🤍 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့ လက်တွဲစို့။

ဆက်လက်ဖတ်ရှု့ရန်read-more-arrow
မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) အား ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် 𝐀𝐬𝐢𝐚𝐧 𝐁𝐚𝐧𝐤𝐞𝐫𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 (𝐀𝐁𝐀) ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် ရွေးချယ်

မြန်မာ့ဘဏ်လုပ်ငန်းအတွက် သမိုင်းဝင်မှတ်တိုင်တစ်ခု မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) ဟာ ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် 𝐀𝐬𝐢𝐚𝐧 𝐁𝐚𝐧𝐤𝐞𝐫𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 (𝐀𝐁𝐀) ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် ရွေးချယ်တင်မြှောက်ခံရကြောင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် သတင်းကောင်းပါးအပ်ပါသည်။ ဒါဟာ ၁၉၈၁ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ 𝐀𝐁𝐀 အဖွဲ့ကြီးမှာ မြန်မာနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ကိုယ်စားပြုပါဝင်ခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ (ဆက်ရန်…)

ဆက်လက်ဖတ်ရှု့ရန်read-more-arrow
National ICT Awards-2025 ဆုပေးပွဲအခမ်းအနားတွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCEA) နှင့် Myanma Tourism Bank (MTB) တို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်း

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ “လူငယ်စင်တာ” ၌ ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း၏ သံတမန်ခန့်အပ်ခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခြင်းနှင့်အတူ National ICT Awards-2025 (Educational Project & Skills Competition) ဆုချီးမြှင့်ပွဲကိုပါ တစ်ပါတည်း ကျင်းပခဲ့ရာ မြန်မာ့ခရီးသွားဘဏ် (MTB) အနေဖြင့် Main Sponsor အဖြစ် ဂုဏ်ယူစွာ ပါဝင်ကူညီအားဖြည့်ပေးခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း နာယက မှ မုဒိတာစကားပြောကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အမှာစကားကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း ဥက္ကဋ္ဌမှလည်း အသင်း၏ လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ အခမ်းအနားတွင် မြန်မာ့ခရီးသွားဘဏ် (MTB) နှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း (MCEA) တို့သည် မြန်မာနိုင်ငံ၏ နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒစ်ဂျစ်တယ် အသိပညာများ ပြန့်နှံ့စေရန်နှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများကို နည်းပညာနှင့် ပေါင်းစပ်၍ ပိုမိုကောင်းမွန်သော လူမှုစီးပွားဘဝများ ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် ဒစ်ဂျစ်တယ်စီးပွားရေး ကဏ္ဍတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်ရန်နှင့် နည်းပညာရှင်များ၊ အသင်းဝင်များအတွက် ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်များကို ပံ့ပိုးကူညီပေးနိုင်ရန် ရည်ရွယ်၍ - "မြန်မာ့ခရီးသွားဘဏ်" ၏ Executive Director ဒေါ်သိင်္ဂီလင်း နှင့် "ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း"၏ ဥက္ကဋ္ဌ ဦး​ဋ္ဌေးလင်း တို့မှ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပြီး "မြန်မာ့ခရီးသွားဘဏ်" ၏ အမှုဆောင်အရာရှိချုပ် ဦးဝင်းလွင် နှင့် "ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း" ၏ အတွင်းရေးမှူး ဒေါ်ခင်ချိုခက် တို့မှ အသိသက်သေများအဖြစ် အောင်မြင်စွာလက်မှတ်ရေးထိုးခဲ့ကြပါသည်။ ဤပူးပေါင်းဆောင်ရွက်မှတစ်ဆင့် လူငယ်များအတွက် နည်းပညာသင်တန်းများ ပံ့ပိုးပေးခြင်း၊ ဒစ်ဂျစ်တယ်ဘဏ်စနစ် အသိပညာပေးခြင်းနှင့် လူမှုအကျိုးပြုလုပ်ငန်းများကို အတူတကွ ပူးပေါင်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းစကားပါးရင်း အခမ်းအနား မှတ်တမ်းပုံရိပ်များကို မျှဝေဖော်ပြအပ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

ဆက်လက်ဖတ်ရှု့ရန်read-more-arrow
ဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့လေ့ကျင့်ခန်းများ

“အရေးကြုံ သက်လုံကောင်း” ဆိုတဲ့ ဆိုရိုးစကားအတိုင်း သဘာဝဘေးအန္တရာယ်တွေဟာ ဘယ်အချိန်မှာဖြစ်လာနိုင်မလဲဆိုတာ ဘယ်သူမှမခန့်မှန်းနိုင်ပေမယ့် မမျှော်လင့်ထားတဲ့ အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ထားခြင်းဟာ အကောင်းဆုံးသော ကာကွယ်နည်းတစ်ခုပါ။ ဒါကြောင့် မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) အနေဖြင့် ဝန်ထမ်းမိသားစုဝင်တွေရဲ့ ဘေးကင်းလုံခြုံမှုဟာ အဓိက ဦးစားပေးဖြစ်တာကြောင့် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့ မှာ မီးဘေးအန္တရာယ်နှင့် ငလျင်ဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 𝐓𝐚𝐥𝐤 𝐒𝐡𝐨𝐰 နှင့် စီမံခန့်ခွဲမှုဆိုင်ရာ လေ့ကျင့်ခြင်းဇာတ်တိုက်အစီအစဉ်ကို ဆူးလေလမ်းမပေါ်ရှိ မြန်မာ့ခရီးသွားဘဏ် (ရုံးချုပ်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ (ဆက်ရန်…)

ဆက်လက်ဖတ်ရှု့ရန်read-more-arrow
သတင်းထုတ်ပြန်ချက် – မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) မှ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် အောင်မြင်မှုမှတ်တိုင်သစ်တစ်ခုအဖြစ် 𝐌𝐓𝐁 𝐏𝐚𝐲 𝐀𝐠𝐞𝐧𝐭 𝐁𝐚𝐧𝐤𝐢𝐧𝐠 ဝန်ဆောင်မှု

မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) မှ နည်းပညာမိတ်ဖက်ဖြစ်သည့် 𝐁𝐀𝐑𝐃𝐒 (𝐃𝐢𝐧𝐠𝐞𝐫) ကုမ္ပဏီ နှင့်ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် မွေးဖွားပေးခဲ့သည့် MTB Pay App အား နောက်ထပ်အောင်မြင်မှုမှတ်တိုင်သစ်တစ်ခုအဖြစ် စိုက်ထူမည့် 𝐌𝐓𝐁 𝐏𝐚𝐲 𝐀𝐠𝐞𝐧𝐭 𝐁𝐚𝐧𝐤𝐢𝐧𝐠 ဝန်ဆောင်မှုကို စတင်မိတ်ဆက်သည့် အခမ်းအနားအား ဆူးလေလမ်းမကြီးပေါ်ရှိ မြန်မာ့ခရီးသွားဘဏ် (ရုံးချုပ်) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း  ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မျှဝေလိုက်ရပါသည်။   𝐘𝐨𝐮𝐫 𝐁𝐚𝐧𝐤, 𝐉𝐮𝐬𝐭 𝐀𝐫𝐨𝐮𝐧𝐝 𝐭𝐡𝐞 𝐂𝐨𝐫𝐧𝐞𝐫 သင်နဲ့ အနီးဆုံးမှာရှိနေမယ်

ဆက်လက်ဖတ်ရှု့ရန်read-more-arrow