page-loading
ကိုယ်တိုင်ကာကွယ် နိုင်ငံသားစိစစ်ရေးကတ်အတုနှင့် အွန်လိုင်းလိမ်လည်မှု အန္တရာယ်

ငွေကြေးလိမ်လည်သည့် မသမာသူများသည် နည်းလမ်းအမျိုးမျိုးဖြင့် လိမ်လည်နေကြပါသည်။ ယခုအခါ အများဆုံး လိမ်လည်မှုအန္တရာယ်ဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်အတုများဖြင့် အွန်လိုင်းမှတစ်ဆင့် မိမိ၏ အရေးကြီးအချက်အလက်များ ခိုးယူခံရခြင်းကြောင့် မလိုလားအပ်သော ငွေကြးဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြ ရပါသည်။ သိုပါသောကြောင့် MTB Bank ၏ မိတ်ဟောင်းမိတ်သစ်များအားလုံး သတိထားနိုင်စေရန် မိမိကိုယ်တိုင် ကာကွယ်လိုက်နာရမည့် အရေးကြီးအချက်အလက်များကို မျှဝေဖော်ပြပေးအပ်ပါသည်။
🔺အွန်လိုင်းမှတစ်ဆင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များအား မသမာသူများ၏ တလွဲအသုံးချမခံရစေရေးအတွက် သတိပြုရမည့်ချက်များ
✅ မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်ကို မျှဝေခြင်းသည် မိမိကိုယ်ကို အန္တရာယ်ပေးခြင်းနှင့်ပင် တူပါသည်။
✅ မိမိ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာကွယ်ခြင်းသည် မိမိ၏တာဝန်ပင် ဖြစ်ပါသည်။
✅ နိုင်ငံသားစိစစ်ရေးကတ်အတုများသုံးစွဲခြင်းသည် သင့်အား အမှုအခင်းပြဿနာများထဲသို့ ဆွဲခေါ်နိုင်သည်ကို သတိထားရန် လိုအပ်ပါသည်။
✅ စစ်မှန်သော နိုင်ငံသားစိစစ်ရေးကတ်ဖြင့်သာ အသုံးပြုသင့်ပါသည်။

🔺နိုင်ငံသားစိစစ်ရေးကတ်ကို တလွဲအသုံးချခံရခြင်းမှ ကာကွယ်နိုင်သည့် နည်းလမ်းများ
✅ မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်အား တရားဝင်လုပ်ငန်းကိစ္စရပ်များမှတစ်ပါး အခြားသူတစ်ဦးတစ်ယောက်ထံ မပေးပါနှင့်။
✅ မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်အား မလိုအပ်ဘဲ မိတ္တူကူးယူ၍ မသက်ဆိုင်သူထံ ပေးအပ်ခြင်း မပြုပါနှင့်။
✅ နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များကို အွန်လိုင်းပေါ်တွင် မျှဝေခြင်းမပြုပါနှင့်။

𝐌𝐓𝐁 𝐁𝐚𝐧𝐤 အသုံးပြုသူမိဘပြည်သူများအနေဖြင့် မလိုလားအပ်တဲ့ ငွေကြေးဆုံးရှုံးမှုတွေမဖြစ်စေဖို့ သံသယဖြစ်ဖွယ်ကိစ္စရပ်များကြုံတွေ့လာပါက 𝐌𝐓𝐁 𝐁𝐚𝐧𝐤 𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐞𝐫 ဖုန်းနံပါတ် – 09 682 682 682 သို့ဆက်သွယ်မေးမြန်းဖို့ အကြံပြုလိုက်ပါတယ်။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ 𝐌𝐓𝐁 နဲ့လက်တွဲစို့

#MyanmaTourismBank #MTBBank#ScamAwareness #NRC #IdentityTheft #OnlineFraud #StayAlert

