Liquidity Management
ပိုမိုကောင်းမွန်သော ပြန်လည်ဝင်ရောက်ငွေများရရှိရန်အတွက် အဆင်ပြေမည့်ရန်ပုံငွေအား ရနိုင်ရန်ရှာဖွေစဉ်တွင် ရေတိုလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ဘဏ်တွင် ငွေအလုံအလောက်ရှိစေရန် သေချာစေခြင်း။
Investment Management
အစိုးရငွေချေးစာချုပ်များ၊ ဘဏ္ဍာရေးစာချုပ်စာတမ်းများကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများတွင် ပိုလျှံသောရန်ပုံငွေများကို ခွဲဝေထားရှိခြင်း။
Profitability
အတိုးဝင်ငွေကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခြင်း၊ Costs of Funds များကို စီမံခန့်ခွဲခြင်းနှင့် ပိုလျှံသော Funds များကို ဗျူဟာကျကျ ရင်းနှီးမြုပ်နှံခြင်းဖြင့် ဘဏ်အတွက် အမြတ်အစွန်းရရှိမှုတိုးမြင့်လာစေရန် ပံ့ပိုးပေးခြင်း။
Cash Flow Forecasting
ဖြစ်နိုင်ချေရှိသော ငွေကြေးပြတ်လပ်မှုများ သို့မဟုတ် ပိုလျှံမှုများကို တားဆီးကာ လုပ်ငန်းလည်ပတ်မှုများ လွယ်ကူအဆင်ပြေစေရန်နှင့် လုံလောက်သော ငွေဖြစ်လွယ်မှုသေချာစေရန် အနာဂတ်တွင် ငွေသားဝင်ရောက်မှုနှင့် ထွက်ငွေများကို မျှော်မှန်းခြင်း။
Funding and Capital Management
လုံလောက်သော Capital များကို ထိန်းသိမ်းထားပြီး စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကို လိုက်နာကာ ဖြစ်နိုင်သမျှ ကုန်ကျစရိတ်အနည်းဆုံးဖြင့် Funds ကို မြင့်တက်စေခြင်း။
Benefit
Profit Optimization
Bonds, Securities နှင့် Money Markets များတွင် ဗျူဟာမြောက် ရင်းနှီးမြုပ်နှံမှုများမှတစ်ဆင့် အပိုဝင်ငွေများကို ရယူပေးနေစဉ် အတိုးဝင်ငွေနှင့် အသုံးစရိတ်များကို ပိုမိုကောင်းမွန်စေရန် assets & liabilities ကို ထိရောက်စွာ စီမံခန့်ခွဲခြင်းဖြင့် အမြတ်အစွန်းကို အမြင့်ဆုံးရရှိစေခြင်း။
Effective Fund Allocation
Funds များကို သင့်တော်စွာ စီမံခန့်ခွဲပေးခြင်းဖြင့် ဘဏ်အနေဖြင့် အရင်းအမြစ်များကို ထိရောက်စွာ ခွဲဝေအသုံးပြုနိုင်ခြင်း။
Income Generation
အစိုးရငွေချေးစာချုပ်များတွင် ရင်းနှီးမြှုပ်နှံမှုခြင်းဖြင့် လုံခြုံပြီး တည်ငြိမ်သော ၀င်ငွေအရင်းအမြစ်ကို ဖန်တီးပေးခြင်း။
Stability
ငွေဖြစ်လွယ်မှုကို ထိန်းသိမ်းခြင်းနှင့် ငွေသားစီးဆင်းမှုကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်းဖြင့် ဘဏ်၏လုပ်ငန်းလည်ပတ်မှုတည်ငြိမ်မှုကို သေချာစေခြင်း။
Cash Flow Forecasting
ငွေကြေးပြတ်လပ်မှုများ သို့မဟုတ် ပိုလျှံမှုများကို အပြည့်အဝ ကာကွယ်ပေးနိုင်သည့် တိကျသော ခန့်မှန်းချက်များ ထောက်ပံ့ပေးခြင်းဖြင့် လုပ်ငန်းအပေါ်ထိရောက်မှုရှိစေသည့်အပြင် ရင်းနှီးမြှုပ်နှံမှုနှင့် Funds ခွဲဝေအသုံးပြုမှုများ အတွက် သေချာသော ဆုံးဖြတ်ချက်များကို ထောက်ပံ့ပေးခြင်း။
