ယနေ့ မြန်မာနိုင်ငံမှာ Scammers တွေရဲ့ နည်းလမ်းတွေက နေ့စဉ်နဲ့အမျှ ပိုမိုနက်နဲလာပြီး မိဘပြည်သူတွေရဲ့ ချွေးနည်းစာ ငွေကြေးတွေဟာ Online Scam တွေ၊ Fake Investments တွေကြောင့် ဆုံးရှုံးနေရတာ တကယ့်ကို စိုးရိမ်စရာ အခြေအနေတစ်ခုဖြစ်နေပါတယ်။
ဒီနေ့မှာတော့ Myanma Tourism Bank (MTB) မှာ ကျင်းပခဲ့တဲ့ “ဝေးဝေးရှောင်” (Way Way Shaung) – Scam Prevention Ambassadors Program ရဲ့ Certificate Awarding Ceremony ဟာ ကျွန်တော်တို့အတွက်တော့ ဂုဏ်ယူစရာ ခြေလှမ်းတစ်ခုအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။
ဘဏ်တစ်ခုရဲ့ တာဝန်ဟာ ငွေကြေးဝန်ဆောင်မှုပေးရုံတင် မဟုတ်ဘဲ “Trust” (ယုံကြည်မှု) ကို ကာကွယ်စောင့်ရှောက်ဖို့လည်း တာဝန်ရှိပါတယ်။ သို့ပါသောကြောင့် ဒီနေ့ သင်တန်းဆင်းခဲ့ကြတဲ့ ဘဏ်ရဲ့ ဝန်ထမ်း Scam Prevention Ambassadors တွေဟာ ရိုးရိုးဝန်ထမ်းတွေမဟုတ်တော့ဘဲ-
လိမ်လည်မှုနည်းလမ်းသစ်တွေကို ကြိုတင်သိမြင်နိုင်မယ့် Frontline Defenders တွေ၊
သုံးစွဲသူတွေကို အချိန်မီ သတိပေးနိုင်မယ့် Knowledge Sharers တွေ ဖြစ်လာကြပါပြီ။
Nation Building မှာ Digital Literacy က အလွန်အရေးကြီးလာပြီဖြစ်သောကြောင့် မိဘပြည်သူတွေရဲ့ ချွေးနည်းစာ ငွေကြေးများ မဆုံးရှုံးစေဖို့အတွက် “Secure Finance, Informed Community” ဆိုတဲ့ မူဝါဒအတိုင်း MTB Bank မှ ဆက်လက်ပြီး အသိပညာပေးမှုတွေ လုပ်ဆောင်သွားမှာပါ။
ယနေ့ အောင်မြင်စွာ သင်တန်းဆင်းခဲ့တဲ့ Scam Prevention Ambassadors တွေအားလုံးအတွက် အထူးဂုဏ်ယူပါတယ်။
Knowledge Shared = Loss Prevented.
သင်ချစ်ခင်ရတဲ့ မိသားစုနဲ့ မိတ်ဆွေတွေကိုလည်း Scam အန္တရာယ်တွေအကြောင်း အမြဲသတိပေး၊ မျှဝေပေးကြဖို့ MTB မှ တိုက်တွန်းချင်ပါတယ်။
Let’s stay alert. Let’s protect our people.
.
Create Your World With MTB
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့ လက်တွဲစို့။