07 July 2025

နောက်ဆုံးရသတင်းများ

csr-bl
IIBA Official Program Launch Event & Free Seminar

မြန်မာနိုင်ငံ၏ Business Analysis ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတကာအသိအမှတ်ပြု ပညာရပ်များကို လေ့လာသင်ယူနိုင်ခွင့် ရရှိစေရန် ရည်ရွယ်၍ Matrix College မှ ကျင်းပပြုလုပ်သော “IIBA Official Program Launch Event & Free Seminar” ကို ၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ Red Hill Tower ၌ ကျင်းပခဲ့ရာ မြန်မာ့ခရီးသွားဘဏ်၏ CEO ဦးဝင်းလွင်မှလည်း ပါဝင်အားဖြည့်ပေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် Matrix College အနေဖြင့် ကနေဒါအခြေစိုက် IIBA® ၏ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံးသော Official Academic Partner အဖြစ် တရားဝင် မိတ်ဆက်ခဲ့ပြီး၊ “Insights into Business Analysis: Roles, Skills, and Value Creation” ခေါင်းစဉ်ဖြင့် Panel Discussion အစီအစဉ်တွင် U Ye Mon Min (Chief Business Officer - Wave Money)၊ U Win Lwin (Chief Executive Officer - Myanma Tourism Bank)၊ U Wai Lin Htun (Instructor and Certified Business Intelligence & Data Analyst - Matrix College) တို့မှ Panelists များအဖြစ် ပါဝင်ခဲ့ကြပြီး Daw May Sopyae Nyan, CFA (Founder & Managing Director- Matrix College) မှ Moderator အဖြစ် ဆောင်ရွက်ကာ မြန်မာနိုင်ငံ၏ Digital Transformation ကာလအတွင်း မရှိမဖြစ်လိုအပ်သည့် BA Skillsets များ၊ လုပ်ငန်းခွင်အတွင်း လက်တွေ့အသုံးချနိုင်မှုများနှင့် Business Value Creation အခွင့်အလမ်းများကို ကဏ္ဍစုံမှ ရင်းနှီးပွင့်လင်းစွာ နှီးနှောဖလှယ်ခဲ့ကြပါသည်။ ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်များပေါ်ထွန်းလာခြင်းသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံးသော အင်အားတစ်ရပ်ပင်ဖြစ်တာကြောင့် MTB Bank အနေဖြင့် ပညာရေးနှင့် စီးပွားရေးကဏ္ဍကို ပေါင်းကူးပေးသည့် ယခုကဲ့သို့သော အစီအစဉ်များတွင်လည်း အစဉ်တစိုက် ပါဝင်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
Corporate Governance Free Seminar & Panel Discussion 2026

စီးပွားရေးလုပ်ငန်းတစ်ခု ရေရှည်တည်တံ့ခိုင်မြဲပြီး ခေတ်စနစ်နှင့်အညီ တိုးတက်စေရန်အတွက် အခြေခံအကျဆုံးဖြစ်သော ကောင်းမွန်သည့် စီမံအုပ်ချုပ်မှုစနစ် (Corporate Governance) ကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ PIU College နှင့် UMBEEA တို့ ပူးပေါင်းကျင်းပသည့် “Corporate Governance Free Seminar & Panel Discussion 2026” ကို ၂၀၂၆ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ရန်ကုန်မြို့ရှိ UMFCCI (Mingalar Hall) ၌ ကျင်းပခဲ့ရာ မြန်မာ့ခရီးသွားဘဏ် (MTB Bank) မှ Main Sponsor အဖြစ် ပါဝင်ပံ့ပိုးကူညီ အားဖြည့်ပေးခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် Corporate Governance ဆိုင်ရာ အသိပညာရပ်များကို ဆရာကြီး ပါမောက္ခ ဒေါက်တာသောင်းဌေး (Honorable Professor - PIU College) မှ ဦးဆောင် ဟောပြောပို့ချပေးခဲ့ပါသည်။ ဆက်လက်၍ “Corporate Governance Culture For Business “ ခေါင်းစဉ်ဖြင့် Panel Discussion အစီအစဉ်တွင် စီးပွားရေးနယ်ပယ်အသီးသီးမှ ဆရာများဖြစ်ကြသည့် ဦးအောင်နိုင်ဦး (Retired Union Minister)၊ မြန်မာ့ခရီးသွားဘဏ်၏ CEO ဒေါက်တာဝင်းလွင်၊ U9 ၏ CEO Ms. Caroline Yin Yin Htay နှင့် Group CEO - Pun Hlaing Hospitals ဒေါက်တာဇော်ဝင်းစန္ဒီတို့မှ Panelists များအဖြစ် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပြီး ဦးကျော်ဒေဝ (President - UMBEEA) မှ Moderator အဖြစ် ဆောင်ရွက်ကာ စီးပွားရေးလုပ်ငန်းများအတွင်း ကောင်းမွန်မှန်ကန်သော အုပ်ချုပ်မှုစနစ်များကို စနစ်တကျ တည်ဆောက်ပုံများ၊ စိန်ခေါ်မှုများနှင့် အနာဂတ်အခွင့်အလမ်းများကို ကဏ္ဍစုံမှ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ဖလှယ်ခဲ့ကြပါသည်။ MTB Bank အနေဖြင့် ယခုကဲ့သို့ စီးပွားရေးနှင့် ပညာရေးကဏ္ဍကို ပေါင်းကူးပေးသည့် ဆွေးနွေးပွဲများတွင် တက်ကြွစွာ ပါဝင်ခြင်းဖြင့် ပိုမိုပွင့်လင်းမြင်သာ၍ မှန်ကန်စနစ်ကျသော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်သည့်အပြင်၊ မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို စနစ်တကျ ချဲ့ထွင်လိုသော လုပ်ငန်းရှင်များအတွက်လည်း ခိုင်မာစိတ်ချရသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြင့် အမြဲအသင့်ရှိနေပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
𝐏𝐫𝐨𝐭𝐞𝐜𝐭𝐢𝐧𝐠 𝐖𝐡𝐚𝐭 𝐌𝐚𝐭𝐭𝐞𝐫𝐬: 𝐁𝐞𝐲𝐨𝐧𝐝 𝐁𝐚𝐧𝐤𝐢𝐧𝐠 𝐓𝐫𝐚𝐧𝐬𝐚𝐜𝐭𝐢𝐨𝐧𝐬