Interbank Money Market
Repurchase Agreement (Repo)
ပြန်လည်ဝယ်ယူခြင်း သဘောတူညီချက် (repo) သည် ကာလတို အာမခံထားသော ချေးငွေ အမျိုးအစားဖြစ်သည်။ ငွေချေးယူသူများသည် အဆိုပါ Repo ကို အပေါင်ပစ္စည်းအဖြစ် ထားရှိကာ ဆောင်ရွက်လုပ်ကိုင်ကြပါသည်။
Interbank Deposit Placing
ဘဏ်အချင်းချင်း အပ်ငွေနေရာချထားခြင်းဆိုသည်မှာ မိမိတို့ဘဏ်၏ငွေများ ပို၍သော်လည်းကောင်း၊ လို၍သော်လည်းကောင်း အခြားမိတ်ဖက်ဘဏ်များနှင့် သဘောတူထားသော ကာလ၊ အတိုးနှုန်းများဖြင့် သတ်မှတ်ထားသော ရက်စွဲပြည့်မြောက်သည်အထိ အပြန်အလှန် ထားရှိကြခြင်းကို ဆိုလိုပါသည်။
Interbank Money Market (Lending and Borrowing)
ဘဏ်များအချင်းချင်း သတ်မှတ်ထားသော ကာလအတွင်း ငွေချေးယူ၊ ချေးငှားပေးခြင်းကို ပြုလုပ်သည့်စျေးကွက်တစ်ခုဖြစ်သည်။ Interbank Loans အများစုသည် ကာလတိုအတွက်ဖြစ်ပြီး ၎င်းချေးငွေများကို Interbank Rate ဖြင့်သာ ပြုလုပ်သည်။
ဘဏ်များသည် ဘဏ်ဖောက်သည်များကြောင့် ဖြစ်ပေါ်လာနိုင်သော ပြသာနာများကို ကာကွယ်ရန် ငွေသားကဲ့သို့သော ရေရှည်ဖြစ်သည့် အရင်းအနှီးများကို လုံလောက်အောင် ထိန်းသိမ်းထားရန် လိုအပ်သည်။ ဘဏ်တစ်ခုသည် ၎င်းတို့၏ Liquidity လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မှုမရှိလျှင် Interbank ချေးငွေဈေးကွက်တွင် ငွေချေးယူရန် လိုအပ်နိုင်ပါသည်။ အခြားဘဏ်အချို့တွင် Liquidity Requirements ထက် Liquid Assets ပိုများစွာ ရှိနိုင်ပြီး ၎င်းတို့သည် Interbank Market တွင် ငွေချေးပေးပြီး ထိုရင်းနှီးမှုများပေါ်တွင် အတိုးနှုန်း ရရှိနိုင်ပါသည်။
Capital Market
Treasury Bill
T-bills ဆိုသည်မှာ ဘဏ်၏ ပိုလျှံငွေများဆုံးရှုံးမှုကို လျော့နည်းစေရန်နှင့် ငွေကြေးတည်ငြိမ်မှု ရှိစေရန်အတွက်အစိုးရတွင် ကာလတိုရင်းနှီးမြုပ်နှံခြင်းကို ခေါ်ဆိုပါသည်။
Treasury Bond
T-Bonds ဆိုသည်မှာ မိမိတို့ဘဏ်၏ ငွေကြေးပိုင်ဆိုင်မှုခိုင်မာစေရန်နှင့် ၀င်ငွေပိုလျှံနေသောချိန်တွင် ဝင်ငွေတိုးရန် အတွက် ရည်ရွယ်၍ အစိုးရတွင် ငွေတိုက်စာချုပ်အား ဝယ်ယူ၍ ရင်းနှီးမြှုပ်နှံခြင်းကို ခေါ်ဆိုပါသည်။
Securities Bond
Securities Bond ဆိုသည်မှာ ပုံသေ သို့မဟုတ် ပြောင်းလဲနိုင်သော အတိုးနှုန်းဖြင့် သတ်မှတ်ထားသော အချိန်ကာလ တစ်ခုအတွက် ငွေချေးပေးသည့် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါသည်။ အဆိုပါ Securities Bond အား ကျယ်ပြန့်သော ပရောဂျက်များနှင့် လုပ်ငန်း ဆောင်တာများကို ငွေကြေးထောက်ပံ့ရန်နှင့် ရန်ပုံငွေရှာဖွေရန်အတွက် ဝယ်ယူနိုင်ပါသည်။
