About အိမ်ရာဆောက်လုပ်ရေးအရစ်ကျချေးငွေ
အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းကိုလုပ်ကိုင်မည့် အငယ်စားနှင့်အလတ်စား ဆောက်လုပ်ရေးလုပ်ငန်းရှင်များ နှင့် မြေပိုင်ရှိသော်လည်း ဆောက်လုပ်စရိတ်မတတ်နိုင်သူများအတွက် ဤချေးငွေကို လျှောက်ထားနိုင်ပါသည်။
ချေးငွေပမာဏ | ချေးငွေသက်တမ်း | တစ်နှစ်အတိုးနှုန်း | ဘဏ်ဝန်ဆောင်ခ |
မြေကွက်တန်ဖိုး၏ ၅၀% အထိ | ၁၀ နှစ်အထိ | ၁၂% မှ ၁၅% | ၃ နှစ် နှင့် အထက် ၁%
၅ နှစ် နှင့် အထက် ၂% ၁၀ နှစ် နှင့် အထက် ၃% |
ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ
- လျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ နှင့်ဓာတ်ပုံ(၂“ ×၂“ ) ၂ပုံ။
- လျှောက်ထားသူ၏ အိမ်ထောင်စုစာရင်း။
- ရပ်ကွက်တွင်းနေထိုင်ကြောင်းထောက်ခံစာ(မူရင်း)။
- ချေးငွေလျှောက်ထားလွှာနှင့် ကုမ္ပဏီဒါရိုက်တာအဖွဲ့ အစည်း အဝေးဆုံးဖြတ်ချက်မှတ်တမ်း။
- ကုမ္ပဏီ၏သက်တမ်းရှိ မှတ်ပုံတင်လက်မှတ် (DICA) နှင့် ပူးတွဲစာရွက်စာတမ်းများ။
- သက်တမ်းရှိ လုပ်ငန်းလိုင်စင်မိတ္တူ။
- Business Plan for Loan Purpose
- ဘဏ္ဍာရေးရှင်းတမ်း (၃) နှစ်စာ။
- ဝင်ငွေခွန် ကုန်သွယ်ခွန်ပြေစာ မိတ္တူများ (၃)နှစ်စာ။
- အာမခံပေးအပ်သောချေးငွေအတွက် အာမခံပစ္စည်း၏ပိုင်ဆိုင်မှုစာချုပ်စာတမ်းမူရင်းများ။
မှတ်ချက်:
ချေးငွေလျှောက်ထားသောရည်ရွယ်ချက်နှင့် လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ အခြားစာရွက်စာတမ်းများ ထပ်မံလိုအပ်နိုင်ပါသည်။