About စာရင်းရှင်စာရင်း
စီးပွါးရေးလုပ်ငန်းအတွက် လုပ်ငန်းအချင်းချင်းငွေပေး/ငွေယူ ဆောင်ရွက်ရာတွင် ငွေသားကို အသုံးမပြုရပဲ Cheque ဖြင့်လွှဲပြောင်းပေးနိုင်သောကြောင့် လုပ်ငန်းရှင်များအများဆုံး အသုံးပြုသော အကောင့်အမျိုးအစားဖြစ်ပါသည်။
၁၀၀၀ ကျပ်
Initial deposit
၁၀၀၀ ကျပ်
Minimum Balance
Key Benefits
ပေးရန်ငွေ၊ ရရန်ရှိငွေများအတွက် အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်ပြီး စိတ်ချရပါသည်။
အချိန်အခါမရွေး၊ ငွေပမာဏ အကန့်အသတ်မရှိ ၊ ဘဏ်မှချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ငွေသွင်း၊ ငွေထုတ် လုပ်ဆောင်နိုင်ပါသည်။
စာရင်းတစ်ခုမှ အခြားစာရင်းတစ်ခုသို့ ငွေလွဲပြောင်းနိုင်ပါသည်။
ဒီဂျစ်တယ်နည်းပညာဘဏ်လုပ်ငန်းမှတစ်ဆင့် စာရင်းရှင်စာရင်းတွင် ငွေလွဲပြောင်းမှု/ ရယူမှုများ ဆောင်ရွက်နိုင်ပါသည်။
ငွေသားအစား Cheque စာအုပ်ဖြင့် ငွေသွင်းငွေထုတ်လွယ်ကူစွာအသုံးပြုနိုင်ရန်အတွက် Cheque စာအုပ် ထုတ်ပေးခြင်း။
More Information
- အတိုးနှုန်းခံစားခွင့်မရှိပါ
- ကနဦးအပ်နှံငွေနှင့် အနည်းဆုံးလက်ကျန်ငွေ – ၁,၀၀၀ ကျပ်
- ဖွင့်လှစ်နိုင်သည့် ငွေကြေးအမျိုးအစားများမှာ – မြန်မာကျပ်ငွေ ၊ USD ၊ EURO ၊ THB နှင့် SGD တို့ဖြစ်ပါသည်။
- တစ်ဦးချင်းသော်လည်းကောင်း (သို့) တွဲဖက်၍သော်လည်းကောင်း ငွေစုစာရင်းဖွင့်လှစ်နိုင်ပါသည်။
- ချက်စာအုပ် ရရှိမည်ဖြစ်ပါသည်။
- လစဉ်ဘဏ်ရှင်းတမ်းထုတ်ပေးပါသည်။
တစ်ဦးတည်း စာရင်း (Individual Account) နှင့် တွဲဖက် စာရင်း (Joint Account) အတွက် လိုအပ်သော စာရွက် စာတမ်းများ
- နိုင်ငံသားမှတ်ပုံတင်
- ဓာတ်ပုံ (၁) ပုံ (Passport Size)
Company စာရင်း (Company Account) နှင့် အသင်းအဖွဲ့ ၊ အဖွဲ့အစည်း ၊ အစုစပ် ၊ ဖက်စပ်စာရင်း (Association Account)
အတွက် လိုအပ်သော စာရွက် စာတမ်းများ
- ကုမ္ပဏီ မှတ်ပုံတင်/ လုပ်ငန်း လိုင်စင်/ အသင်းအဖွဲ့ လိုင်စင်
- DICA Company Extract ( ၆ လအတွင်း )
- Company ဖွဲ့စည်းပုံ စည်းမျဉ်း/သင်းဖွဲ့ မှတ်တမ်း
- စာရင်း ဖွင့်လှစ်ရန် ဒါရိုက်တာ အဖွဲ့၏ အစည်းအဝေး မှတ်တမ်းနှင့် အစည်းအဝေး ဆုံးဖြတ်ချက်
- စာရင်း အသွင်း အထုတ် လုပ်မည့်သူ၏ မှတ်ပုံတင် ၊ ဓာတ်ပုံ (၁) ပုံ (Passport Size)