page-loading
ဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့လေ့ကျင့်ခန်းများ
“အရေးကြုံ သက်လုံကောင်း” ဆိုတဲ့ ဆိုရိုးစကားအတိုင်း သဘာဝဘေးအန္တရာယ်တွေဟာ ဘယ်အချိန်မှာဖြစ်လာနိုင်မလဲဆိုတာ
ဘယ်သူမှမခန့်မှန်းနိုင်ပေမယ့် မမျှော်လင့်ထားတဲ့ အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ထားခြင်းဟာ
အကောင်းဆုံးသော ကာကွယ်နည်းတစ်ခုပါ။ ဒါကြောင့် မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤) အနေဖြင့်
ဝန်ထမ်းမိသားစုဝင်တွေရဲ့ ဘေးကင်းလုံခြုံမှုဟာ အဓိက ဦးစားပေးဖြစ်တာကြောင့် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့ မှာ
မီးဘေးအန္တရာယ်နှင့် ငလျင်ဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 𝐓𝐚𝐥𝐤 𝐒𝐡𝐨𝐰 နှင့်
စီမံခန့်ခွဲမှုဆိုင်ရာ လေ့ကျင့်ခြင်းဇာတ်တိုက်အစီအစဉ်ကို ဆူးလေလမ်းမပေါ်ရှိ မြန်မာ့ခရီးသွားဘဏ် (ရုံးချုပ်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဒီလေ့ကျင့်မှုကို 𝐀𝐝𝐦𝐢𝐧𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 နှင့် 𝐑𝐢𝐬𝐤 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 တို့ပူးပေါင်း၍
ရန်ကုန်တိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီအဖွဲ့တို့၏ ပံ့ပိုးကူညီမှုဖြင့် မီးသတ်ဆေးဘူးအသုံးပြုနည်း၊
ငလျင်လှုပ်တဲ့အခါ ရှောင်တိမ်းပုံနှင့် ရှေးဦးသူနာပြုစုနည်း အခြေခံအဆင့်ဆင့်များအစရှိတဲ့ အရေးပေါ်အခြေအနေဆိုင်ရာ
လက်တွေ့ကျကျ ကွင်းဆင်းလေ့ကျင့်မှုများကို 𝐌𝐓𝐁 𝐁𝐚𝐧𝐤 ရဲ့ ဝန်ထမ်းမိသားစုဝင်များအားလုံး တက်ကြွစွာ ပူးပေါင်းပါဝင် လေ့ကျင့်ခဲ့ကြပါသည်။

ဒီလေ့ကျင့်မှုဟာ ဝန်ထမ်းတွေရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာကို မြှင့်တင်ပေးရုံသာမကဘဲ ဝန်ထမ်းအချင်းချင်း
ရိုင်းပင်ကူညီတတ်တဲ့အလေ့အကျင့်ကောင်းနဲ့ ပိုမိုလုံခြုံတဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခုကိုပါ ဖန်တီးနိုင်ခဲ့ပါတယ်။ 𝐌𝐓𝐁 𝐁𝐚𝐧𝐤 ဟာ
မိဘပြည်သူများအတွက် အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့ အစဉ်အမြဲကြိုးစားနေသလို ဘဏ်ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှုကိုလည်း
အလေးထားဆောင်ရွက်နေတဲ့ မှတ်တမ်းပုံရိပ်များကို ဂုဏ်ယူစွာဖော်ပြအပ်ပါသည်။

𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့
10 September 2025

နောက်ဆုံးရသတင်းများ

csr-bl
ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများအတွက် TrueMoney Myanmar – MTB Bank ပူးပေါင်း ငွေလွှဲဝန်ဆောင်မှု