ယနေ့ မြန်မာနိုင်ငံမှာ Scammers တွေရဲ့ နည်းလမ်းတွေက နေ့စဉ်နဲ့အမျှ ပိုမိုနက်နဲလာပြီး မိဘပြည်သူတွေရဲ့ ချွေးနည်းစာ ငွေကြေးတွေဟာ Online Scam တွေ၊ Fake Investments တွေကြောင့် ဆုံးရှုံးနေရတာ တကယ့်ကို စိုးရိမ်စရာ အခြေအနေတစ်ခုဖြစ်နေပါတယ်။ ဒီနေ့မှာတော့ Myanma Tourism Bank (MTB) မှာ ကျင်းပခဲ့တဲ့ “ဝေးဝေးရှောင်” (Way Way Shaung) – Scam Prevention Ambassadors Program ရဲ့ Certificate Awarding Ceremony ဟာ ကျွန်တော်တို့အတွက်တော့ ဂုဏ်ယူစရာ ခြေလှမ်းတစ်ခုအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။ ဘဏ်တစ်ခုရဲ့ တာဝန်ဟာ ငွေကြေးဝန်ဆောင်မှုပေးရုံတင် မဟုတ်ဘဲ “Trust” (ယုံကြည်မှု) ကို ကာကွယ်စောင့်ရှောက်ဖို့လည်း တာဝန်ရှိပါတယ်။ သို့ပါသောကြောင့် ဒီနေ့ သင်တန်းဆင်းခဲ့ကြတဲ့ ဘဏ်ရဲ့ ဝန်ထမ်း Scam Prevention Ambassadors တွေဟာ ရိုးရိုးဝန်ထမ်းတွေမဟုတ်တော့ဘဲ- လိမ်လည်မှုနည်းလမ်းသစ်တွေကို ကြိုတင်သိမြင်နိုင်မယ့် Frontline Defenders တွေ၊ သုံးစွဲသူတွေကို အချိန်မီ သတိပေးနိုင်မယ့် Knowledge Sharers တွေ ဖြစ်လာကြပါပြီ။ Nation Building မှာ Digital Literacy က အလွန်အရေးကြီးလာပြီဖြစ်သောကြောင့် မိဘပြည်သူတွေရဲ့ ချွေးနည်းစာ ငွေကြေးများ မဆုံးရှုံးစေဖို့အတွက် “Secure Finance, Informed Community” ဆိုတဲ့ မူဝါဒအတိုင်း MTB Bank မှ ဆက်လက်ပြီး အသိပညာပေးမှုတွေ လုပ်ဆောင်သွားမှာပါ။ ယနေ့ အောင်မြင်စွာ သင်တန်းဆင်းခဲ့တဲ့ Scam Prevention Ambassadors တွေအားလုံးအတွက် အထူးဂုဏ်ယူပါတယ်။ Knowledge Shared = Loss Prevented. သင်ချစ်ခင်ရတဲ့ မိသားစုနဲ့ မိတ်ဆွေတွေကိုလည်း Scam အန္တရာယ်တွေအကြောင်း အမြဲသတိပေး၊ မျှဝေပေးကြဖို့ MTB မှ တိုက်တွန်းချင်ပါတယ်။ Let’s stay alert. Let’s protect our people. . Create Your World With MTB သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့ လက်တွဲစို့။

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow