နိဒါန်း
မြန်မာ့ခရီးသွားဘဏ်၏ ပိုင်ဆိုင်မှုနှင့် ပေးရန်တာဝန်များစီမံခန့်ခွဲရေးကော်မတီသည် ဘဏ်၏ ပိုင်ဆိုင်မှုများ၊ ပေးရန်တာဝန်များနှင့် စုစုပေါင်း စာရင်းလက်ကျန် ကိစ္စရပ်များ၏ စီမံခန့်ခွဲမှုကို ကြီးကြပ်ရန် တာဝန်ပေးထားသော အရေးကြီးသည့် အုပ်ချုပ်မှုအဖွဲ့တစ်ခုဖြစ်သည်။ ပိုင်ဆိုင်မှုနှင့် ပေးရန်တာဝန်များစီမံခန့်ခွဲရေးကော်မတီသည် ဘဏ်ကို သင့်တော်သော အန္တရာယ်များ ကွပ်ကဲမှုဘောင်အောက်တွင် လည်ပတ်စေပြီး၊ ခိုင်မာ တည်တံ့ပြီးသော အမြတ်ထုတ်နိုင်မှုကို ရယူရန်နှင့် ငွေကြေးအနေအထား ခိုင်မာတည်တံ့မှုကို ထိန်းသိမ်းရန် စောင့်ကြည့်ပါသည်။
ရည်ရွယ်ချက်များ
ပိုင်ဆိုင်မှုနှင့် ပေးရန်တာဝန်များ စီမံခန့်ခွဲရေးကော်မတီ၏ အဓိကရည်ရွယ်ချက်များမှာ –
၁။ ငွေကြေးထိရောက်မှု အပြည့်အဝ ရရှိရန် စာရင်းလက်ကျန် ဖွဲ့စည်းပုံကို အဓိကထား စီမံခန့်ခွဲသည်။
၂။ ဘဏ်၏ ပေးရန်ရှိတာဝန်များကို အချိန်မရွေး ပေးဆောင်မှု ပြုလုပ်နိုင်ရန်အတွက် ငွေကြေးရရှိမှု အခြေအနေကို စီမံခန့်ခွဲသည်။
၃။ အတိုးနှုန်း၊ ငွေလဲနှုန်းနှင့် စျေးကွက်လှုပ်ရှားမှုများနှင့် သက်ဆိုင်သော အန္တရာယ်များကို လျော့ချပေးသည်။
၄။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထားသော ပိုင်ဆိုင်မှုအားလုံးနှင့် ပေးရန်ရှိ တာဝန်စီမံခန့်ခွဲမှုစံနှုန်းများ အရ ညီညွတ်လိုက်နာမှု ရှိစေရန် အတည်ပြုသည်။
အဓိကတာဝန်များ
ပိုင်ဆိုင်မှုနှင့် ပေးရန်တာဝန်များ စီမံခန့်ခွဲရေးကော်မတီသည် အောက်ပါ အဓိကလုပ်ဆောင်ချက်များကို လုပ်ဆောင်ပါသည်။
ငွေဖြစ်လွယ်မှု စီမံခန့်ခွဲခြင်း
လုပ်ငန်းလည်ပတ်မှုနှင့် စည်းမျဉ်းစည်းကမ်းလိုအပ်ချက်များကို ပြည့်မှီရန် လုံလောက်သော ငွေဖြစ်လွယ်မှုများကို စောင့်ကြည့် ထိန်းသိမ်းရန်ဖြစ်သည်။
ငွေဖြစ်လွယ်မှု အခက်အခဲများအတွက် အရေးပေါ် အစီအစဉ်များ ရေးဆွဲထားရန် ဖြစ်သည်။
အတိုးနှုန်းအန္တရာယ်စီမံခန့်ခွဲမှု
အတိုးနှုန်းများ ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်နိုင်သော အန္တရာယ်များကို ရှာဖွေ၍ စီမံခန့်ခွဲရန်ဖြစ်သည်။
ဘဏ်၏ အသာတင် အတိုးအမြတ်အား ကာကွယ်ရန် မဟာဗျူဟာများကို တိုးတက်အောင် ပြုလုပ်ဆောင်ရွက်ရန် ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် မြှုပ်နှံငွေ သတ်မှတ်မှု
ဘဏ်၏ ရင်းနှီးမြှုပ်နှံမှု အမျိုးအစားများကို စိစစ်ပြီး ကွဲပြားခြားနားသော ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် ဖြစ်ပါသည်။
