page-loading

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပပြုလုပ်ခဲ့သော 4th ICC Emerging Asia Banking Conclave & Awards 2026 တွင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မြန်မာ နှင့် နီပေါ နိုင်ငံများမှ ဘဏ်လုပ်ငန်းခေါင်းဆောင်များနှင့် အရာရှိကြီးများ၊ ဘဏ္ဍာရေးကျွမ်းကျင်သူများနှင့် Banking Professionals များ စုစည်းတက်ရောက်ခဲ့ကြပြီး၊ မြန်မာ့ခရီးသွားဘဏ် (MTB) အတွက်လည်း နိုင်ငံတကာတွင် မြန်မာနိုင်ငံကိုယ်စားပြုသော ဘဏ်အဖွဲ့အစည်းတစ်ခုအနေဖြင့် ဂုဏ်ယူဖွယ် မှတ်တိုင်တစ်ခုကို အဆိုပါပွဲတွင် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

 

အခမ်းအနားအတွင်း မြန်မာ့ခရီးသွားဘဏ် (MTB) ၏ Chief Executive Officer ဒေါက်တာဝင်းလွင် သည် နိုင်ငံအသီးသီးမှ ဘဏ်လုပ်ငန်းခေါင်းဆောင်များ၊ ဘဏ္ဍာရေးကျွမ်းကျင်သူများနှင့်အတူ Panelist အဖြစ် ပါဝင်ဆွေးနွေးခဲ့ပြီး Emerging Asia Banking Sector ၏ အနာဂတ်၊ Digital Transformation နှင့် Banking Innovation ဆိုင်ရာ အမြင်များကို မျှဝေဖလှယ်ခဲ့ပါသည်။ ထို့အပြင် Customer များ၏ ယုံကြည်မှု၊ Digital Transformation အပေါ် အစဉ်တစိုက် ရင်းနှီးမြှုပ်နှံဆောင်ရွက်မှု၊ စဉ်ဆက်မပြတ် ဆန်းသစ်တီထွင်နိုင်မှုနှင့် ရေရှည်တိုးတက်မှုတို့အပေါ် အခြေခံ၍ မြန်မာ့ခရီးသွားဘဏ် (MTB) သည် အဆိုပါအခမ်းအနားတွင် အောက်ပါ နိုင်ငံတကာအသိအမှတ်ပြု ဂုဏ်ပြုဆု (၂) ဆုကို ဂုဏ်ယူစွာ လက်ခံရရှိခဲ့ပါသည်။

🏆 The Best Bank in Myanmar Award
🏆 The Best Performance on Profitability in Myanmar Award

 

အဆိုပါဆုများသည် မြန်မာ့ခရီးသွားဘဏ် (MTB)၏ ဘဏ်လုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည်များ၊ Customer များအတွက် ယုံကြည်စိတ်ချရပြီး အရည်အသွေးမြင့် ငွေကြေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ၏ ရလဒ်အဖြစ် ရရှိခဲ့သော နိုင်ငံတကာ အသိအမှတ်ပြုမှုများ ဖြစ်ပါသည်။ မြန်မာ့ခရီးသွားဘဏ် (MTB) အတွက်လည်း နိုင်ငံတကာစင်မြင့်ပေါ်တွင် မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍ၏ အရည်အသွေးနှင့် အလားအလာကို ပြသနိုင်ခဲ့သည့် ဂုဏ်ယူဖွယ် အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါသည်။

 

ယခုရရှိခဲ့သော ဂုဏ်ပြုအသိအမှတ်ပြုမှုများကို တန်ဖိုးထားလက်ခံရင်း မြန်မာ့ခရီးသွားဘဏ် (MTB) အနေဖြင့် Customer များ၊ စီးပွားရေးမိတ်ဖက်များနှင့် လူမှုအသိုင်းအဝိုင်းအတွက် ပိုမိုကောင်းမွန်သော ဘဏ်ဝန်ဆောင်မှုများ၊ ဆန်းသစ်သော Financial Solutions များနှင့် ယုံကြည်စိတ်ချရသော Financial Partner အဖြစ် အမြဲတမ်း ရပ်တည်သွားမည် ဖြစ်ပါသည်။

 

Create Your World With MTB
သင့်အနာဂတ်ဖန်တီးဖို့ MTB နဲ့လက်တွဲစို့