နိဒါန်း
မြန်မာ့ခရီးသွားဘဏ် (Myanma Tourism Bank – MTB) ၏ အခကြေးငွေကော်မတီသည် ဘဏ်၏ အခကြေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို တရားမျှတစွာ၊ ပြိုင်ဆိုင်နိုင်စွမ်းရှိစွာဖြင့် ဘဏ်၏ ရည်မှန်းချက်နှင့် ကိုက်ညီအောင် လုပ်ဆောင်ခြင်ဖြင့် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ အဆိုပါ ကော်မတီသည် အမှုဆောင်အဖွဲ့၏ တာဝန်အပ်နှင်းမှုအရ လုပ်ဆောင်လျက်ရှိပြီး ဘဏ်တွင် ရင်းနှီးမြှုပ်နှံထားသူများ၏ အကျိုးစီးပွားကို တိုးတက်ဖွံ့ဖြိုးစေရန် ရည်ရွယ်ကာ ကျွမ်းကျင်မှုရှိသူများကို ဆွဲဆောင်မှု၊ ထိန်းသိမ်းမှု၊ တက်ကြွစေမှု အခြေခံမူဘောင်များကို တည်ဆောက်ခြင်းအပေါ် အထူးအာရုံစိုက် ဆောင်ရွက်လျက်ရှိပါသည်။
တာဝန်များ
အခကြေးငွေကော်မတီ၏ အဓိကတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
အခကြေးငွေဆိုင်ရာ မူဝါဒများ ဖွံ့ဖြိုးရေးနှင့် ပြန်လည်သုံးသပ်ခြင်း
အမှုဆောင်အဖွဲ့ဝင်များ၊ အကြီးတန်း အုပ်ချုပ်မှုအဖွဲ့ဝင်များနှင့် ဘဏ်အတွင်း အရေးပါသူများအတွက် ဘဏ်၏ အခကြေးငွေဆိုင်ရာ မူဝါဒများကို တည်ဆောက်ခြင်းနှင့် အချိန်ကာလအလိုက် ပြန်လည်သုံးသပ်ခြင်း။
စည်းမျဉ်းစည်းကမ်းလိုအပ်ချက်များနှင့် ဘဏ်လုပ်ငန်းများတွင် လူသိများသော အကောင်းဆုံး အလုပ်လုပ်နည်းများ နှင့် ကိုက်ညီစေရန် သေချာစေခြင်း။
လုပ်ဆောင်ချက်အခြေပြု အခကြေးငွေများ သတ်မှတ်ခြင်း
အမှုဆောင်အရာရှိများနှင့် ဝန်ထမ်းများအတွက် လုပ်ဆောင်ချက်အခြေပြု အခကြေးငွေပေးဆောင်မှုများကို ပြန်လည်သုံးသပ်ပြီး အတည်ပြုခြင်း။
ဆုချီးမြှင့်မှုများကို ဘဏ်၏ ရည်မှန်းချက်နှင့်အညီ တိုင်းတာနိုင်သည့် လုပ်ဆောင်ချက် စံနှုန်းများနှင့် ဆက်စပ်စေရန် အတည်ပြုလုပ်ဆောင်ခြင်း။
အမှုဆောင်အဖွဲ့နှင့် အမှုဆောင်အရာရှိများ အခကြေးငွေ
အမှုဆောင်အဖွဲ့ဝင်များ (သီးခြားလွတ်လပ်သော ဒါရိုက်တာများအပါအဝင်) အတွက် အခကြေးငွေ အစီအစဉ် များကို အကြံပြုခြင်း။
အကြီးတန်း အမှုဆောင်အရာရှိများအတွက် အခကြေးငွေ ဖွဲ့စည်းပုံကို အကဲဖြတ်ပြီး အတည်ပြုခြင်း။
ဈေးကွက်အခြေအနေအသစ်များ စောင့်ကြည့်မှု
ဈေးကွက်နှိုင်းယှဉ်မှုများကို ပုံမှန်လုပ်ဆောင်ခြင်းဖြင့် ဘဏ်သည် ကျွမ်းကျင်သူများကို ဆွဲဆောင်နိုင်ခြင်းနှင့် ထိန်းသိမ်းနိုင်ခြင်းအတွက် ပြိုင်ဆိုင်မှုရှိနေမည်ဖြစ်သည်။
Risk and Compliance ညီမျှစေခြင်း
အခကြေးငွေဆိုင်ရာ မူဝါဒများသည် အန္တရာယ်များသော လုပ်ဆောင်ချက်များကို အားပေးခြင်း မရှိစေရန်နှင့် သင့်တော်သော အန္တရာယ်စီမံခန့်ခွဲမှုများနှင့် ကိုက်ညီမှုရှိစေရန် အတည်ပြုလုပ်ဆောင်ခြင်း။
ကော်မတီဖွဲ့စည်းပုံ
အခကြေးငွေကော်မတီသည် ကော်မတီဝင်များအဖြစ် အုပ်ချုပ်မှုဘုတ်အဖွဲ့မှ အဖွဲ့ဝင်များနှင့် သီးခြားလွတ်လပ်သော အမှုဆောင်ဒါရိုက်တာများ ပါဝင်သည်။ ကော်မတီ၏ ဆုံးဖြတ်ချက်များသည် တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုရှိစေရန် အမှီအခိုကင်းသော ဒါရိုက်တာတစ်ဦးမှ ဦးဆောင်သည်။
အစည်းအဝေးများနှင့် အစီရင်ခံခြင်း
ကော်မတီသည် အနည်းဆုံး သုံးလတစ်ကြိမ် ကော်မတီအစည်းအဝေးပြုလုပ်ခြင်းနှင့် လိုအပ်သောအခါတွင်လည်း အစည်းအဝေးပြုလုပ်ရသည်။
အကြံပြုချက်များနှင့် ဆုံးဖြတ်ချက်များကို အုပ်ချုပ်မှုဘုတ်အဖွဲ့ထံ တင်ပြပြီး အတည်ပြုခြင်းနှင့် အကောင်အထည် ဖော်ခြင်းများ လုပ်ဆောင်ရသည်။
တရားမျှတမှုနှင့် ပွင့်လင်းမှုအတွက် ကတိပြုခြင်း
မြန်မာ့ခရီးသွားဘဏ်၏ အခကြေးငွေကော်မတီသည် တရားမျှတမှု၊ အမျိုးမျိုးသော အခွင့်အရေးနှင့် ပွင့်လင်းမြင်သာမှုများအတွက် မူဝါဒများကို ထိန်းသိမ်းရာတွင် အပြည့်အဝ တာဝန်ရှိပါသည်။ အခကြေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဘဏ်၏ရည်မှန်းချက်၊ တန်ဖိုးထားမှုများနှင့် ကိုက်ညီအောင် ပြုလုပ်ခြင်းအားဖြင့် ကော်မတီသည် မြန်မာ့ခရီးသွားဘဏ်ကို ဘဏ်လောကတွင် ဦးဆောင်သော ဘဏ်တစ်ခုအဖြစ် အစဉ်အမြဲ ရရှိစေရန်နှင့် ဘဏ်နှင့်ပတ်သက်ဆက်စပ်နေသူ အားလုံးတို့အား ခိုင်မြဲတင့်တယ်သော အလေးထား တန်ဖိုးပေးမှုများဖြင့် ဆောင်ရွက်နေပါသည်။