page-loading

News And Events

Discover the news that tailored to your needs at promoting tourism development, supporting tourism-related activities, contributing to social welfare, and participating in various events that benefit our communities.

လူငယ်တွေရဲ့ အနာဂတ်အတွက် MTB Bank မှ 2025 HYPE Futsal Championship ကို 𝐌𝐚𝐢𝐧 𝐒𝐩𝐨𝐧𝐬𝐨𝐫အဖြစ် ဂုဏ်ယူစွာ ပံ့ပိုးကူညီ

အားကစားကိုမြှင့်တင်ရင်း လူငယ်တွေရဲ့ ဝါသနာနဲ့ အနာဂတ်ဘဝပိုမိုတောက်ပစေဖို့ရည်ရွယ်၍ 𝐇𝐲𝐩𝐞 𝐄𝐯𝐞𝐧𝐭𝐬 & 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐦𝐞𝐧𝐭 မှ ဦးစီးကျင်းပသည့် " 𝐇𝐘𝐏𝐄 𝐅𝐮𝐭𝐬𝐚𝐥 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬𝐡𝐢𝐩" ဘောလုံးပြိုင်ပွဲအား ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၁၂၊ ၁၄၊ ၁၉၊ ၂၁ )ရက်နေ့ထိ (၄) ရက်တိုင်တိုင် 𝐘𝐚𝐧𝐠𝐨𝐧 𝐔𝐧𝐢𝐭𝐞𝐝 𝐒𝐭𝐚𝐝𝐢𝐮𝐦 ၌ ကျင်းပခဲ့ရာ မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) မှ 𝐌𝐚𝐢𝐧 𝐒𝐩𝐨𝐧𝐬𝐨𝐫 အဖြစ်ဂုဏ်ယူစွာ ပံ့ပိုးကူညီပေးခဲ့ပါသည်။ အဆိုပါပြိုင်ပွဲအစီအစဉ်တွင် ကျောင်းပေါင်း (၁၁) ကျောင်းမှ ကျောင်းသားတွေဟာ (၄) ရက်တိုင်တိုင် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး အားကစားစိတ်ဓာတ်အပြည့်နဲ့ စွမ်းဆောင်ရည်တွေကို ပြသခဲ့ကြပါသည်။ ပွဲစဉ်တွေတစ်လျှောက် အကြိတ်အနယ်ယှဉ်ပြိုင်ပြီးနောက် 𝐒𝐞𝐦𝐢 𝐅𝐢𝐧𝐚𝐥𝐬 နှင့် 𝐅𝐢𝐧𝐚𝐥 သို့တက်ရောက်သွားသော 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧 အသင်းများအား ဆုဖလားများထိုက်တန်စွာ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) အနေဖြင့်လည်း ကြွရောက်လာကြတဲ့ ပွဲကြည့်ပရိတ်သတ်ဧည့်သည်တော်များ၊ ဆရာဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား 𝐌𝐓𝐁 𝐁𝐚𝐧𝐤 𝐀𝐜𝐜𝐨𝐮𝐧𝐭 နှင့် 𝐌𝐓𝐁 𝐏𝐚𝐲 𝐀𝐜𝐜𝐨𝐮𝐧𝐭 များဖွင့်လှစ်ပေးကာ 𝐌𝐓𝐁 𝐃𝐞𝐛𝐢𝐭 𝐂𝐚𝐫𝐝, 𝐌𝐓𝐁 𝐌𝐨𝐛𝐢𝐥𝐞 𝐁𝐚𝐧𝐤𝐢𝐧𝐠, 𝐌𝐓𝐁 𝐁𝐚𝐧𝐜𝐚𝐬𝐬𝐮𝐫𝐚𝐧𝐜𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 စတဲ့ ဘဏ်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့တဲ့အပြင် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့တဲ့ ပုံရိပ်များကို မှတ်တမ်းတင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့.

ဆက်လက်ဖတ်ရှု့ရန်read-more-arrow
မြန်မာ့ခရီးသွားဘဏ် (MTB Bank) ၏ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းမိသားစုဝင်တွေဟာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့မှာ ရန်ကုန်မြို့ရှိ အမျိုးသားသွေးဌာန၌ ပဉ္စမအကြိမ်မြောက် သွေးလှူဒါန်းပွဲ

"သင့်သွေးဖြင့်အသက်ကယ်ပါ" ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း သွေးလှူဒါန်းခြင်းဆိုတာဟာ လူတစ်ယောက်ရဲ့ဘဝနဲ့ မျှော်လင့်ချက်တွေကို ဆက်လက်ရှင်သန်စေတဲ့ မွန်မြတ်တဲ့အလှူဒါနတစ်ခုဖြစ်ပါတယ်။ ထို့ကြောင့် မြန်မာ့ခရီးသွားဘဏ် (MTB Bank) ၏ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းမိသားစုဝင်တွေဟာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့မှာ ရန်ကုန်မြို့ရှိ အမျိုးသားသွေးဌာန၌ ပဉ္စမအကြိမ်မြောက် သွေးလှူဒါန်းပွဲကို ဂုဏ်ယူစွာနဲ့ ပြုလုပ်ဖြစ်ခဲ့ပါတယ်။ မြန်မာ့ခရီးသွားဘဏ် အနေဖြင့် 12-Aug-2023 - ပထမအကြိမ်၊ 20-Jan-2024 - ဒုတိယအကြိမ်၊ 24-Aug-2024 - တတိယအကြိမ်၊ 1-April-2025 - စတုထ္ထအကြိမ်၊ 23-Aug-2025 - ပဉ္စမအကြိမ်တိုင်အောင် စုပေါင်းသွေးလှူဒါန်းခြင်းကို ပီတီဖြစ်ဖွယ် ဖော်ဆောင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ MTB Bank သည် အကောင်းဆုံးဘဏ်ဝန်ဆောင်မှုတွေကို ပေးအပ်ဖို့ ကြိုးစားနေရုံသာမက လူမှုအသိုင်းအဝိုင်းနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကိုလည်း အစဉ်တစိုက် ဆောင်ရွက်သွားဖို့ ကတိပြုပါတယ်။ ဒီသွေးလှူဒါန်းပွဲဟာ ကျွန်တော်တို့ရဲ့ကတိကို သက်သေပြလိုက်ခြင်းပါပဲ။ ယခုကဲ့သို့ ရည်ရွယ်ချက်ကောင်းများဖြင့် အဓိပ္ပာယ်ရှိလှသည့် အစီအစဉ်မှာ ပါဝင်လှူဒါန်းပေးခဲ့ကြသူ အားလုံးကို MTB Bank မှလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ အားလုံးရဲ့ပူးပေါင်းပါဝင်မှုက အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်တော့မှာမို့ မှတ်တမ်းပုံရိပ်များအား ဝမ်းမြောက်ပီတ ဖြစ်စွာဖြင့် မျှဝေဖော်ပြပေးအပ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

ဆက်လက်ဖတ်ရှု့ရန်read-more-arrow
MTB Bank (ရုံးချုပ်)ရှိဌာနကြီးများနှင့် ရန်ကုန်မြို့ရှိဘဏ်ခွဲများမှ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများအား ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံပေးသည့် ပုံရိပ်များအား

