page-loading
မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) အား ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် 𝐀𝐬𝐢𝐚𝐧 𝐁𝐚𝐧𝐤𝐞𝐫𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 (𝐀𝐁𝐀) ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် ရွေးချယ်

မြန်မာ့ဘဏ်လုပ်ငန်းအတွက် သမိုင်းဝင်မှတ်တိုင်တစ်ခု

မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) ဟာ ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် 𝐀𝐬𝐢𝐚𝐧 𝐁𝐚𝐧𝐤𝐞𝐫𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 (𝐀𝐁𝐀) ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ်
ရွေးချယ်တင်မြှောက်ခံရကြောင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် သတင်းကောင်းပါးအပ်ပါသည်။ ဒါဟာ ၁၉၈၁ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့
𝐀𝐁𝐀 အဖွဲ့ကြီးမှာ မြန်မာနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ကိုယ်စားပြုပါဝင်ခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ 🌏

ဤဘုတ်အဖွဲ့တွင် မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) ၏ 𝐂𝐄𝐎 ဦးဝင်းလွင်က မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပြီး
အာရှပစိဖိတ်ဒေသရှိ ထိပ်တန်းဘဏ်များနှင့် တိုက်ရိုက်ချိတ်ဆက်ကာ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အတွေးအမြင်သစ်များယူဆောင်လာ၍
𝐌𝐓𝐁 𝐁𝐚𝐧𝐤 ၏ ဘဏ်လုပ်ငန်းကဏ္ဍတွင် ဆန်းသစ်တီထွင်မှု၊ ဘဏ္ဍာရေးဆိုင်ရာ တိုးချဲ့ပါဝင်နိုင်မှုနှင့် ရေရှည်တံ့ခိုင်မြဲ၍ ပိုမိုဖွံ့ဖြိုးတိုးတက်သည့်
ဘဏ္ဍာရေးဆိုင်ရာ ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဤအောင်မြင်မှုဟာ 𝐌𝐓𝐁 𝐁𝐚𝐧𝐤 အတွက်သာမက မြန်မာ့ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းတစ်ခုလုံးအတွက်ပါ ဂုဏ်ယူဖွယ်ရာ
အခိုက်အတန့်တစ်ခုပင်ဖြစ်ပါသည်။ ဆက်လက်၍ အတူတကွ ပူးပေါင်းဆောင်ရွက်မှုများဖြင့် အာရှတလွှား ပေါင်းကူးတံတားများ
တည်ဆောက်ကာ ပိုမိုတောက်ပတဲ့ ဘဏ္ဍာရေးအနာဂတ်ကို ပုံဖော်ကြပါစို့။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့
23 September 2025

နောက်ဆုံးရသတင်းများ

csr-bl
Top 50 Professional & Career Women Global Awards 2025

MTB Bank ၏ အမှုဆောင်ဒါရိုက်တာ (Executive Director) ဒေါ်သိင်္ဂီလင်း အတွက် “Top 50 Professional & Career Women Global Awards 2025” ဆုကို Women in Management မှ ချီးမြှင့်ခံရခြင်းအား MTB Bank အနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။ ဆောက်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ နည်းပညာ အစရှိသည့် ကဏ္ဍမျိုးစုံတွင် (၁၈) နှစ်ကျော် ဦးဆောင်မှုအတွေ့အကြုံရှိသော ဒေါ်သိင်္ဂီလင်းသည် MTB Bank ၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးနှင့် ဝန်ဆောင်မှုများ၌လည်း အဓိကအခန်းကဏ္ဍမှ ဦးဆောင်ဦးရွက်ပြုနေသူတစ်ဦးလည်း ဖြစ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
မြန်မာ့ခရီးသွားဘဏ် (MTB) ၏ User Wallet Acquisition Team (Agent Banking)၏ ထူးချွန်ဝန်ထမ်းများအား မှတ်တမ်းဂုဏ်ပြုခြင်း

မြန်မာ့ခရီးသွားဘဏ် (MTB) ၏ User Wallet Acquisition Team (Agent Banking) တွင် ဘဏ်မှ ချမှတ်ထားသည့် မျှော်မှန်းချက်များထက် ကျော်လွန်အောင် စိတ်အားထက်သန်စွာဖြင့် ကြိုးစားပေးခဲ့သည့်အပြင် စည်းကမ်းများကိုပါ စနစ်တကျလိုက်နာ ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား မြန်မာ့ခရီးသွားဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးဝင်းလွင်မှ ဂုဏ်ပြုပေးခဲ့သည့် မှတ်တမ်းပုံရိပ်များအား ဝမ်းမြောက်စွာဖြင့် ဖော်ပြပေးအပ်ပါသည်။ မြန်မာ့ခရီးသွားဘဏ် အနေဖြင့် ထူးချွန်ထက်မြက်သော ဝန်ထမ်းကောင်းများကို အသိ အမှတ်ပြု မွေးထုတ်ပေးနေသည့်အပြင် မိဘပြည်သူတို့အား ခေတ်နှင့်အညီ ပိုမိုကောင်းမွန်သည့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးစွမ်းနိုင်သည့် ဘဏ်တစ်ခုအဖြစ်ရပ်တည်သွားမည်ဖြစ်ပါကြောင်း ဂတိပြုပြောကြားအပ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow