About ငွေစုဘဏ်စာရင်း
ငွေစုဘဏ်အပ်ငွေစာရင်းသည်ငွေကြေးလုံခြုံစွာထိန်းသိမ်းထားရှိရန်၊ပုံမှန်အတိုးငွေထုတ်ယူခံစားနိုင်ရန်နှင့်နောင်ရေးအတွက်စုဆောင်းထားရှိရန်ဖွင့်လှစ်ထားရှိသောအတိုးရရှိသည့်အပ်ငွေအမျိုးအစားတစ်ခုဖြစ်ပါသည်။
၁,၀၀၀ ကျပ်
Initial deposit
၁,၀၀၀ ကျပ်
Minimum Balance
၉.၅%
Interest Rate
Key Benefits
အတိုးပေါ် အတိုးထပ်ဆောင်းရရှိနိုင်ပါသည်။
ATM Debit Card နှင့် Mobile Banking & MTB Pay များနှင့် ချိတ်ဆက်အသုံးပြုနိုင်ပါသည်။
စာရင်းရှင်စာရင်းများနှင့် ချိတ်ဆက်အသုံးပြုနိုင်၍ ငွေပေးချေမှု ငွေလွဲပြောင်းမှုများကို အဆင်ပြေစွာဆောင်ရွက်နိုင်ပါသည်။
More Information
- တစ်နှစ်လျှင် အတိုးနှုန်း ၉.၅ %
- ကနဦးအပ်နှံငွေနှင့် အနည်းဆုံးလက်ကျန်ငွေ – ၁,၀၀၀ ကျပ်
- တစ်ဦးချင်းသော်လည်းကောင်း (သို့) တွဲဖက်၍သော်လည်းကောင်း ငွေစုစာရင်းဖွင့်လှစ်နိုင်ပါသည်။
- ငွေစုစာအုပ် ရရှိမည်ဖြစ်ပါသည်။
- ဗဟိုဘဏ်၏အခါအားလျော်စွာထုတ်ပြန်သောအတိုးနှုန်းသတ်မှတ်ချက်အပေါ်မူတည်၍အတိုးနှုန်းသတ်မှတ်ထည့်သွင်းပေးပါသည်။
- အတိုးငွေကိုလစဉ်လဆန်း(၅)ရက်နေ့နှင့်လကုန်ဆုံးသည့်ရက်နေ့အတွင်းရှိအနည်းဆုံးလက်ကျန်ငွေအပေါ်အတိုးတွက်ချက်၍ဘဏ္ဍာနှစ်(၃)လပတ်အလိုက်အတိုးငွေများထည့်သွင်းပေးပါသည်။
- ထပ်တိုးငွေစုစာရင်း
- သက်ငယ်ငွေစုစာရင်း ( ၁၈ နှစ်အောက်)
- သက်ကြီးငွေစုစာရင်း ( ၆၀ နှစနှင့် ၆၀ နှစ်အထက်)
- ငွေသားငွေစုစာရင်း
- အားလပ်ချိန်ငွေစုစာရင်း
- ခရီးသွားငွေစုစာရင်း
တစ်ဦးတည်း စာရင်း (Individual Account) နှင့် တွဲဖက် စာရင်း (Joint Account) အတွက် လိုအပ်သော စာရွက် စာတမ်းများ
- နိုင်ငံသားမှတ်ပုံတင်
- ဓာတ်ပုံ (၁) ပုံ (Passport Size)
Company စာရင်း (Company Account) နှင့် အသင်းအဖွဲ့ ၊ အဖွဲ့အစည်း ၊ အစုစပ် ၊ ဖက်စပ်စာရင်း (Association Account)
အတွက် လိုအပ်သော စာရွက် စာတမ်းများ
- ကုမ္ပဏီ မှတ်ပုံတင်/ လုပ်ငန်း လိုင်စင်/ အသင်းအဖွဲ့ လိုင်စင်
- DICA Company Extract ( ၆ လအတွင်း )
- Company ဖွဲ့စည်းပုံ စည်းမျဉ်း/သင်းဖွဲ့ မှတ်တမ်း
- စာရင်း ဖွင့်လှစ်ရန် ဒါရိုက်တာ အဖွဲ့၏ အစည်းအဝေး မှတ်တမ်းနှင့် အစည်းအဝေး ဆုံးဖြတ်ချက်
- စာရင်း အသွင်း အထုတ် လုပ်မည့်သူ၏ မှတ်ပုံတင် ၊ ဓာတ်ပုံ (၁) ပုံ (Passport Size)