Foreign Exchange Services
FX Spot
နိုင်ငံခြားငွေကို ချက်ချင်း ရောင်းခြင်း၊ ဝယ်ခြင်းလုပ်ငန်းဖြစ်ပြီး၊ ပုံမှန်အားဖြင့် လုပ်ငန်းဆောင်ရွက်ချိန် ၂ ရက် အတွင်း စာရင်းရှင်းလင်းပြီးစီးခြင်းဖြစ်သည်။ ချက်ချင်းလိုအပ်သော နိုင်ငံခြားငွေ အပြောင်းအလဲ လိုအပ်ချက်များနှင့် ဖောက်သည်များ ၏ နိုင်ငံခြားငွေ လဲလှယ်မှုတောင်းဆိုမှုများကို ဖြည့်ဆည်းပေးရန် FX Spot ကို အသုံးပြုကြသည်။
FX Forward
အနာဂတ်ရက်တစ်ရက်တွင် သတ်မှတ်ထားသော ငွေလဲနှုန်းဖြင့် သတ်မှတ်နိုင်ငံခြား ငွေပမာဏကို ဝယ်ယူရောင်းချရန် သဘောတူညီချက်တစ်ခုဖြစ်သည်။
နောင်တွင်ဖြစ်လာမည့် နိုင်ငံခြားငွေဆုံးရှုံးနစ်နာမှုများကို ကာကွယ်နိုင်ရန် နိုင်ငံခြားငွေ နှင့် ပတ်သက်သော ခန့်မှန်းငွေပေးချေမှုများ သို့မဟုတ် လက်ခံရရှိမှုများအတွက် အသုံးပြုပါသည်။ ၎င်းသည် ပုံသေငွေလဲနှုန်းကို ကြိုတင်သတ်မှတ်ခြင်းဖြင့် Cash Flow ကို တည်ငြိမ်စေပါသည်။
Currency SWAP
ဘဏ်နှစ်ဖက်အကြား နိုင်ငံခြားငွေ နှစ်မျိုးဖြင့် ငွေပေးငွေယူမှုများ လဲလှယ်ရန် သဘောတူညီချက်တစ်ခုဖြစ်သည်။
မတူသော Currencies များအကြား အတိုးနှုန်းကွာဟမှုများ၊ Fund လိုအပ်ချက်များနှင့် နှစ်ရှည် Currency Risk အား ထိန်းချုပ်နိုင်ရန် အသုံးပြုကြသည်။ ထို့အပြင် Interbank Market တွင် နိုင်ငံခြားသုံးငွေများ၏ Liquidity စီမံခန့်ခွဲရာတွင်လည်း အသုံးပြုပါသည်။
Currency Exchange
မြန်မာ့ခရီးသွားလုပ်ငန်းဘဏ် (MTB Bank) တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ငွေလဲလှယ်နှုန်းသင့်တင့်မြင့်မားစွာဖြင့် ငွေကြေးလဲလှယ်ရေး ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပါသည်။ ခရီးသွားခြင်း၊ ကျောင်းလခပေးဆောင်ခြင်း သို့မဟုတ် နိုင်ငံတကာငွေပေးချေမှုပြုလုပ်ခြင်းတွင်ဖြစ်စေ နိုင်ငံခြားငွေလိုအပ်ချက်များကို ဖြည့်ဆည်းပေးနေပါသည်။
MTB Money Changer Counter Location
Sr. | Counter Branch Name | Location |
1. | Shwe Gone Daing Branch | No (520), Kabaraye Pagoda Road, Ko Mai Ko Chin Qtr, Bahan Township, Yangon. |
2. | Shwe Bon Thar Branch | No (89/85), Shwe Bon Thar Road, Lower Block, Pabetan Township, Yangon. |
3. | Pyay Road Branch | No (437/A), Pyay Road, 8 Quarter, Kamaryut Township, Yangon. |
4. | Mandalay 27st Branch | No(168), 27st (81*82) Street, Chanayetharsan Township, Mandalay |
Available Currency – USD, EURO, SGD, THB, MYR