About ကားအငှားဝယ်စနစ်ချေးငွေ
လက်ငင်းပေး၍ဝယ်ယူရန် အခက်အခဲရှိသော ပုံမှန်ဝင်ငွေရှိစားသုံးသူများအနေဖြင့် ၎င်းတို့အလိုရှိသောမော်တော်ယာဉ်အား ဝယ်ယူရန် ဤချေးငွေအမျိုး အစား ကို လျှောက်ထားနိုင်ပါသည်။
အမျိုးအစား | ကနဦးပေးသွင်းငွေ | ချေးငွေပမာဏ | ဘဏ်ဝန်ဆောင်ခ | ချေးငွေသက်တမ်း | တစ်နှစ်အတိုးနှုန်း |
ကားသစ် | ၃၀% | ၇၀% | အများဆုံး ၅ နှစ်– ၃%
အများဆုံး ၃ နှစ် – ၂% |
အများဆုံး ၅ နှစ် | ၁၂% မှ ၁၅% |
တစ်ပတ်ရစ် | အများဆုံး ၃ နှစ် | ၁၂% မှ ၁၅% |
Hire Purchase ဖြင့် ဝယ်ယူနိုင်သော ပစ္စည်းများ-
(၁) ကုမ္ပဏီမှတိုက်ရိုက်ရောင်းချသည့် ကားသစ်(Brand New)မော်တော်ယာဉ်များ။
(၂) အရောင်းပြခန်းများဖြင့် ရောင်းချသည့်တစ်ပတ်ရစ် (Used)မော်တော်ယာဉ်များ။
(၃) ဝယ်သူနှင့်ရောင်းသူ(၂)ဦးသဘောတူထားသည့်တစ်ပတ်ရစ် (Used) မော်တော်ယာဉ်များ။
(၄) သိန်း၁၀၀နှင့်အထက်အသုံးဝင်သက်တမ်း(Useful Life) ၅နှစ်နှင့်အထက်ရှိသည့် လျှပ်စစ် နှင့် အိမ်အသုံးအဆောင်ပစ္စည်းများ။
ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ
လူပုဂ္ဂိုလ်၏ လိုအပ်ချက်
- လျှောက်ထားသူမှတ်ပုံတင်မိတ္တူ နှင့်ဓာတ်ပုံ(၂” x၂” ) ၂ပုံ။
- ထောက်ခံသူသန်းခေါင်စာရင်းဝင်(သို့မဟုတ်)တစ်အိမ်တည်းနေထိုင်သူ(သို့မဟုတ်) နာမည်ကောင်းရှိ ထားသူ တစ်ဦးဦး၏ မှတ်ပုံတင်မိတ္တူနှင့်ဓာတ်ပုံ(၂” x၂” ) ၂ပုံ။
- လျှောက်ထားသူနှင့်ထောက်ခံသူ၏အိမ်ထောင်စုစာရင်း။
- လျှောက်ထားသူ၏ ရပ်ကွက်တွင်းနေထိုင်ကြောင်းထောက်ခံစာ(မူရင်း)
ဝင်ငွေထောက်ခံချက်
- သက်ဆိုင်ရာဌာန/ကုမ္ပဏီအကြီးအကဲ၏ ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံချက် နှင့် ဝန်ထမ်းကဒ်မိတ္တူ။
- လက်ရှိရာထူးနှင့် လစာငွေပမာဏထောက်ခံချက်၊ နောက်ဆုံး ထုတ် လစာ၊ စာရင်းရှင်းတမ်း(Pay Slip) (သို့မဟုတ်) ဘဏ်မှ ထုတ်ပေးခြင်းဖြစ်ပါက ဘဏ်စာရင်းရှင်းတမ်း(Bank Statement)
လုပ်ငန်းရှင်ဖြစ်ပါက
- လုပ်ငန်းလိုင်စင်(Update)
- ဘဏ္ဍာရေးရှင်းတမ်း(၁)နှစ်စာ။(အနီးစပ်ဆုံးနှစ်)
- လုပ်ငန်းလိုင်စင်မရှိသော ကိုယ်ပိုင်လုပ်ငန်းများအတွက် အခွင့်ရကုန်စည်ရောင်းချသူမှလုပ်ကိုင်လျက်ရှိသည့်လုပ်ငန်းနှင့် ဝင်ငွေရရှိမှုပမာဏကိုဖော်ပြ၍ လက်မှတ်ရေးထိုး ထောက်ခံပြီး လုပ်ငန်း ဆောင်ရွက်နေမှု ဓာတ်ပုံနှင့်တကွ တင်ပြရမည်။
လိုအပ်သောအထောက်အထားများ
- ဝယ်ယူမည့်ပစ္စည်း၏ အချက်အလက်များ(Owner Book, Premium Certificate, Wheel Tax)
- ဝယ်ယူမည့်ပစ္စည်း၏ ဓါတ်ပုံ (ရှေ့၊နောက်၊ဘေး(၂)ဖက်၊ အတွင်းခန်း၊ ကီလို)
- အရောင်းအဝယ်သဘောတူစာချုပ်
Check yours loan eligibility now!
To know your estimated loan eligibility amount, calculate at AYA Home Loan Calculator
Calculate