ဘဏ်၏ တိုးတက်မှုကို ပံ့ပိုးရန် စည်းမျဉ်စည်းကမ်းများအရ ရင်းနှီးမြှုပ်နှံငွေ သတ်မှတ်ကို ထိရောက်စွာ အကောင်အထည် ဖော်ရန် ဖြစ်သည်။
စျေးကွက်အန္တရာယ်စီမံခန့်ခွဲမှု
ငွေလဲနှုန်း၊ စျေးကွက်နှင့် ရင်းနှီးမြှုပ်နှံမှုအန္တရာယ်များကို စောင့်ကြည့်ရန်ဖြစ်သည်။
စျေးကွက်နှင့် ပတ်သက်သော အန္တရာယ်များကို ထိရောက်စွာ လျော့ချပေးရန်အတွက် အစီအစဉ်များအား အကြံပြုရန် ဖြစ်သည်။
မူဝါဒဖွံ့ဖြိုးခြင်းနှင့် စောင့်ကြည့်ခြင်း
ပိုင်ဆိုင်မှုနှင့် ပေးရန်တာဝန်များစီမံခန့်ခွဲမှု မူဝါဒများကို တိုးတက်အောင် ပြုလုပ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်သည်။
စျေးကွက်အခြေအနေများနှင့် စည်းမျဉ်းစည်းကမ်းလိုအပ်ချက်များ ပြောင်းလဲမှုအရ မူဝါဒများကို ပုံမှန်စစ်ဆေးပြီး ပြင်ဆင်ရန် ဖြစ်သည်။
ကော်မတီဖွဲ့စည်းပုံ
ပိုင်ဆိုင်မှုနှင့် ပေးရန်တာဝန်များ စီမံခန့်ခွဲရေးကော်မတီကို အုပ်ချုပ်မှုဒါရိုက်တာ သို့မဟုတ် ခန့်အပ်ထားသော အကြီးတန်းအမှုဆောင် တစ်ဦးက ဦးဆောင်ပြီး ယင်းကော်မတီအတွက် အဓိကအရေးပါသော ဌာနများဖြစ်သည့် Treasury, Finance, Risk Management and Credit အဖွဲ့ဝင်များ ပါဝင်သည်။ ယင်းသို့ ဌာနမျိုးမျိုး၊ ရာထူးမျိုးသော အဖွဲ့ဝင်များ ပါဝင်မှုကြောင့် ဆုံးဖြတ်ချက်များကို အသိပညာပြည့်စုံစွာဖြင့် တန်းတူညီမျှသော နည်းလမ်းဖြင့် ပြုလုပ်နိုင်ပါသည်။
အစည်းအဝေးများနှင့် အစီရင်ခံခြင်း
ပိုင်ဆိုင်မှုနှင့် ပေးရန်တာဝန်များ စီမံခန့်ခွဲရေးကော်မတီသည် လစဉ် အစည်းအဝေးများ ပြုလုပ်ပြီး အရေးကြီးသော ငွေကြေး အခြေအနေများအရ လိုအပ်သလို အစည်းအဝေးပြုလုပ်သည်။
ကော်မတီ၏ တွေ့ရှိချက်များနှင့် အကြံပြုချက်များကို အုပ်ချုပ်မှုဘုတ်အဖွဲ့ထံ တင်ပြ၍ ရင်ဆိုင်ရမည့် မဟာဗျူဟာ ဆိုင်ရာ ဆုံးဖြတ်ချက်များကို လမ်းညွှန်ပေးသည်။
ငွေကြေးအနေအထားတည်တံ့မှုအတွက် ကတိပြုခြင်း
မြန်မာ့ခရီးသွားဘဏ်၏ ပိုင်ဆိုင်မှုနှင့် ပေးရန်တာဝန်များ စီမံခန့်ခွဲရေးကော်မတီသည် ငွေကြေး အနေအထားတည်တံ့မှုကို ထိန်းသိမ်းပြီး၊ ဘဏ်၏ အမြတ်ထုတ်နိုင်မှုကို ကာကွယ်ရန်နှင့် ဘဏ်နှင့် ပတ်သက်ဆက်စပ်နေသူ အားလုံးတို့၏ အကျိုးစီးပွားကို ကာကွယ်ရန် ကတိပြုပါသည်။ ဘဏ်၏ ပိုင်ဆိုင်မှုများနှင့် ပေးရန်တာဝန်များကို အကောင်းဆုံး စီမံခန့်ခွဲခြင်းဖြင့် ပိုင်ဆိုင်မှုနှင့် ပေးရန်တာဝန်များ စီမံခန့်ခွဲရေးကော်မတီသည် မြန်မာ့ခရီးသွားဘဏ်၏ ရည်မှန်းချက်ဖြစ်သော Customer များနှင့် ရင်းနှီးမြှုပ်နှံသူများအား ခိုင်မာ တည်တံ့သော တန်ဖိုးပေးဆောင်မှုများကို ပေးဆောင်ရန် ပံ့ပိုးပေးပါသည်။