About ဝန်ထမ်းခရီးသွားချေးငွေ
ကုမ္ပဏီများ၊ဌာနဆိုင်ရာများမှ ဝန်ထမ်းများ ၏ဘုရားဖူးနှင့် အပန်းဖြေခရီးထွက်ခြင်းများအတွက် သက်ဆိုင်ရာကုမ္ပဏီနှင့် ဌာနဆိုင်ရာများမှ အာမခံပေးမည့် ဝန်ထမ်းတစ်ဦးချင်းစီအတွက် သက်ဆိုင်ရာကုမ္ပဏီနှင့် ဌာနဆိုင်ရာသို့စုပေါင်း ထုတ်ချေး ပေးမည်ဖြစ်ပြီးသက်ဆိုင်ရာကုမ္ပဏီ/ဌာနဆိုင်ရာ (Corporate) မှ Corporate Guarantee အဖြစ်တာဝန်ယူသော ခရီးသွားချေးငွေအမျိုးအစားဖြစ်ပါသည်။
ချေးငွေပမာဏ | သတ်မှတ်လူဦးရေ | ဘဏ်ဝန်ဆောင်ခ | ချေးငွေသက်တမ်း | တစ်နှစ်အတိုးနှုန်း |
ချေးငွေတင်ပြချက်၏ ၇၀%
ကျပ်(၅၀)သိန်းမှ ကျပ်(၂၅၀)သိန်းအတွင်း |
အနည်းဆုံး (၁၀)ဦး | ၂% | အများဆုံး ၁ နှစ် | ၁၂% မှ ၁၅% |
ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ
လိုအပ်သောအထောက်အထားများ
- လျှောက်ထားသူတစ်ဦးချင်းစီ၏မှတ်ပုံတင်မိတ္တူနှင့်ဓာတ်ပုံ(၂)ပုံ။
- လျှောက်ထားသူတစ်ဦးချင်းစီ၏သန်းခေါင်စာရင်းမိတ္တူ။
- ရပ်ကွက်တွင်းနေထိုင်ကြောင်းထောက်ခံချက်မူရင်း။
- ဝန်ထမ်းကဒ်မိတ္တူနှင့်ဌာန/ကုမ္ပဏီအကြီးအကဲ၏ဝန်ထမ်းဖြစ်ကြောင်းထောက်ခံချက်။
လခစားဝင်ထမ်းများ
- ဝန်ထမ်းလစာ Payslip မူရင်းနှင့် လစဉ်ဖြတ်တောက်ပေးသွင်းရန် တာဝန်ယူကြောင်း HRဌာန၏ထောက်ခံချက်။
- သက်ဆိုင်ရာကုမ္ပဏီ၏ ကုမ္ပဏီကိုယ်စား ဝန်ထမ်းတစ်ဦးဦးအား ဝန်ထမ်းချေးငွေကိစ္စရပ် အတွက် လက်မှတ်ရေးထိုး ခွင့်လွှဲအပ်ပေးထားသည့် အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း မူရင်း၊ ကုမ္ပဏီမှတ်ပုံတင် လက်မှတ်နှင့် DICA မှလက်မှတ်မိတ္တူများ။