“အာရောဂျံ၊ပရမံ၊လာဘံ”ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဟူသောဆိုရိုးစကားများနှင့်အညီ ကိုယ်စိတ်နှစ်ပါးကျန်းမာစွာဖြင့် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးစွမ်းနိုင်စေရန် မြန်မာ့ခရီးသွားဘဏ်ဝန်ထမ်းများ၏ ကျန်းမာရေးနှင့်ရောဂါဘယ ကင်းဝေးစေရေးအစီအစဉ် တစ်ရပ်အနေဖြင့် MTB Bank (ရုံးချုပ်)ရှိဌာနကြီးများနှင့် ရန်ကုန်မြို့ရှိဘဏ်ခွဲများမှ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများအား ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်၊ဆရာမများ၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုဖြင့် ဆူးလေဘုရားလမ်းပေါ်ရှိ မြန်မာ့ခရီးသွားဘဏ်(ရုံးချုပ်)တည်ရာ၌ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံပေးသည့် ပုံရိပ်များအား ပြန်လည်မျှဝေဖော်ပြအပ်ပါသည်။ “ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်”ဟူသည့် ဆောင်ပုဒ်နှင့်အညီ MTB ဘဏ်ဝန်ထမ်းများမှ ကျန်းမာ၍ ရောဂါဘယကင်းစွာဖြင့် မိတ်ဟောင်းမိတ်သစ်ကြီးများအား အကောင်းဆုံးဝန်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်ပါကြောင်းလည်း ဖြည့်စွက်အသိပေးအပ်ပါသည်။   𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

ဆက်လက်ဖတ်ရှု့ရန်read-more-arrow
မြန်မာ့ခရီးသွားဘဏ် (MTB) ၏ User Wallet Acquisition Team (Agent Banking)၏ ထူးချွန်ဝန်ထမ်းများအား မှတ်တမ်းဂုဏ်ပြုခြင်း

မြန်မာ့ခရီးသွားဘဏ် (MTB) ၏ User Wallet Acquisition Team (Agent Banking) တွင် ဘဏ်မှ ချမှတ်ထားသည့် မျှော်မှန်းချက်များထက် ကျော်လွန်အောင် စိတ်အားထက်သန်စွာဖြင့် ကြိုးစားပေးခဲ့သည့်အပြင် စည်းကမ်းများကိုပါ စနစ်တကျလိုက်နာ ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား မြန်မာ့ခရီးသွားဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးဝင်းလွင်မှ ဂုဏ်ပြုပေးခဲ့သည့် မှတ်တမ်းပုံရိပ်များအား ဝမ်းမြောက်စွာဖြင့် ဖော်ပြပေးအပ်ပါသည်။ မြန်မာ့ခရီးသွားဘဏ် အနေဖြင့် ထူးချွန်ထက်မြက်သော ဝန်ထမ်းကောင်းများကို အသိ အမှတ်ပြု မွေးထုတ်ပေးနေသည့်အပြင် မိဘပြည်သူတို့အား ခေတ်နှင့်အညီ ပိုမိုကောင်းမွန်သည့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးစွမ်းနိုင်သည့် ဘဏ်တစ်ခုအဖြစ်ရပ်တည်သွားမည်ဖြစ်ပါကြောင်း ဂတိပြုပြောကြားအပ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

ဆက်လက်ဖတ်ရှု့ရန်read-more-arrow
မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) နှင့် 𝐑𝐨𝐭𝐚𝐫𝐲 𝐂𝐥𝐮𝐛 𝐨𝐟 𝐂𝐞𝐧𝐭𝐫𝐚𝐥 𝐘𝐚𝐧𝐠𝐨𝐧 (𝐑𝐂𝐂𝐘)တို့ နားလည်မှုစာချွန်လွှာ 𝐌𝐨𝐔 လက်မှတ်ရေးထိုးခြင်း

မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) နှင့် 𝐑𝐨𝐭𝐚𝐫𝐲 𝐂𝐥𝐮𝐛 𝐨𝐟 𝐂𝐞𝐧𝐭𝐫𝐚𝐥 𝐘𝐚𝐧𝐠𝐨𝐧 (𝐑𝐂𝐂𝐘) တို့သည် မြန်မာနိုင်ငံ၏ ရပ်ရွာလူထုဘဝ သာယာဝပြောရေး၊ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးလုပ်ငန်းများ အားကောင်းလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ 𝐌𝐞𝐥𝐢𝐚 𝐇𝐨𝐭𝐞𝐥, 𝐆𝐫𝐚𝐧𝐝 𝐁𝐚𝐥𝐥𝐫𝐨𝐨𝐦 (𝐋𝐞𝐯𝐞𝐥 𝟐) ၌ နားလည်မှုစာချွန်လွှာ 𝐌𝐨𝐔 လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအပြင် ရပ်ရွာစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းစတဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကို အတူတကွ ဖော်ဆောင်သွားကြရန် အဆိုပါ လက်မှတ်ရေးထိုးခြင်းတွင် “မြန်မာ့ခရီးသွားဘဏ်” ၏ 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫 ဒေါ်သိင်္ဂီလင်းနှင့် “𝐑𝐂𝐂𝐘” ၏ 𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭 ဒေါ်မေမြတ်မွန်ဝင်းတို့မှ သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ကြပြီး “မြန်မာ့ခရီးသွားဘဏ်” ၏ 𝐂𝐄𝐎 ဦးဝင်းလွင်နှင့် “𝐑𝐂𝐂𝐘” ၏ 𝐂𝐥𝐮𝐛 𝐒𝐞𝐜𝐫𝐞𝐭𝐚𝐫𝐲 ဦးသန်းထွဋ် တို့မှ အသိသက်သေများအဖြစ် အောင်မြင်စွာလက်မှတ်ရေးထိုးခဲ့ကြသည့် မှတ်တမ်းပုံရိပ်များမျှဝေဖော်ပြရင်း သတင်းစကားပါးအပ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

ဆက်လက်ဖတ်ရှု့ရန်read-more-arrow
သင်ကိုယ်တိုင်မှ စတင်ပြီး အွန်လိုင်းလိမ်လည်မှုနှင့် လှည့်ဖြားမှုများမှ ကာကွယ်ပါ