ရန်ကုန်၊ မြန်မာ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက် – မြန်မာ့ခရီးသွားဘဏ် (MTB) သည် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ မိမိတို့ ကြိုးစားရှာဖွေထားသော လစာငွေများကို ပြည်တွင်းရှိ မိသားစုများထံ ပိုမိုလွယ်ကူ၊ လုံခြုံပြီး စနစ်တကျ လွှဲပြောင်းပေးပို့နိုင်ရန်အတွက် TrueMoney Myanmar နှင့် ပူးပေါင်း၍ ပြည်ပငွေလွှဲဝန်ဆောင်မှုကို စတင်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးကြေညာအပ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုအရ ထိုင်းနိုင်ငံရှိ TrueMoney Wallet မှတစ်ဆင့် ပေးပို့လာသော ငွေလွှဲများကို မြန်မာနိုင်ငံတစ်ဝန်းရှိ MTB Bank ၏ မည်သည့်ဘဏ်ခွဲများတွင်မဆို လုံခြုံ၊ စိတ်ချ၊ မြန်ဆန်စွာဖြင့် စနစ်တကျ ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ ငွေထုတ်ယူမည့် မိသားစုဝင်များအနေဖြင့် မိမိတို့၏ နိုင်ငံသားစိစစ်ရေးကတ် (NRC) မူရင်းနှင့်အတူ ငွေလွှဲပို့သူထံမှ ရရှိထားသော လျှို့ဝှက်ဂဏန်း (၈) လုံး (Password Code) ကို ပြသ၍ MTB ဘဏ်ခွဲများတွင် မြန်ဆန်လွယ်ကူ၊ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်မှာ ဖြစ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
Top 50 Professional & Career Women Global Awards 2025

MTB Bank ၏ အမှုဆောင်ဒါရိုက်တာ (Executive Director) ဒေါ်သိင်္ဂီလင်း အတွက် “Top 50 Professional & Career Women Global Awards 2025” ဆုကို Women in Management မှ ချီးမြှင့်ခံရခြင်းအား MTB Bank အနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။ ဆောက်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ နည်းပညာ အစရှိသည့် ကဏ္ဍမျိုးစုံတွင် (၁၈) နှစ်ကျော် ဦးဆောင်မှုအတွေ့အကြုံရှိသော ဒေါ်သိင်္ဂီလင်းသည် MTB Bank ၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးနှင့် ဝန်ဆောင်မှုများ၌လည်း အဓိကအခန်းကဏ္ဍမှ ဦးဆောင်ဦးရွက်ပြုနေသူတစ်ဦးလည်း ဖြစ်ပါသည်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
Carbon Credit Training Program

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့ ဒီနေ့ခေတ်မှာ Green Economy ဟာ လျစ်လျူရှုလို့မရတဲ့ ကဏ္ဍတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် Myanma Tourism Bank (MTB) အနေနဲ့ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာမှာ အခြေခံဘဏ္ဍာရေးမဏ္ဍိုင်ဖြစ်တဲ့ Carbon Credit စီမံကိန်းတွေကို ဘဏ်လုပ်ငန်းရှုထောင့်ကနေ ပိုမိုနားလည်သဘောပေါက်စေဖို့ ရည်ရွယ်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့၊ ကြာသပတေးနေ့တွင် Myanma Tourism Bank ရဲ့ Sule Head Office - Functional Hall မှာ “Carbon Credit Training Program” ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ဒီသင်တန်းမှာ Green & Blue VCM Carbon Initiative မှ ပညာရှင်များဖြစ်ကြသော ဦးညွန့်ဝင်း (CEO) နှင့် ဒေါ်သီသီဖြိုးဦး (CTO) တို့က Green Economy ဖော်ဆောင်ရာမှာ ဘဏ်တွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသေးစိတ် ဝေမျှဆွေးနွေးပေးခဲ့ကြပါတယ်။ အနာဂတ်ရဲ့ စိမ်းလန်းစိုပြည်တဲ့ စီးပွားရေးခြေလှမ်းတွေအတွက် MTB ဝန်ထမ်းတွေ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြတဲ့ သင်တန်းမြင်ကွင်းတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 𝐂𝐫𝐞𝐚𝐭𝐞 𝐘𝐨𝐮𝐫 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐭𝐡 𝐌𝐓𝐁 သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow