About ခရီးသွားအသင်းများနှင့် ခရီးသွားချေးငွေ
ငွေကြေးမပြည့်စုံသော ပြည်တွင်း၊နိုင်ငံရပ်ခြားသို့ ခရီးသွားချင်သူများအတွက် ခရီးသွား ကုမ္ပဏီ/ အဖွဲ့ အစည်းများမှတစ်ဆင့် လျှောက်ထားရာတွင် ထုတ်ချေးမည့် ချေးငွေအမျိုးအစား ဖြစ်ပါသည်။
ချေးငွေပမာဏ | ဘဏ်ဝန်ဆောင်ခ | ချေးငွေသက်တမ်း | တစ်နှစ်အတိုးနှုန်း |
ခရီးစဉ်၏ပမာဏ | ၂% | အများဆုံး ၁ နှစ် | ၁၂% မှ ၁၅% |
ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ
လိုအပ်သောအထောက်အထားများ
- ချေးငွေလျှောက်ထားသူ/များ၏ မှတ်ပုံတင်မိတ္တူ နှင့်ဓာတ်ပုံ၂ပုံစီ။
- ရပ်ကွက်တွင်းနေထိုင်ကြောင်းထောက်ခံစာ(မူရင်း)။
- သန်းခေါင်စာရင်းမိတ္တူ။
- (Travel & Tour) မှ အာမခံအဖြစ် လက်မှတ်ရေးထိုးပေးသူဖြစ်ပါက အာမခံသူ(၁)ဦး လိုအပ် ပါသည်။
- Travel & Tour မှ အာမခံသူအဖြစ်ဆောင်ရွက်ခြင်းမရှိဘဲ ထောက်ခံသူအဖြစ်သာ လက်မှတ်ရေးထိုးပါက အာမခံသူ (၂)ဦး လိုအပ်ပါသည်။
- အာမခံသူ၏ မှတ်ပုံတင်၊သန်းခေါင်စာရင်း မိတ္တူ၊ ဓာတ်ပုံ၂ပုံ ။
ဝင်ငွေထောက်ခံချက်
- သက်ဆိုင်ရာဌာန/ကုမ္ပဏီအကြီးအကဲ၏ ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံချက် နှင့် ဝန်ထမ်းကဒ်မိတ္တူ။
- လက်ရှိရာထူးနှင့် လစာငွေပမာဏထောက်ခံချက်၊ နောက်ဆုံး ထုတ် လစာ၊ စာရင်းရှင်းတမ်း(Pay Slip) (သို့မဟုတ်) ဘဏ်မှ ထုတ်ပေးခြင်းဖြစ်ပါက ဘဏ်စာရင်းရှင်းတမ်း(Bank Statement)
လုပ်ငန်းရှင်ဖြစ်ပါက
- လုပ်ငန်းလိုင်စင်(သက်တမ်းရှိ)
- ဘဏ္ဍာရေးရှင်းတမ်း(၁)နှစ်စာ။(အနီးစပ်ဆုံးနှစ်)
Check yours loan eligibility now!
To know your estimated loan eligibility amount, calculate at AYA Home Loan Calculator
Calculate