၁။ Online လိမ်လည်မှုများနှင့်ပတ်သက်၍ သိကောင်းစရာများ နည်းပညာဖွံ့ဖြိုးမှုနှင့်အမျှ လူမှုကွန်ရက်အသုံးပြုမှုများလာသည်နှင့်တပြေးညီ Online အခြေပြုလိမ်လည်မှုများလည်း များပြားလာသည်မှာ ယနေ့ခေတ်ပြည်သူများကြားတွင် အရေးကြီး သော ပြဿနာတစ်ခုဖြစ်လာပါပြီ။ ၂။ Online လိမ်လည်မှုဆိုတာဘာလဲ Online လိမ်လည်မှုဆိုသည်မှာ တယ်လီ ဖုန်း၊ လူမှုကွန်ရက်၊ Website၊ Application များနှင့် Internet banking စသည့် အွန်လိုင်းပလက်ဖောင်း များကိုအသုံးချကာ အများပြည်သူများထံမှ ငွေကြေး သို့မဟုတ် ကိုယ်ရေးကိုယ်တာ အချက် အလက်များကို လိမ်လည်လှည့်ဖြား၍ရယူခြင်း ဖြစ် သည်။ ယင်းတို့တွင် အသုံးများလာသည့် ဝန်ဆောင်မှု များဖြစ်သော Mobile Banking၊ Mobile Pay စသည်တို့ကို လိမ်လည်မှုကြားခံအဖြစ် အသုံးပြုလာကြကြောင်း တွေ့ရှိရပါသည်။ ၃။ အများဆုံးတွေ့ရသည့် Online လိမ်လည်မှုပုံစံ (၅) မျိုး အထင်ရှားဆုံး Online လိမ်လည်မှုပုံစံများမှာ - • Application များ၊ Website၊ Facebook အတုများ အသုံးပြု၍ သတင်းအချက်အလက် များ ရယူပြီး လိမ်လည်ခြင်း(Phishing Fraud) • ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ သို့မဟုတ် မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၏ ဝန်ထမ်း အယောင်ဆောင်၍ လိမ်လည်ခြင်း၊ (Social Media and Telecommunication Fraud) • အွန်လိုင်းပေါ်တွင် ခင်မင်ရင်းနှီးအောင်ပြုလုပ်၍ လိမ်လည်ခြင်း (Online Romance Fraud) • အရောင်းအဝယ် လုပ်ငန်းများ၊ ရင်နှီးမြုပ်နှံမှုလုပ်ငန်းများကို အကြောင်းပြ၍ လိမ်လည်ခြင်း (Online Trading / Trading Platform Fraud) • အလုပ်အကိုင် အခွင့်အလမ်းများရရှိမည်ဟု အကြောင်းပြ၍ လိမ်လည်ခြင်း (Employment Scam) ၄။ အခြားသော Online လိမ်လည်မှုနည်းလမ်းများ • လိမ်လည်အလှူခံခြင်း၊ • Online shop live sale များအောက်မှ ဝင်ရောက်၍ ဝယ်ယူသူများထံ Online Shop Account အတုဖြင့် သွားရောက် လိမ်လည် ခြင်း၊ • ဗေဒင်ယတြာအစီအမံဆရာ အယောင်ဆောင် Account အတုများပြုလုပ်၍ ငွေများ အကြိမ်ကြိမ် လွှဲခိုင်းကာလိမ်လည်ခြင်း၊ • အတိုင်ပင်ခံ Account အတုများပြုလုပ်ပြီး ကိုယ်ရေးအချက်အလက်များရယူ၍ ခြိမ်းခြောက်လိမ်လည်ခြင်း၊ • ပွဲအခမ်းအနား ဖိတ်ကြားယောင်ဆောင်၍ ကံစမ်းမဲဖောက်ပေးမည်ဟုဆိုကာ မက်လုံး ပေးလိမ်လည်ခြင်း၊ • အုပ်ချုပ်ရေးအာဏာပိုင်အယောင်ဆောင်၍ ခြိမ်းခြောက်လိမ်လည်ခြင်း၊ အစရှိသဖြင့် Online လိမ်လည်မှုများ ကျူးလွန်လျှက်ရှိကြောင်း တွေ့ရှိရပါသည်။ ၅။ လိမ်လည်သူများ၏ပုံစံနှင့်သဘောထား • တစ်ဦးတည်းမဟုတ်ပဲ အုပ်စုဖွဲ့လုပ်ကိုင်ခြင်း • IT နည်းပညာတတ်ကျွမ်းသူများပါ ပါဝင်ခြင်း • Webpage၊ Application အတုများဖန်တီး ခြင်း • အထင်ကြီးအောင် အသွင်အပြင်ပြုလုပ်ခြင်း • တချို့အမှုများတွင် ခြိမ်းခြောက်၍ အတင်းအကြပ် ပါဝင်စေခြင်း ၆။ Online လိမ်လည်မှုများကို ကာကွယ်ရန်အတွက် အကြံပြုချက်များ • ကိုယ်ရေးကိုယ်တာအချက်အလက် (CSC၊ Password) တို့အား မည်သည့်သူကိုမဆို လွယ်ကူစွာ မပေးအပ်ရန် • မသိရှိသော Application များကို Download မလုပ် ရန် • သေချာသောအဖွဲ့အစည်း / လူပုဂ္ဂိုလ်ကိုသာ ယုံကြည် ဆက်သွယ်ရန် • ကိုယ်နှင့်ဆက်သွယ်သူ၏ KYC (Know Your Customer) အချက်အလက်များကို စစ်ဆေးမှု မပြုမီ ယုံကြည်မှု အလုံးစုံမထားရန် • မသိရှိ / မရင်းနှီးသူများ၏ အကြံဉာဏ်များကို လွယ်လင့် တကူမလိုက်နာရန် • မသိရှိသူများမှ ပေးပို့လာသော Online Link များအား အလွယ်တကူဝင်ရောက်ခြင်းမပြုရန်

ဆက်လက်ဖတ်ရှု့ရန်read-more-arrow