About ငွေစုဘဏ်စာရင်း
ငွေစုဘဏ်အပ်ငွေစာရင်းသည် ငွေကြေးလုံခြုံစွာ ထိန်းသိမ်းထားရှိရန်၊ ပုံမှန်အတိုးငွေထုတ်ယူခံစားနိုင်ရန်နှင့် နောင်ရေးအတွက် စုဆောင်းထားရှိရန် ဖွင့်လှစ်ထားရှိသော အတိုးရရှိသည့်အပ်ငွေအမျိုးအစားတစ်ခု ဖြစ်ပါသည်။
၁,၀၀၀ ကျပ်
Initial deposit
၁,၀၀၀ ကျပ်
Minimum Balance
၉.၅ %
Interest Rate
Key Benefits
အတိုးပေါ်အတိုး ထပ်ဆောင်း ရရှိနိုင်ပါသည်။
ATM Debit Card၊ Mobile Banking နှင့် MTB Pay များဖြင့် ချိတ်ဆက်အသုံးပြုနိုင်ပါသည်။
စာရင်းရှင်စာရင်းများနှင့် ချိတ်ဆက်အသုံးပြုနိုင်၍ ငွေပေးချေမှုများ၊ ငွေလွှဲပြောင်းမှုများကို အဆင်ပြေစွာ ဆောင်ရွက်နိုင်ပါသည်။
More Information
- တစ်နှစ်လျှင် အတိုးနှုန်း ၉.၅ % ရရှိမှာဖြစ်ပါသည်။
- ကနဦးအပ်နှံငွေနှင့် အနည်းဆုံးလက်ကျန်ငွေမှာ ၁,၀၀၀ ကျပ် ဖြစ်ပါသည်။
- တစ်ဦးချင်းသော်လည်းကောင်း (သို့) တွဲဖက်၍သော်လည်းကောင်း ငွေစုစာရင်း ဖွင့်လှစ်နိုင်ပါသည်။ ငွေစုစာအုပ် ရရှိမည်ဖြစ်ပါသည်။
- ဗဟိုဘဏ်၏ အခါအားလျော်စွာ ထုတ်ပြန်သော အတိုးနှုန်းသတ်မှတ်ချက်အပေါ် မူတည်၍ အတိုးနှုန်း သတ်မှတ်ထည့်သွင်းပေးပါသည်။
- အတိုးငွေကို လစဉ်လဆန်း (၅) ရက်နေ့နှင့် လကုန်ဆုံးသည့်ရက်နေ့အတွင်းရှိ အနည်းဆုံးလက်ကျန်ငွေအပေါ် အတိုးတွက်ချက်၍ ဘဏ္ဍာနှစ် (၃) လပတ်အလိုက် အတိုးငွေများ ထည့်သွင်းပေးပါသည်။
- သက်ငယ်ငွေစုစာရင်း ( ၁၈ နှစ်အောက်)
- သက်ကြီးငွေစုစာရင်း ( ၆၀ နှစနှင့် ၆၀ နှစ်အထက်)
- ငွေသားငွေစုစာရင်း
- အားလပ်ချိန်ငွေစုစာရင်း
- ခရီးသွားငွေစုစာရင်း
တစ်ဦးတည်းစာရင်း (Individual Account) နှင့် တွဲဖက်စာရင်း (Joint Account) အတွက် လိုအပ်သော စာရွက်စာတမ်းများ
- နိုင်ငံသားမှတ်ပုံတင်
- ဓာတ်ပုံ (၁) ပုံ (Passport Size)
Company စာရင်း (Company Account) နှင့် အသင်းအဖွဲ့၊ အဖွဲ့အစည်း၊ အစုစပ်၊ ဖက်စပ်စာရင်း (Association Account) အတွက် လိုအပ်သောစာရွက် စာတမ်းများ
- ကုမ္ပဏီ မှတ်ပုံတင်/ လုပ်ငန်းလိုင်စင်/ အသင်းအဖွဲ့ လိုင်စင်
- DICA Company Extract ( ၆ လအတွင်း )
- Company ဖွဲ့စည်းပုံ စည်းမျဉ်း/သင်းဖွဲ့ မှတ်တမ်း
- စာရင်းဖွင့်လှစ်ရန် ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးမှတ်တမ်း နှင့် အစည်းအဝေးဆုံးဖြတ်ချက်
- စာရင်းအသွင်းအထုတ် ပြုလုပ်မည့်သူ၏ မှတ်ပုံတင်၊ ဓာတ်ပုံ (၁) ပုံ (Passport Size)